စာဖတ်သူဟာ အခုဒီဆောင်းပါးလေးမှာ ဖော်ပြပေးသွားမယ့် အနုပညာရှင်တို့ရဲ့ ပရိသတ်မဟုတ်နိုင်လောက်ပေမယ့် သူတို့ရဲ့ကျော်ကြားမှုကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ အနုပညာလောကထဲမှာဆိုရင် သူတို့နာမည်ကို မကြားဖူးတဲ့သူ တော်တော်လေးရှားနိုင်ပါတယ်။

ကေပေါ့ကို အမြဲတမ်းနားထောင်နေကြမဟုတ်တဲ့သူတွေတောင်မှ သူတို့ရဲ့အနီးပတ်ဝန်းကျင်က လူတွေပြောဖူးတာကို သေချာပေါက် ကြားဖူးကြမှာပါ။ အထူးသဖြင့် အခုချိန်မှာ ကေပေါ့က ကမ္ဘာတစ်ဝှမ်းကို လွှမ်းမိုးထားနိုင်ချိန်မှာပေါ့။

လက်ရှိမှာ အရမ်းကိုရေပန်းစားနေတဲ့ BTS နဲ့ BlackPink မဟုတ်ဘဲနဲ့ ဘယ်သူတွေက တောင်ကိုရီးယားမှာ လူသိအများဆုံးဖြစ်မလဲဆိုတာကို လိုက်ပြီးစုံစမ်းချိန်မှာတော့ အခုအနုပညာရှင် (၁၀) ဦးက Top Ten စာရင်းဝင်ခဲ့ပါတယ်။

ဘယ်သူတွေလဲဆိုတာ အခုပဲကြည့်လိုက်ရအောင်နော်။

1. G-Dragon (BIGBANG)

ကေပေါ့အဖွဲ့တွေထဲမှာ Legend အဖွဲ့ဖြစ်တဲ့ BIGBANG အဖွဲ့ခေါင်းဆောင် ဖက်ရှင် Icon G-Dragon ကတော့ နံပါတ်တစ်ကို ရှေ့ပြေးနေပါတယ်။

2. PSY

Gangnam Style သီချင်းနဲ့ ကမ္ဘာတစ်လွှား အရမ်းပေါက်သွားခဲ့တဲ့ PSY က ကမ္ဘာကျော်မဖြစ်ခင်ကတည်းက တောင်ကိုရီးယားမှာ တော်တော်လေး လွှမ်းမိုးထားနိုင်တဲ့ ဝါရင့်အဆိုတော်ဖြစ်ပါတယ်။

3. HyunA

4Minute အဖွဲ့အပြင် တစ်ကိုယ်တော်လှုပ်ရှားမှုမှာလည်း အောင်မြင်ခဲ့တဲ့ Sexy Icon ဖြစ်တဲ့ HyunA ကိုလည်း တော်တော်လေးလူသိများလှပါတယ်။

4. IU

တောင်ကိုရီးယားနိုင်ငံရဲ့ အမျိုးသမီးတစ်ကိုယ်တော်အဆိုတော်တွေထဲမှာ ထိပ်တန်းက ပြေးနေတဲ့အပြင် အိုင်ဒေါတွေနဲ့ယှဥ်ရင်တောင် တစ်စက်လျော့မသွားတဲ့ IU ရဲ့ အောင်မြင်မှုကလည်း ကြောက်စရာပါ။ အဆိုရော သရုပ်ဆောင်ပါ ပိုင်နိုင်တဲ့ အနုပညာရှင်လည်းဖြစ်ပါတယ်။

5. Taemin (SHINee)

SHINee အဖွဲ့ဝင် အငယ်ဆုံးဖြစ်ပြီး Main Dancer လည်းဖြစ်တဲ့ Taemin ကတော့ အကပိုင်းနဲ့ပတ်သက်လာရင် အိုင်ဒေါတော်တော်များများ လေးစားရတဲ့ အနုပညာရှင်ပါ။

6. Kai (EXO)

EXO အဖွဲ့ရဲ့ Main Dancer နဲ့ Visual ဖြစ်တဲ့ Kai ကလည်း အခုထိပ်တန်းစာရင်းထဲမှာ နံပါတ် (၆) နေရာကို ရယူထားပါတယ်။

7. Jay Park

2PM အဖွဲ့ကနေ နှုတ်ထွက်ခဲ့ပြီးနောက် တစ်ကိုယ်တော်အဖြစ် လှုပ်ရှားနေတဲ့ Jay Park ဟာဆိုရင်လည်း အမျိုးသမီးတွေ အသည်းစွဲကြိုက်ကြပါတယ်။

8. Wonyoung (IVE)

4th Generation Idols တွေထဲမှာ နံပါတ်တစ်ပြေးတဲ့ IVE အဖွဲ့ဝင် Wonyoung ကလည်း အသက်ငယ်ငယ်လေးနဲ့ကို အရမ်းအောင်မြင်နေတဲ့ အိုင်ဒေါတစ်ယောက်ပါ။

9. Jackson Wang (GOT7)

GOT7 အဖွဲ့ ဖျက်သိမ်းပြီးနောက် တရုတ်နိုင်ငံမှာ Active ဖြစ်နေတဲ့ Jackson Wang ကတော့ Variety Shows တော်တော်များများမှာ သူ့ရဲ့အပြစ်ကင်းစင်တဲ့ အပြုအမူ အပြောအဆိုတို့ကြောင့် နာမည်ကြီးလာခဲ့သူပါ။

10. Cha Eunwoo (ASTRO)

နောက်ဆုံးပိတ်အိတ်နဲ့လွယ်သွားသူကတော့ Cha Eunwoo ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ချောမောလှပလွန်းတဲ့ ရုပ်ရည်ကြောင့် ASTRO အဖွဲ့နဲ့ Debut စလုပ်ချိန်တည်းက သတိထားမိလာခဲ့ပြီး အရွယ်ရောက်လာချိန်မှာတော့ ပိုပိုပြီး ကြည့်ကောင်းလာပါတယ်နော်။

Image Source: Pinterest