တစ်ခါတစ်လေ ညဘက်အိပ်မပျော်ရင် သီချင်းနားထောင်ပြီး မျက်လုံးလေးမှိတ်နေလိုက်ပါ။ ခဏကြာရင် အိပ်ပျော်သွားတာပါပဲ။ သီချင်းနားထောင်တာကလည်း အိပ်မပျော်တာကို ကုစားနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါကြောင့် အိပ်မပျော်တဲ့ညတွေမှာ နားထောင်ဖို့ အကောင်းဆုံးဖြစ်တဲ့ K-Pop သီချင်း ၁၀ ပုဒ်ကို ပြောပြပေးလိုက်ပါတယ်။

IU ရဲ့ “Through The Night”

IU ရဲ့အသံချိုချိုလေးနဲ့ အရမ်းနားထောင်ကောင်းတဲ့ သီချင်းအေးလေးဖြစ်တာကြောင့် ညဘက်အိပ်မပျော်ရင် နားထောင်ကြည့်ပါ။

NCT 127 ရဲ့ “Knock On”

တိတ်ဆိတ်တဲ့အခန်းထဲမှာ နားကြပ်တပ်ပြီးနားထောင်ရင် အရမ်းမိုက်တဲ့ သီချင်းလေးဖြစ်လို့ အိပ်မပျော်တဲ့ညတွေမှာ နားထောင်ကြည့်ပါ။

BIBI ရဲ့ “Restless”

သီချင်းကို အရင်ဆုံး Myanmar sub နဲ့ အရင်ကြည့်ပြီးမှ နားထောင်ရင် ပိုမိုက်ပါတယ်။ ညဘက်အိပ်မပျော်ရင် နားထောင်ကြည့်ပါ။

Jo Yu Ri ရဲ့ “Express Moon”

အရမ်းနားထောင်လို့ကောင်းတဲ့ သီချင်းအေးလေးဖြစ်တာကြောင့် ညဘက်တွေ အိပ်မပျော်ရင် favourite လုပ်ပြီး နားထောင်သင့်တဲ့ သီချင်းလေးပါ။

WINNER ရဲ့ “BABY BABY”

အရမ်းအေးတဲ့ သီချင်းမျိုးမဟုတ်ပဲ ညဘက် မိုးအေးအေးလေးနဲ့ နားထောင်လို့အရမ်းကောင်းတဲ့ သီချင်းမျိုးပါ။ ဒါကြောင့် အိပ်မပျော်ဖြစ်နေရင် နားထောင်ကြည့်ပါ။

Taeyeon ရဲ့ “11:11”

အသည်းကွဲလည်း နားထောင်လို့ကောင်းတဲ့ သီချင်းဖြစ်သလို ညဘက်အိပ်မပျော်ရင်လည်း ဒီသီချင်းလေးနားထောင်ပြီး အိပ်ကြည့်ပါ။ မြန်မာလိုသိထားပြီး နားထောင်ရင် ပိုမိုက်တာကြောင့် Myanmar sub နဲ့ အရင်နားထောင်ကြည့်ပါ။

Taemin ရဲ့ “Day and Night”

သီချင်းအေးလေးဖြစ်ပြီး ညဘက်တွေမှာ နားထောင်ရင် ပိုမိုက်ပါတယ်။ ဒါကြောင့် အိပ်မပျော်ရင် ဒီသီချင်းလေး နားထောင်ပြီး အိပ်ကြည့်ပါ။

Seori ရဲ့ “The Long Night” (feat. Giriboy)

ညဘက်အိပ်မပျော်တဲ့အခါ နားထောင်ဖို့သင့်တော်တဲ့ သီချင်းတစ်ပုဒ်ပါပဲ။

Chungha ရဲ့ “Week”

သီချင်းအေးလေးတွေနားထောင်းရင်း အိပ်ပျော်တာများတဲ့အတွက် ဒီသီချင်းလေးကိုလည်း အိပ်မပျော်ရင် နားထောင်ဖို့ Recommend ပေးပါတယ်။

Yukika ရဲ့ “Insomnia”

အရင်ဆုံး Myanmar sub နဲ့ အရင်နားထောင်ကြည့်ပါ။ ညဘက်အိပ်မပျော်တတ်တဲ့သူတွေအတွက် နားထောင်သင့်တဲ့ သီချင်းကောင်းလေးပါပဲ။

source:www.soompi.com