ကိုယ်လိုချင်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် ရင်းနှီးမြှပ်နှံမှု လုပ်ဖို့ လိုအပ်ပါတယ်။ အသားအရေမှာလည်း ဒီလိုပါပဲ။ သင်က ကိုးရီးယားက မင်းသမီးတွေလို မိတ်ကပ်လိမ်းလိုက်ရင် ပြစ်မျိုးမှဲ့မထင် မျက်နှာမျိုး ဖြစ်နေဖို့အတွက် လိုအပ်တဲ့ အသားအရေ ထိန်းသိမ်းနည်းအဆင့်တွေကို လိုက်နာပြီး ငွေပါ ရင်းနှီးမြှုပ်နှံရပါသေးတယ်။ သင်က Skin Care အတွက် သေချာ ရင်းနှီးမြှုပ်နှံပြီး ဂရုစိုက်ဖို့ စဉ်းစားထားရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဘာလို့လဲဆိုတော့ ဒီထဲ ပြောထားတဲ့ Skin Care ပစ္စည်းတွေက ငွေကုန်ကြေးကျများနိုင်သလို ရလာတဲ့ ရလဒ်ကလည်း အံ့မခန်း ဖြစ်နိုင်လို့ပါ။ ဒါပေမဲ့ ဒီထဲ ပြောထားတဲ့ အလှကုန် ပစ္စည်းအချို့ကတော့ သင့်ဆီမှာ ရှိပြီးသားပါ။ ဒီတော့ Perfect Glow Skin ကို ပိုင်ဆိုင်ဖို့ ဘယ်ပစ္စည်းတွေလိုလဲ ကြည့်လိုက်ရအောင်နော်-
၁။ Oil Cleanser
Photo Source: DHC
အသားအရေကို အတွင်းထဲ အထိ သန့်စင်ပေးမှ Skin Care တွေ သုံးတဲ့အခါ နက်ရှိုင်းစွာ စိမ့်ဝင်နိုင်မှာပါ။ ဒါကြောင့် သန့်စင်တဲ့ အဆင့်က အများကြီး အရေးပါပါတယ်။ Double Cleansing ကို သင် ကြားဖူးမှာပါ။ Double Cleansing လုပ်ဖို့အတွက် ပုံမှန် မျက်နှာသစ်ဆေးအပြင် Oil Cleanser ပါ ရှိထားသင့်ပါတယ်။ မျက်နှာသစ်တဲ့အခါ Facial Foam မသုံးခင် Oil Cleanser နဲ့ အရင်သန့်စင်ပေးရပါမယ်။
၂- Foam Cleanser

Oil Cleanser ပြီးရင်တော့ သင့်မှာ နဂိုရှိပြီးသား Foam Cleanser နဲ့ မျက်နှာသစ်ပေးရပါမယ်။
၃- Exfoliate

မျက်နှာပေါ်က ဆဲလ်သေတွေ ကွာကျပြီး ချောမွေ့သွားစေဖို့အတွက် ချေးချွတ်တာက ပုံမှန်လုပ်ပေးရပါမယ်။ ပျော့တဲ့ Exfoliate အမျိုးအစားဆိုရင်တော့ နေ့တိုင်း သုံးနိုင်ပြီး တစ်ပတ်မှာ အနည်းဆုံး တစ်ခါလောက်တော့ ချေးချွတ်ပေးသင့်ပါတယ်။
၄- Toner

အသားအရေ ကောင်းဖို့အတွက် ထပ်လိုတာကတော့ Toner ပါ။ Toner က ချွေးပေါက်ကျဉ်းစေတဲ့အပြင် အသားအရေ pH Level ကို ထိန်းညှိပေးပါတယ်။ Skincare နောက်အဆင့်တွေကို ပိုအာနိသင်ထိရောက်စေပါတယ်။ ဒါကြောင့် ပြစ်မျိုးမှဲ့မထင် အသားအရေအတွက် Toner ကိုတော့ မရှိမဖြစ် လိုအပ်ပါတယ်။
၅- Essence
အသားအရေကို အစိုဓာတ်ပေးနိုင်ပြီး အရွယ်တင် နုပျိုဖို့ Toner ပြီးတာနဲ့ Essence ကို လိမ်းပေးရပါမယ်။ Essence က ပုံမှန်ဆိုရင် သုံးဖို့မလိုပေမယ့် တကယ့် ထိထိရောက်ရောက် Skin Care ချင်ရင်တော့ Essence ကို လိုအပ်ပါတယ်။
၆- Serum
Essence ပြီးရင်တော့ Serum ထပ်လိမ်းပေးရပါမယ်။ Serum က အသားအရေထဲကို စိမ့်ဝင်တာမြန်ပြီး တင်းရင်းကြည်လင်စေပါတယ်။
၇- Eye & Lip Mask

Serum အဆင့်ပြီးရင်တော့ မျက်လုံးအောက်နဲ့ နှုတ်ခမ်းသားအတွက် သက်ဆိုင်ရာ Mask တွေ သုံးပေးရပါမယ်။ မျက်လုံးအောက် အသားအရေက နူးညံ့တာမို့ သေချာ ဂရုစိုက်ဖို့ လိုပါတယ်။ နှုတ်ခမ်းလေးပါ စိုပြေနေမှ ပြစ်မျိုးမှဲ့မထင် အလှကို ပိုင်ဆိုင်နိုင်မှာပါ။
၈ – Eye Cream

Eye Mask အပြင် Eye Cream ကိုလည်း လိုအပ်ပါတယ်။ Eye Cream က မျက်ကွင်းညိုတတ်တဲ့ သူတွေအတွက် မရှိမဖြစ် လိုအပ်သလို မျက်လုံးအောက် အရေးအကြောင်းတွေ လျော့ပါးဖို့လည်း အသုံးဝင်ပါသေးတယ်။
၉ – Emulsion

Essence, Serum တွေအပြင် ထပ် အစိုဓာတ်ဖြည့်ပေးတဲ့ Emulsion ကလည်း Glow Skin ရဖို့ ကူညီပေးပါလိမ့်မယ်။
၁၀- Moisturizer
ဒါကတော့ သင့်ဆီမှာ ရှိပြီးသား Skin Care ပစ္စည်းပါပဲ။ အသားအရေအတွက် လုံလောက်တဲ့ အစိုဓာတ်ရဖို့ Moisturizer ကောင်းတစ်ခုကို မသုံးမဖြစ် သုံးရပါမယ်။
အပေါ်က ပြောထားတဲ့ Skin Care တွေထဲမှာ သင် ဘယ်ပစ္စည်းတွေကို ပိုင်ဆိုင်ပြီးပြီလဲ ပြောပြခဲ့ပါဦး။
Photo Source: Pinterest
By MyStyle Myanmar



