မိန်းကလေးတိုင်းက အဆီမရှိပဲဗိုက်ချပ်တာမျိုးလေး လိုချင်ကြတာပါပဲ။ ဒီလို ဗိုက်ချပ်ဖို့ဆိုတာလည်း လေ့ကျင့်ခန်းလုပ်မှပဲ ရမှာပါ။ ပိန်ဆေးတွေ၊ အဆီကျဆေးတွေသောက်ရင်လည်း အချိုးအဆစ်ကျကျနဲ့ လှသွားတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ဗိုက်ချပ်ပြီး sixpack ပါ ထွက်ချင်တဲ့သူတွေအတွက် တကယ်ထိရောက်တဲ့ ၁၀ မိနစ်စာ လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ နေ့တိုင်း (သို့) တစ်ရက်ခြားစီ ပုံမှန်လုပ်ပေးရင်တော့ တစ်လကျော်တာနဲ့ သိသိသာသာပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်။

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကိုကြမ်းမှာကပ်ပြီး ခြေထောက်ကိုပင့်ထားပြီး ခြေထောက်နှစ်ဖက်ကို ဘေးဘက်ကိုကားလိုက်၊ ပြန်စုလိုက်နဲ့ အကြိမ် ၃၀ လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကိုမြှောက်ပြီး လက်နှစ်ဖက်ကိုစုပြီး ဘယ်ပို့လိုက်၊ ညာပို့လိုက်နဲ့ လုပ်ပေးရမှာပါ။ လုပ်ရမယ့်အကြိမ်ရေက ၃၀ ပါပဲ။

ပုံမှာပြထားတဲ့အတိုင်း ယောဂဖျာပေါ်မှာလှဲပြီး လက်နှစ်ဖက်ကို ခေါင်းနောက်ထားပါ။ ခြေထောက်နှစ်ဖက်ကိုမြှောက်ပြီး ဘယ်ခြေထောက်ကိုကွေးလိုက်၊ ညာခြေထောက်ကိုကွေးလိုက်နဲ့ တစ်လှည့်စီ အကြိမ် ၃၀ လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း ယောဂဖျာပေါ်မှာလှဲပြီး ခြေထောက်နှစ်ဖက်ကိုစုပြီး နည်းနည်းမြှောက်ထားပါ။ ပြီးရင် အပေါ်ကိုမြှောက်ပါ။ အဲ့အတိုင်းပဲ အကြိမ် ၃၀ လုပ်ပေးပါ။

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်နှစ်ဖက်ကို တစ်လှည့်စီ မြှောက်ပေးရမှာပါ။ အကြိမ် ၃၀ ဆက်တိုက်လုပ်ပေးပါ။

ပထမပုံမှာပြထားတဲ့အနေအထားအတိုင်း စပြီးနေပါ။ ပြီးရင် ဒုတိယပုံထဲကလို တင်နဲ့ခြေထောက်ကို အပေါ်နည်းနည်းမြောက်လိုက်ပါ။ အဲ့အတိုင်း တစ်လှည့်စီ အကြိမ် ၃၀ ပြည့်အောင် လုပ်ပေးရပါမယ်။

ဒါကတော့ Plank ထောက်ရမှာပါ။ ဒီတိုင်းမထောက်ပဲ ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကို ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက်နဲ့ လုပ်ပေးပါ။ ဒါလည်း အကြိမ်ရေ ၃၀ ပါပဲ။

နောက်ဆုံးလေ့ကျင့်ခန်းကတော့ ဒူးနှစ်ဖက်ကိုထောင်ပြီး လက်နှစ်ဖက်ကို ခေါင်းနောက်မှာထားပါ။ ပြီးရင် ဘယ်ခြေထောက်ကိုမြှောက်ပြီး ခေါင်းကိုနည်းနည်းစောင်း၊ ညာခြေထောက်ကိုမြှောက်ပြီး ခေါင်းကိုနည်းနည်းစောင်းပါ။ အဲ့အတိုင်း တစ်လှည့်စီ အကြိမ် ၃၀ ပြည့်အောင် လုပ်ရပါမယ်။

Source:www.pamelareif