ရက် ၃၀ စာ Challenge တွေက သင့်ဘဝကို ကောင်းတဲ့ဘက် ပြောင်းလဲစေနိုင်တဲ့ စတင်ခြင်းတစ်ခုပါပဲ။ အဓိပ္ပာယ်မရှိတဲ့ Challenge တွေလုပ်နေမယ့် အစား ဒီလို Life Changing Challenge တွေလုပ်ပါလို့ တိုက်တွန်းပါရစေ။ ရက် ၃၀ အတွင်း သင့်ဘဝ လုံးဝမပြောင်းလဲသွားရင်တောင် မဟုတ်တာ လုပ်နေတာထက်စာရင် ဒီလိုကြိုးစားကြည့်တာက တစ်ချိန်ချိန် သင့်အတွက်အကျိုးဖြစ်လာမှာပါ။ ဒီတော့ ရက် ၃၀ အတွင်း ဒီအလေ့အကျင့် (၁၀) ခု ကို ပျိုးထောင်ကြည့်ပါနော်-

၁။ တစ်နေ့ကို မိနစ် ၃၀ စာဖတ်ပါ။


၂။ သင့်မှာရှိတဲ့ အကျင့်ဆိုးတစ်ခုကို အလေ့အကျင့်ကောင်းတစ်ခုနဲ့ အစားထိုးပါ။ ဥပမာ သင်က နောက်ကျမှ အိပ်တတ်တယ်ဆိုရင် အချိန်တစ်ခု သတ်မှတ်ပြီး စောစောအိပ်ကြည့်ပါ။

၃။ အိပ်ခါနီးတိုင်း တရားထိုင်ကြည့်ပါ။


၄။ နေ့တိုင်း ကျေးဇူးတင်ထိုက်သူတွေ ကျေးဇူးတင်သင့်တဲ့အရာတွေကို ချရေးပါ။

၅။ တစ်နေ့ကို မိနစ် ၃၀ အားကစားလုပ်ပါ။

၆။ TV ကြည့်တာ Social Media သုံးတာကို စွန့်လွှတ်ပါ။ မစွန့်လွှတ်နိုင်ရင် ရက် အကန့်အသတ် အချိန်အကန့်အသတ်နဲ့ လျှော့သုံးကြည့်ပါ။ သင်သုံးမယ့်ရက်တွေမှာ သင့်မိတ်ဆွေတွေကို သင်မသုံးဖြစ်မယ့်အကြောင်း ကြိုပြောထားပါ။


၇။ Diet အသစ်စတင်ကြည့်ပါ။ ဥပမာ အဆီအစား အသီးအရွက်ကို အစားထိုးစားကြည့်ပါ။

၈။ လမ်းလျှောက်တဲ့အကျင့်ထားပါ။


၉။ ကိုယ့် အိပ်ရာထချိန်ထက် တစ်နာရီစောထကြည့်ပြီး ဒီအချိန်မှာ ကိုယ်လုပ်ချင်တာ လုပ်ကြည့်ပါ။

၁၀။ Morning Routine တစ်ခုဖန်တီးကြည့်ပါ။ ဥပမာ ဘယ်အချိန်မှာ အိပ်ရာထမယ်။ စာရေးမယ်။ စာဖတ်မယ်။ အားကစားလုပ်မယ်။ စသဖြင့် အချိန် ဇယားတစ်ခုလုပ်ကြည့်ပါ။ ဒီအချိန်ဇယားအတိုင်း ရက် ၃၀ ကြိုးစားကြည့်ပါ။


တစ်သက်လုံး လုပ်သွားမယ် ဒီအကျင့်ကို မွေးသွားမယ်လို့ စဉ်းစားတာက သင့်အတွက် ဝန်ထိုးဝန်ထုပ်တစ်ခု ဖြစ်စေတတ်ပါတယ်။ ရက် အကန့်အသက် ထားပြီးကြိုးစားကြည့်တာက သင့်စိတ်ကို မပျင်းစေဘဲ တစ်မျိုးတစ်မည် ပြောင်းလဲစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar