တင်ထွက်ချင်တဲ့သူတွေနဲ့ တင်ပါးလုံးဝန်းပြီးလှချင်တဲ့ မိန်းကလေးတိုင်းအတွက် ၁၀ မိနစ်စာ လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ တစ်လလောက်နဲ့တော့ သိသာလာမှာမဟုတ်ပါဘူး။ အချိန်ယူပြီး သေချာဇွဲရှိရှိနဲ့ ပုံမှန်လုပ်ပေးမှသာ တင်ထွက်လာမှာပါ။ သိသိသာသာပြောင်းလဲလာမှာပါ။

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်တစ်ဖက်ကို နောက်ဆန့်ထုတ်ပြီး ရှေ့ခြေထောက်ကို ဒူးကွေးပါ။ ပြီးရင် မတ်တပ်ပြန်ရပ်ပါ။ အဲ့အတိုင်း ဘယ်အကြိမ် ၃၀၊ ညာအကြိမ် ၃၀ တစ်လှည့်စီလုပ်ပေးရပါမယ်။

ပထမပုံမှာပြထားတဲ့အတိုင်း ဘယ်ခြေထောက်ကို နောက်ကိုဆန့်ထုတ်ပါ။ ပြီးရင် မတ်တပ်ရပ်ပြီး အဲ့ခြေထောက်ကို မြှောက်ပါ။ အဲ့အတိုင်းပဲ ဘယ်ခြေထောက်ကို အကြိမ် ၃၀၊ ညာခြေထောက်ကို အကြိမ် ၃၀ တစ်လှည့်စီလုပ်ပေးပါ။

ခြေထောက်နှစ်ဖက်ကိုကားပြီး ပထမပုံမှာပြထားတဲ့အတိုင်း နည်းနည်းထိုင်ပါ။ ပြီးရင် ဒုတိယပုံထဲကလို ခုန်ပေးပါ။ အဲ့အတိုင်း အကြိမ် ၃၀ လုပ်ပေးရပါမယ်။

ယောဂဖျာပေါ်မှာ ဒူးထောင်ပြီးလှဲနေပါ။ လက်နှစ်ဖက်ကို ဖျာပေါ်ကပ်ထားပါ။ ပြီးတာနဲ့ ပထမပုံမှာပြထားတဲ့အတိုင်း အပေါ်ကိုကော့ပေးပါ။ ပြီးရင် ဒုတိယပုံထဲကလို တင်ပါးကိုအောက်ပြန်ချပါ။ ခြေဖဝါးနှစ်ဖက်ကို ဖျာနဲ့ပဲထိထားပေးပါ။

ယောဂဖျာပေါ်မှာလှဲပြီး ဒူးတစ်ဖက်ကိုထောင်၊ နောက်ခြေထောက်တစ်ဖက်က ဆန့်ထုတ်ထားပါ။ ပြီးရင် တင်ပါးနဲ့ဝမ်းဗိုက်ကို အပေါ်ကော့လိုက်၊ အောက်ပြန်ချလိုက်နဲ့ လုပ်ပေးရမှာပါ။ အဲ့အတိုင်းပဲ ပုံမှာပြထားတဲ့အတိုင်း ဘယ်ခြေထောက်၊ ညာခြေထောက် တစ်လှည့်စီ အကြိမ် ၃၀ စီ လုပ်ပေးပါ။

ယောဂဖျာပေါ်မှာ ဒူးထောက်ပြီး လက်ဖဝါးနှစ်ဖက်ကိုလည်း ထောက်ထားပါ။ ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း ဘယ်ခြေထောက်ကို အပေါ်မြှောက်လိုက်၊ အောက်ပြန်ချလိုက်၊ ညာခြေထောက်ကို အပေါ်မြှောက်လိုက်၊ အောက်ပြန်ချလိုက်နဲ့ တစ်ဖက်ကို အကြိမ် ၃၀ စီ လုပ်ပေးရပါမယ်။

source:www.pamelareif