ဗိုက်မှာအဆီတွေများလို့ ဗိုက်ခေါက်ရှိတဲ့သူ၊ ဗိုက်ပူနေတဲ့သူတွေအတွက် တစ်ရက်ကို ၁၀ မိနစ်လောက် အချိန်ပေးရုံနဲ့ ဗိုက်ချပ်၊ ခါးသေးသွားစေမယ့် လေ့ကျင့်ခန်း ၆ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ၆ မျိုးလုံးက Plank Workout လေ့ကျင့်ခန်းတွေဖြစ်လို့ ယောဂကျင့်တဲ့ဖျာတစ်ချပ်ရှိရုံနဲ့တင် အိမ်မှာ အေးဆေးလုပ်လို့ရပါတယ်။

ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၂၀ ပြည့်အောင် နေပေးပါ။

ခုနကအနေအထားနဲ့နေပြီး ခြေထောက်တစ်ဖက်ကို ကွေးပြီး ပြန်ဆန့်၊ နောက်ခြေထောက်တစ်ဖက်ကို ကွေးပြီး ပြန်ဆန့်နဲ့ အကြိမ် ၂၀ လုပ်ပေးရ ပါမယ်။ ဘယ်ခြေထောက်၊ ညာခြေထောက် ၂ ဖက်လုံးပြီးမှ ၁ လို့စရေပါ။

ခုနကအနေအထားနဲ့ပဲ လက်ကိုထောက်လိုက်၊ ပြန်ကွေးလိုက်၊ ပြန်ထောက်လိုက်နဲ့ ပုံမှာပြထားတဲ့အတိုင်း လုပ်ပေးပါ။ ဒါလည်း ခုနကလို အကြိမ် ၂၀ လုပ်ရမှာပါ။

လက်နှစ်ဖက်ကို ကွေးပြီးထောက်ထားပြီး ခြေထောက်နှစ်ဖက်ကိုစုပြီး ဟိုလက်ယိမ်းလိုက်၊ ဒီဘက်ယိမ်းလိုက်နဲ့ အကြိမ် ၂၀ ပြည့်အောင် လုပ်ပေးရပါမယ်။

လက်နှစ်ဖက်ကို ယှက်ပြီးထောက်ထားပါ။ ပြီးရင် ခန္ဓာကိုယ်နဲ့ ခြေထောက်ကို တစ်ဖက်စောင်းပြီး လက်တစ်ဖက်ကို အပေါ်ဆန့်ထုတ်ပါ။ ပြီးရင် ပထမအနေအထားအတိုင်း ပြန်နေပါ။ ညာဘက်ပြီးရင် ဘယ်ဘက်ပြောင်းလုပ်ပါ။ အဲ့လိုနဲ့ပဲ ဘယ်ညာတစ်လှည့်စီ အကြိမ် ၂၀ ပြည့်အောင် လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း လက်ထောက်ထားပြီး ခြေထောက်က တစ်ဖက်ကိုကားလိုက်၊ ပြန်စုလိုက်နဲ့ ဘယ်ညာတစ်လှည့်စီ လုပ်ရပါမယ်။ ဒါလည်း အကြိမ် ၂၀ ပါပဲ။

Source:www.momomi