လက်မောင်းကြီးလို့စိတ်ညစ်နေတဲ့သူတွေအတွက် တစ်ရက်ကို ၁၀ မိနစ်လောက် အချိန်ပေးရုံနဲ့ ၂ ပတ်အတွင်း လက်မောင်းအဆီကျစေမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ တချို့ဆိုရင် လူကမဝပေမယ့် လက်မောင်းကြီးနေတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဒီလေ့ကျင့်ခန်းတွေက အိမ်မှာပဲ တစ်ရက်ကို ၁၀ မိနစ်လောက် အချိန်ပေးလုပ်ရတာမို့ သေချာပေါက်ကို လုပ်ကြည့်သင့်ပါတယ်။

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး စက်ဝိုင်းပုံစံ အပေါ်အောက် လှည့်ပေးရပါမယ်။ အကြိမ် ၃၀ လုပ်ပေးရပါမယ်။

လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး ခုနကလိုမျိုးကိုပဲ အောက်ကနေအပေါ် စက်ဝိုင်းပုံစံ လှည့်ပေးရမှာပါ။ ဒါလည်း အကြိမ် ၃၀ လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း လက်ကိုနောက်ကိုကွေးထားပြီး ယက်သလိုမျိုး ရှေ့တိုးနောက်ဆုတ်လုပ်ပေးပါ။ အကြိမ် ၃၀ လုပ်ပေးရပါမယ်။

ခုနကလိုမျိုးလက်အနေအထားနဲ့ပဲ ဒါကတော့ လက်ဖဝါးနှစ်ဖက်ကို ရိုက်သလိုမျိုး လုပ်ပေးရပါမယ်။ အကြိမ်ရေ ၃၀ လုပ်ပေးရပါမယ်။

ငှက်ပျံသလိုပုံစံမျိုးလေး လက်နှစ်ဖက်ကို အပေါ်မြှောက်လိုက်၊ အောက်ပြန်ချလိုက် ဆက်တိုက်လုပ်ပေးရမှာပါ။ အပေါ်ထိရောက်အောင် တန်းတန်းဖြစ်အောင် မြှောက်စရာတော့ မလိုပါဘူး။ ဒါလည်း အကြိမ်ရေ ၃၀ လုပ်ပေးရမှာပါ။

ပုံမှာပြထားတဲ့အတိုင်း လက်သီးနှစ်ခုကိုဆုပ်ပြီး လက်ကို ခေါင်းနောက်ချလိုက်၊ ပြန်တန်းလိုက်နဲ့ လုပ်ပေးရပါမယ်။ အကြိမ်ရေ ၃၀ ပြည့်အောင် လုပ်ရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း လက်ဖဝါးဖြန့်ပြီး လက်နှစ်ဖက်ကို အပေါ်မြှောက်လိုက်၊ တစ်ဝက်ရောက်အောင် ပြန်ချလိုက်နဲ့ အကြိမ်ရေ ၃၀ ပြည့်အောင် လုပ်ပေးပါ။

လက်နှစ်ဖက်ကိုဆန့်ပြီး ပုံမှာပြထားတဲ့အတိုင်း လက်ဖဝါးနှစ်ဖက်ကို ပတ်လက်လန်လိုက်၊ မှောက်လိုက်နဲ့ အကြိမ် ၃၀ ပြည့်အောင် လုပ်ပေးရပါမယ်။

ဒါဆိုရင်တော့ တစ်နေ့ကို ၁၀ မိနစ်လောက်အချိန်ပေးပြီး လုပ်ရတဲ့လေ့ကျင့်ခန်းက ၈ ခုပဲရှိပါတယ်။ အရမ်းလည်းလွယ်သလို အပန်းလည်းမကြီးတာကြောင့် သေချာပေါက် Try ကြည့်သင့်ပါတယ်နော်။

Source: www.momomi