ရေချိုးခန်းဆိုတာ တကယ်တော့ စိတ်အပန်းဖြေရာနေရာတခုပါ။ တစ်နေကုန်ပင်ပန်းလာခဲ့သမျှ ရေချိုးရင်းနဲ့အပန်းဖြေလို့ရသလို အသားအရေ ထိ်န်းသိမ်းတာလည်း တစ်နေရာထဲမှာ ပြုလုပ်လို့ရနိုင် ပါတယ်။ ဒီလိုနေရာမျိုးမှာ ပစ္စည်းတွေထားတဲ့အခါ မလိုအပ်တော့တာတွေ ၊ မသုံးဖြစ် တော့တာမျိုးတွေလည်း ရှိနိုင်တာမို့ ဘယ်လိုအရာတွေက လွှင့်ပစ်သင့်နေပြီလည်းဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
၁.မသုံးဖြစ်တော့တဲ့ခေါင်းဖြီးတွေ
အကြိမ်များစွာ အသုံးပြုပြီးသားဖြစ်နေတဲ့ခေါင်းဖြီးတွေ ဒါမှမဟုတ် မသုံးဖြစ်တော့တာကြာလို့ ဖုန်တက်နေတဲ့ခေါင်းဖြီးတွေဟာ ရေချိုးခန်းထဲမှာ မထားသင့်တောပါဘူး။
၂.မသုံးတော့တဲ့ သွားပွတ်တံတွေ
ခံတွင်းကျန်းမာရေးအတွက် သွားတိုက်တံတွေကို ၃ လ တစ်ကြိမ်လဲပေးသင့်ပါတယ်။ ဒီလိုလဲတဲ့အခါတိုင်း မသုံးဖြစ်တော့တဲ့ သွားတိုက်တံအဟောင်းတွေကို တစ်ခါတည်းလွှင့်ပစ်သင့်ပါတယ်။
၃.မသုံးဖြစ်တော့တဲ့တဘက်အဟောင်းတွေ
မသုံးဖြစ်တော့တဲ့ တဘက်အဟောင်းတွေကို ရေချိုးခန်းထဲမှာထားတာက အနံ့အသက်ဆိုးတွေ ကိုဖြစ်စေပြီး ကျန်းမာရေးကိုထိခိုက်စေတာမို့ သတိထားပြီးလဲလှယ်သင့်ပါတယ်။
၄.သက်တမ်းလွန်နေတဲ့ပစ္စည်းတွေ
ထုတ်ကုန်အားလုံးမှာ သက်တမ်းကုန်ဆုံးရက်ရှိတာမလို့ သက်တမ်းကုန်လွန်သွားတဲ့ပစ္စည်းတွေ ကို လွှင့်ပစ်ဖို့က အရေးကြီးပါတယ်။ပုလင်းရဲ့ နောက်ကျောဘက် သို့မဟုတ် အောက်ခြေဘက်တွေမှာ သက်တမ်းကုန်ဆုံးရက်တွေကို တွေ့မြင်နိုင်ပြီး တချို့ဘူးတွေမှာတော့ အဖုံးတွေပေါ်မှာ တွေ့နိုင်ပါတယ်။
၅.ချေးချွတ်ကျောက်တုံး
ခန္ဓာကိုယ်ကချေးချွတ်ဖို့အတွက် သင်ဟာချေးချွတ်ကျောက်တုံးအသုံးပြုတတ်တဲ့သူဆိုရင်တော့ အသုံးပြုလို့အချိန်ကြာလာတာနဲ့အမျှ အသစ် လဲလှယ်ပေးသင့်ပါတယ်။
၆.မသုံးဖြစ်တဲ့ခေါင်းလျှော်ရည်ဘူးတွေ
မသုံးဖြစ်တော့ဘဲ ရေချိုးခန်းထဲမှာနေရာယူနေတဲ့ ခေါင်းလျှော်ရည်ဘူးတစ်ဝက်တစ်ပျက်တွေကို လွှင့်ပစ်လိုက်ပါ။ ဒါ့အပြင့် သင်စမ်းသုံးကြည့်ပြီး မကြိုက်တဲ့ တခြား Hair Products တွေလည်း လွှင့်ပစ်သင့်ပါတယ်။
၇.သံချေးတက်နေသော ဓားများ
သင်ဟာအမျိုးသားတစ်ယောက်ဖြစ်ပြီး ရေချိုးခန်းထဲမှာမုတ်ဆိတ်ရိတ်လေ့ရှိပါသလား? ဒါဆို အသုံးပြုပြီးတဲ့ ဒါမှမဟုတ် သံချေးတက်နေတဲ့ ဓားတွေကို လွှင့်ပစ်သင့်ပါတယ်။ မုတ်ဆိတ်ရိတ်လျှင် ၁-၂ ပတ်တစ်ကြိမ်၊ တစ်ရက်ခြား မုတ်ဆိတ်ရိတ်လျှင် ၂-၃ ပတ်တစ်ကြိမ် သို့မဟုတ် တစ်ပတ်လျှင် နှစ်ကြိမ် မုတ်ဆိတ်ရိတ်လျှင် ၄-၆ ပတ်တစ်ကြိမ် လဲလှယ်ပေးသင့်ပါတယ်။
၈.Sponges
အသုံးပြုသား Sponges တွေဟာ အထူးသဖြင့် ရေနွေးနဲ့ချိုးတဲ့အခါ ဘတ်တီးရီးယားတွေပေါက်ဖွားဖို့ လွယ်ကူလွန်းတာမလို့ မကြာခဏ လဲလှယ်ပေးသင့်ပါတယ်။ လဲလှယ်ပြီးရင်လည်း မသုံးဖြစ်တော့တဲ့ Sponges တွေကို လွှင့်ပြစ်သင့်ပါတယ်။