အလုပ်မရှိတဲ့ ဘဝက တကယ်တော့ သိပ်မကောင်းလှပါဘူး။ သင်က လက်ရှိမှာ ကျောင်းမပြီးသေးလို့ အလုပ် မရနိုင်သေးတာပဲဖြစ်ဖြစ် အလုပ်ထွက်လိုက်လို့ နားနေတာပဲ ဖြစ်ဖြစ် အလုပ်မရှိသေးတဲ့ ခံစားချက်ကို ပိုသိပါလိမ့်မယ်။ အခုဖော်ပြထားတဲ့ အချက်တွေက အလုပ်မရှိတဲ့ အချိန်မှာ တွေးမိလာမယ့် အရာတွေ ဖြစ်ပါတယ်။ သင်က အလုပ်ထွက်ဖို့ ရည်ရွယ်ထားတာပဲဖြစ်ဖြစ် ဒါမှမဟုတ် အလုပ်မရှိတဲ့ ဒဏ်ကို ကြိုသိပြီး ကြိုပြင်ဆင်ထားဖို့ ဖြစ်ဖြစ် သိလာမယ့် အရာတွေကို ဖော်ပြလိုက်ပါတယ်။

၁။ လူတိုင်းက သင့်လိုပဲ အလုပ်ရှာနေတာကို ပိုမြင်လာရလိမ့်မယ်

သင်က ဘယ်အလုပ်ပဲ လျှောက်ပါစေ မထင်ထားဘဲနဲ့ကို ဒီအလုပ်မှာ လျှောက်ထားသူတွေက ကိုယ်ထင်တာထက် ပိုများနေတတ်ပါတယ်။ သင်က အလုပ်ရဖို့ သူတို့ထက် ပိုထူးခြားမှ ဖြစ်မယ်ဆိုတာ သိလာပါတယ်။

၂။ ကိုယ်မကြိုက်တာကို ခဏလောက် လုပ်ရမယ်

သင်က အလုပ်မရှိဘူးဆိုရင် ကိုယ်မကြိုက်တဲ့ အရာတွေကို လုပ်ရဖို့ ပိုအခွင့်အရေး များပါတယ်။ တက်ကြွချင်ယောင်ဆောင်ရတာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့ ပုံစံ ဟန်ဆောင်ပြရတာတွေ ဖြစ်နိုင်ပါတယ်။

၃။ အလုပ်လျှောက်စာ ဖန်တီးရတာ ရှုပ်ထွေးတယ်

နေရာကျဉ်းကျဉ်းလေးမှာ အမိုက်ဆုံး၊ အထူးခြားဆုံး ဖြစ်နေဖို့ CV Form ပြင်ဆင်ရတာလည်း အလုပ်တစ်ခုပါပဲ။

၄။ အင်တာဗျူးတွေက စိတ်ပျက်ဖို့ကောင်းတယ်

အင်တာဗျူးတွေက မရခဲ့ရင် သင့်အတွက် အချိန်၊ ငွေကြေး နစ်နာမှုဖြစ်နိုင်သလို ကျရှုံးမှုတွေ၊ အရှက်ကွဲမှုတွေကို အင်တာဗျူးတွေမှာ ကြုံနိုင်ပါသေးတယ်။ ဒါ့အပြင် ကျောင်းတက်တုန်းကလို မှားခဲ့ရင် ပြန်ပြင်လို့မရတော့ပါဘူး။ အင်တာဗျူးဆိုတာ တစ်ကြိမ်တည်းမှာ တိကျ မှန်ကန်နေဖို့ လိုအပ်နေပြန်ပါတယ်။

၅။ Social Media ထက် အရေးကြီးတာ

အဆက်အစပ်နဲ့ အလုပ်ခွင်သစ်ထဲ ဝင်နိုင်ဖို့ တခြားသူတွေကို အကူအညီတောင်းတဲ့အခါ Social Media ပေါ်က စာပို့နေတာထက် ဖုန်းခေါ်ပြီး အကူအညီတောင်းတာက ပိုထိရောက်တာကို သိလာပါလိမ့်မယ်။

၆။ တခြားသူတွေက သင့်အပေါ် အထင်သေးနိုင်တယ်

ဒါက တခြားသူ အမြင်ကို အလေးထားတတ်တဲ့ သူတွေအတွက်ပါ။ တစ်ခါတလေ ကိုယ့်မှာ အလုပ်မရှိတဲ့အခါ လူအချို့က ကိုယ့်ကို အထင်သေးချင်ကြပါတယ်။

၇။ သင့် ဘဏ်အကောင့်မှာ ပိုက်ဆံနည်းလာမယ်

အလုပ်မရှိသေးတာကြောင့် မိဘဆီက ပြန်တောင်းနေရတာ ဖြစ်နိုင်သလို သင့်ဘဏ်အကောင့်ထဲမှာ စုထားတဲ့ ပိုက်ဆံလေးတွေလည်း ခပ်မြန်မြန် ကုန်ဆုံးလာပါလိမ့်မယ်။

၈။ သင့်အချိန်တွေကို အလုပ်ခေါ် Platform တွေမှာ ပိုကုန်ဆုံးရမယ်

သင့်ရဲ့ အချိန်အများစုက အလုပ်ခေါ်တဲ့ Platform တွေ ဖြစ်တဲ့ LINKEDIN, Indeed စတဲ့ နေရာတွေမှာ ပိုရှိနေတတ်ပါတယ်။

၉။ ကိုယ့် Career လမ်းကြောင်းပြောင်းနိုင်တယ်

အလုပ်မရှိလို့ ချက်ချင်း လိုအပ်လာတဲ့အခါ ကိုယ်ဝါသနာမပါတဲ့ အလုပ်မှာ လုပ်ရနိုင်သလို ကိုယ်မထင်ထားတဲ့ Career လမ်းကြောင်းတွေပေါ်ပါ လျှောက်ရနိုင်ပါတယ်။

၁၀။ လစာကို မျှော်မှန်းတာထက် လျှော့ရနိုင်တယ်

တစ်ခါတလေ ပေးတဲ့ လစာကို သင် သိပ်မကြိုက်ပေမယ့် မထူးတော့ပါဘူးဆိုတဲ့ စိတ်နဲ့ ဝင်လုပ်လိုက်ရတဲ့ အချိန်တွေကို ကြုံနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်လာပါစေ တစ်ချိန်ချိန်မှာတော့ သင်သဘောကျပြီး သင်ပျော်တဲ့ အလုပ်ခွင်ထဲ ရောက်မှာ မလွဲမသွေပါပဲလို့ ယုံကြည်ထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar