သင်က မိတ်ကပ်ပြင်ပြီးနောက် ပုံလှလှလေး ရိုက်မယ်ဆိုရင် Selfie ဆွဲတာကနေ အဆင့်မတတ်တော့ဘူးလား။ ဒီတစ်ခေါက်မှာတော့ Selfie ဆွဲတာထက် ပိုမိုက်စေမယ့် ပို့စ်ပေးနည်းတွေကို ဖော်ပြပါရစေ။ သင်က တစ်ခါတလေ မိတ်ကပ်ပြင်တာ လေ့ကျင့်ရင်း ဓာတ်ပုံရိုက်ဖူးမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် မိတ်ကပ်လိမ်းထားတယ်ဆိုရင် ဒီအလှလေးကို အမှတ်တရ ဓာတ်ပုံတော့ ရိုက်ထားသင့်ပါတယ်။ ဒီတော့ ရိုးရိုး Selfie မဟုတ်ဘဲ ပိုမိုက်စေမယ့် မိတ်ကပ်လိမ်းပြီးနောက် အလှပုံလေးရိုက်ဖို့ ကိုယ့်အိမ်မှာပဲ အလွယ်တကူ ပြုလုပ်နိုင်တဲ့ ပို့စ်ပေးနည်းတွေကို ဖော်ပြလိုက်ပါတယ်။

သင့်လက်သည်းထိပ်လေးနဲ့ သင့်မျက်နှာကို အသာလေး ထိထားသင့်ပါတယ်။ ဒီပို့စ်က မျက်နှာပိုသွယ်တယ် ထင်ရစေပါတယ်။

မျက်နှာမေးထောက်လိုက်တာကလည်း သင့်မိတ်ကပ်ကို ပိုစိတ်ကူးယဉ်ဆန်သွားစေပါတယ်။

ဆံပင်ကိုင်ကာ တစ်ဘက်ကြည့်နေတဲ့ပို့စ်လေးက သင့်အလှကို ပိုကဗျာဆန်စေပါလိမ့်မယ်။

သင့်မိတ်ကပ်အရောင်၊ အင်္ကျီအရောင်နဲ့တူတဲ့ အချိုရည်ဘူးလေးကို ကိုင်ပြီး ပို့စ်ပေးတာကလည်း အိုင်ဒီယာကောင်းပါ။

ဆံပင်ကို အပေါ်က သပ်ပြီး ကိုင်လိုက်တာက အမြင်ဆန်းသွားစေပါတယ်။

ပါးနောက်ကို ကိုင်လိုက်တာကလည်း ပေါ့ပါးတဲ့ ပို့စ်မျိုး ပိုင်ဆိုင်စေပါတယ်။

ကိုယ့်ရဲ့ ပိုလှတဲ့ Side ကိုသိထားပြိး ဘေးစောင်းရိုက်တာကလည်း ပို့စ်ကောင်းပါပဲ။

ပခုံးကို ဦးစားပေးကာ မျက်နှာက ပခုံးကိုကျော်ပြီး စောင်းစောင်းလေး ပို့စ်

Mirror Selfie လေးကလည်း မိတ်ကပ်လ်ိမ်းထားသူတွေအတွက် အဆင်ပြေပါတယ်။

အိပ်ရာပေါ် မှောက်လျက် ပို့စ်လေးကလည်း ချစ်စရာကောင်းပါတယ်။


Photo Source: Pinterest

By MyStyle Myanmar