သင်က ကိုယ်အလေးချိန်ကျချင်တယ်ဆိုရင် ဒီအတွက် အချိန်တော့ပေးရပါမယ်။ ဒီတစ်ခေါက်မှာတော့ ၁၀ မိနစ် ပုံမှန်လုပ်ပေးရုံနဲ့ တစ်လအတွင်း သိသာစေမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပါရစေ။ မနက်စောစော ထပြီး လေ့ကျင့်ခန်းလုပ်ပေးတာက သင့်ကို တစ်နေ့တာလုံးအတွက် လန်းဆန်းစေတဲ့အပြင် ပိုကျန်းမာစေပါလိမ့်မယ်။ ဒီတော့ ဘယ်လိုလေ့ကျင့်ခန်းတွေလဲ သိချင်တယ်ဆိုရင်တော့ ဆက်ကြည့်ပေးပါနော်-

ဒီလေ့ကျင့်ခန်းတွေအတွက် အချိန်ရတယ်ဆိုရင် ညနေခင်းဘက်မှာပါ ထပ်လုပ်ပေးလို့ရပါတယ်။

လေ့ကျင့်ခန်း (၁) – Butt Kicks


ခြေထောက်ကို တင်ပါးဆီ ကန် တော့မယ့် ပုံစံမျိုး ခုန်ပေးပါ။ ဒါကို ၃၆ ကြိမ် ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၂) – High Knees

ဒူးကို ရင်ဘတ်နားနီးအောင် မြှောက်ပေးပါ။ ကိုယ့်လက်နဲ့ အပေါ်တက်လာတဲ့ ဒူးကို ထိအောင် ပုတ်ပေးပါ။ ဒီလေ့ကျင့်ခန်းကိုလည်း ၃၆ ကြိမ်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၃) – Jumping Jacks

ခုန်ရမယ့် လေ့ကျင့်ခန်းပါ။ ခြေထောက်ကားပြီး ခုန်တဲ့အချိန် လက်နှစ်ဖက်ကိုပါ အပေါ်မြှောက်ပေးပါ။ ဒါကို ၃၅ ကြိမ်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၄)- Sumo Squats


ခြေထောက်အကွာအဝေးကို ပုံထဲကအတိုင်း ထားပြီး ထိုင်ချပေးပါ။ အလေးတုံးမရှိဘူးဆိုရင် လက်နှစ်ဘက်ကို ဆန့်ထားလို့ရပါတယ်။ ဒါကို ၁၆ ကြိမ်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၅) – Crunches


လက်နှစ်ဖက်ကို ပုံထဲကအတိုင်း စုထားပါ။ ပြီးနောက် ခြေတစ်ဘက်ကို ဘေးကို ကွေးတင်ပေးပါ။ ဒါကို ၁၆ ကြိမ်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း (၆)- Lunges


မတ်တပ်ရပ်တဲ့ပုံစံမျိုး တစ်ကိုယ်လုံး တစ်ဖြောင့်တည်းရပ်ပါ။ ပြီးနောက် ဒူးတစ်ဘက်ကို ၉၀ ဒီဂရီကွေးချပါ။ ပြီးနောက် နဂိုပုံစံဆီသွားပေးပါ။ ဘယ်ညာ တစ်လှည့်စီလုပ်ပေးပါ။ ဆယ်ကြိမ်ပြုလုပ်ပေးရပါမယ်။

Source: www.2sharemyjoy.com

By MyStyle Myanmar