MYStyle Myanmar ရဲ့ စာဖတ်ပရိတ်သတ်တွေထဲကမှ BTS ကိုအားပေးတဲ့ Army တွေက BTS အဖွဲ့ဝင်တွေရဲ့အကြိုက်တွေကို သိချင်ကြမယ်ထင်ပါတယ်။ ဒါကြောင့် BTS အဖွဲ့ဝင် V ကိုယ်တိုင် Recommend ပေးထားတဲ့ K-Dramas၊ Animes နဲ့ ရုပ်ရှင်တချို့ကို ဝေမျှပေးချင်ပါတယ်။
ဒါကတော့ V ကိုယ်တိုင် ရွေးထားတဲ့ အကြိုက်ဆုံး 10 ခုပါ။
1. Squid Game
2021 မှာထွက်ခဲ့တဲ့ Squid Game က ရဲ့ရွေးချယ်မှုတွေမှာ နံပါတ် ( ၁ ) ပါ။
2. Parasite
V ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း မင်းသား Choi Woo Shik ပါဝင်သရုပ်ဆောင်ထားတဲ့ 2019 ခုနှစ် Parasite ဇာတ်ကားကို ဒုတိယအနေနဲ့ ရွေးချယ်ပေးခဲ့ပါတယ်။
3. Red Notice
နံပါတ် ( ၃ ) အနေနဲ့ရွေးခဲ့တာက Ryan Reynolds၊ Dwayne Johnson နဲ့ Gal Gadot တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Red Notice ရုပ်ရှင်ပါ။
4. About Time
2013 British romantic comedy-drama ဖြစ်တဲ့ About Time ကတော့ နံပါတ် ( ၄ ) ပါ။
5. Itaewon Class
နံပါတ် ( ၅ ) ကတော့ 2020 မှာထွက်ခဲ့ပြီး မင်းသား Park Seo Joon ပါဝင်တဲ့ Itaewon Class ပါ။
6. Howl’s Moving Castle
2004 မှာထွက်ခဲ့တဲ့ Animes ဇာတ်လမ်း စုန်းမကြီးရဲ့ကျိန်စာအောက်မှာရောက်နေတဲ့ Sophie အကြောင်းကတော့ နံပါတ် ( ၆ ) ပါ။
7. Navillera
Webtoon ကနေ K-Drama အဖြစ်ပြောင်းလဲခဲ့တဲ့ Navillera ကိုလည်း နံပါတ် ( ၇ ) အနေနဲ့ ရွေးခဲ့ပါတယ်။
8. Crows Zero
2007 က ထွက်ခဲ့တဲ့ Japan အက်ရှင်ဇာတ်ကား Crows Zero ကလည်း V ရဲ့အကြိုက်ဆုံးစာရင်းထဲမှာ ပါဝင်နေပါတယ်။
9. Summer Wars
2009 anime ဇာတ်ကားဖြစ်တဲ့ Summer Wars ကတော့ နံပါတ် ( ၉ ) ပါ။
10. Born To Be Blue
နောက်ဆုံး နံပါတ် ( ၁၀ ) အတွက် ရွေးပေးခဲ့တာကတော့ မေရိကန် ဂျက်ဇ်ဂီတပညာရှင် Chet Baker ရဲ့ ဘဝအကြောင်းကို ရိုက်ထားတဲ့ရုပ်ရှင် Born To Be Blue ပါ။