ဘယ်လကိုပဲ ရောက်နေပါစေ။ ဘယ်လောက်ထိပဲ နောက်ကျနေပါစေ။ စလုပ်ဖို့ နောက်ကျတယ်ဆိုတာမရှိပါဘူး။ ပျိုမေတို့ တစ်ခု သတိရဖို့က ကျန်းမာရေးကောင်းတာက ဝိတ်ချတာထက်ပိုအရေးကြီးပါတယ်။ အမြဲတမ်း ကျန်းမာပျော်ရွှင်ဖို့အတွက် ဒီ Health Goal (၁၀) ခုကို ၂၀၂ဝကနေ စလုပ်လိုက်ပါ။

၁။ လှုပ်လှုပ်ရှားရှားနေပါ

သင်က အားကစားလုပ်နေကျ လူတစ်ယောက်ဆိုရင် ဒီအလေ့အကျင့်ကို မရပ်လိုက်ပါနဲ့။ အမြဲလုပ်သွားပါ။ လှုပ်လှုပ်ရှားရှားမနေဖြစ်ဘူးဆိုရင် ၂၀၂၀ ကစပြီး စတင်လိုက်ပါ။

၂။ ရေများများသောက်ပါ

ရေများများသောက်တာက ဇီဝဖြစ်စဉ်ကို မြန်ဆန်စေသလို အသားအရေကိုလည်း ရေဓာတ်ဖြည့်ပေးပါတယ်။

၃။ အိပ်ရေးဝအောင်အိပ်ပါ

သင်က အလုပ်များလွန်းလို့အိပ်ချိန် ရှစ်နာရီ မရှိရင်တောင် တစ်ညကို အိပ်ချိန် ၆ နာရီကနေ ၇ နာရီခန့် ထားပေးပါ။ အိပ်ရေးမဝတာက စိတ်ဖိစီးစေပါတယ်။

၄။ အမြဲစိတ်အားထက်သန်ပါစေ

အလုပ်တစ်ခုကို တက်တက်ကြွကြွနဲ့ စိတ်အားထက်သန်စွာ ကြိုးစားလုပ်ပါ။ လုပ်မယ်လို့ စဉ်းစားထားတဲ့အရာကို သတ်မှတ်ထားတဲ့အချိန်မှာ ပြီးအောင် လုပ်ပါ။

၅။ မိသားစုနဲ့ အချိန်ကုန်ဆုံးပါ

အလုပ်အမြဲရှုပ်မနေဘဲ မိသားစုအတွက် အချိန်ပေးပါ။ အနားယူပါ။ သူတို့နဲ့ အတူရှိအောင် ကြိုးစားပါ။

၆။ သူငယ်ချင်းတွေနဲ့ အပြင်သွားပါ

သူငယ်ချင်းတွေနဲ့ အားတဲ့အချိန် မုန့်သွားစားပါ။ အမြဲတစ်ယောက်တည်း အလုပ်ရှုပ်မနေပါနဲ့။

၇။ ဝိတ်ချပါ

သင်က နဂိုတည်းက ချပ်ချပ်ရပ်ရပ် ရှိသူဆိုရင်တော့ ဒီအချက်က မလိုအပ်ပါဘူး။ သင်က ဝိတ်ချချင်သူတစ်ယောက်ဆိုရင်တော့ ၂၀၂ဝမှာ ဝိတ်ကျရမယ်လို့ Target ထားပြီး ဝိတ်ချပါ။

၈။ ကျန်းမာရေးနဲ့ညီညွတ်တာတွေစားပါ

ကိုယ်စားတဲ့အစားအသောက်တွေကို ဗီတာမင်စုံလင်အောင် သတိထားပြီး စားပေးပါ။

၉။ ရယ်မောပါ

များများရယ်ပေးတာက အရွယ်တင်နုပျိုစေပါတယ်။ ဟာသတွေကြည့်ပေးပါ။ ပျော်ပျော်နေပါ။

၁၀။ ကိုယ့်အတွက်အချိန်ပေးပါ

အချိန်တိုင်း အလုပ်များမနေဘဲ ကိုယ့်အတွက်လည်းအချိန်ပေးပါ။ မျက်နှာပေါင်းတင်ပါ။ လက်သည်း၊ ခြေသည်းတွေ Cleansing လုပ်ပြီး အလှဆုံးဖြစ်အောင်နေထိုင်ပါ။

Photo Source: Pinterest

By MyStyle Myanmar