Introvert ဆိုတာကတော့ လူရှုပ်တာကို မနှစ်သက်ဘဲ တစ်ယောက်တည်း နေရမှ အားပြည့်သွားတယ်လို့ ခံစားရသူတွေ ဖြစ်ပါတယ်။ တစ်ယောက်တည်း အတွေးမျိုးစုံနဲ့ ပြည့်နှက်နေတတ်ပြီး အရှက်အကြောက် ကြီးသူတွေလို့လည်း ဆိုနိုင်ပါတယ်။ အပေါင်းအသင်းနည်းပြီး စိတ်ချင်းရင်းနှီးသူတွေနဲ့ပဲ အပေါင်းအသင်းလုပ်တတ်တာကလည်း Introvert တွေပါပဲ။ ဒီတစ်ခေါက်မှာတော့ Kpop Idol တွေထဲမှာမှ Introvert စိတ်ကို ပိုင်ဆိုင်ထားသူတွေအကြောင်း ဖော်ပြပါရစေ။ သူတို့ကို ကြည့်ပြီး Introvert တွေကလည်း ဘဝကို ယုံယုံကြည်ကြည်မှု ရှိရှိ နေထိုင်နိုင်ကြောင်း သင်သဘောပေါက်လာပါလိမ့်မယ်။

Irene (Red Velvet)

Irene က အချိန်အများစုမှာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် နေတတ်ပြီး စကားနည်းသူဖြစ်ပါတယ်။ သူမရဲ့ အရှက်ကြီးတဲ့ ဓာတ်ခံကို Variety Show တွေ အင်တာဗျူးတွေမှာ တွေ့နိုင်မှာပါ။

D.O. (EXO)

D.O. က သူစိမ်းတွေနဲ့ တွေ့ရင် ရှက်နေတတ်ပေမယ့် သူတို့အကြောင်း သိပြီး ခင်သွားရင်တော့ သက်တောင့်သက်သာ ဖြစ်သွားတတ်တယ်လို့ ပြောပြထားပါတယ်။

Naeun (Apink)

အလန်းစား ခပ်တည်တည် ကောင်မလေးလို့ အများစု လက်ခံထားကြတဲ့ နာမည်ကျော်အများစုဟာ ရှက်တတ်သူတွေ ဖြစ်နေတတ်ပါတယ်တဲ့။ Naeun က အပြင်ပန်းကြည့်ရင် မာနကြီးတယ်ထင်ရပေမယ့် ပေါင်းကြည့်လိုက်မှ သူမက ခင်ဖို့ကောင်းသူ ဖြစ်ကြောင်း ခင်မင်သူတွေက ပြောတတ်ကြပါတယ်။

Taeyeon (Girls’ Generation)

Taeyeon ကိုတော့ စကားနည်းသူ အဖြစ် သိထားကြပေမယ့် သီချင်းဆိုလိုက်တဲ့အချိန်မှာတော့ သူမက အထင်ပေါ်ဆုံးသူ ဖြစ်သွားတတ်ပါတယ်။

Jungkook (BTS)

Jungkook က Introvert တစ်ယောက်ဖြစ်ပြီး ခင်မင်မှု သံယောဇဉ်အစစ်ကို တန်ဖိုးထားသူဖြစ်ပါတယ်။

Krystal [f(x)]

Krystal က အနုပညာလောကထဲ ဝင်ကာစမှာ သီချင်းဆိုတဲ့ အချိန်မှာတောင် ကြောက်နေတတ်ပါတယ်တဲ့။

Leo (VIXX)

Leo က ရှက်တတ်သူ ဖြစ်ပြီး တစ်ယောက်တည်းနေတတ်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူက နွေးထွေးတဲ့ နှလုံးသားကို ပိုင်ဆိုင်သူပါ။

Mark (GOT7)

စိတ်ပညာ ကျွမ်းကျင်သူ တစ်ဦးက Mark ကို ၁၃ ရာခိုင်နှုန်းက Introvert ဖြစ်ပြီး ၂ ရာခိုင်နှုန်းသာ Extrovert ဖြစ်တယ်လို့ ပြောပြထားပါတယ်။

Mina (TWICE)

Mina ကိုတော့ Introvert ဆိုပြီး သူမရဲ့ Fan တွေက လက်ခံထားပါတယ်။

Taemin (SHINee)

Taemin က ကလေးလေး တစ်ယောက်လို ရှက်တတ်သူ ဖြစ်ပြီး အရင်ကဆိုရင် သူ့ထက် အသက်ကြီးတဲ့ အမျိုးသမီး ဝန်ထမ်းတွေကို စကားမပြောရဲသူပါတဲ့။ အခုတော့ ပေါ့ပေါ့ပါးပါး ဟာသတွေ ဖန်တီးပြီး သက်တောင့်သက်သာ ဖြစ်နေပါပြီ။

ရှက်တာကြောက်တာအတွက် အဓိက လိုအပ်တဲ့ ဖြေဆေးကတော့ အတွေ့အကြုံနဲ့ အချိန်ပါပဲ။

Source: Koreaboo

By MyStyle Myanmar