ဆံပင်ကောက်ထားရင် ဆံပင်ကို အမြဲချထားတာမျိုးပဲ မလုပ်ပါနဲ့။ အမျိုးမျိုး ပြင်ဆင်ကြည့်ပါ။ ဆံပင်အကောက်က အဖြောင့်ထက်ပိုပြီးတော့ အမျိုးမျိုးပြင်ဆင်လို့ကောင်းသလို ပိုပြီးတော့လည်း လှပါတယ်။ ဒီတစ်ခါမှာ တစ်နေ့တစ်မျိုးပြင်လို့ရအောင်ဆံပင်ကောက်ထားတဲ့သူတွေအတွက် တစ်ဝက်စည်းထားတဲ့ ဆံပင်စတိုင်လ် ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ဒီလိုလေးတစ်ဝက်စည်းတာဆိုရင် အမြင်ဆန်းပြီးလှပါတယ်။ ဖဲပြားမတပ်ပဲ ဒီတိုင်းလေးပဲထားလည်း လှတာပါပဲ။

ရှင်းရှင်းလေးနဲ့လှတဲ့ တစ်ဝက်စည်းနည်းလေးပါ။ ဆံပင်အကောက်လေးတွေက ဒီလိုလေးပြင်ထားရင်တောင် အရမ်းလှပါတယ်။

လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ ဆံပင်စတိုင်လ်အဆန်းလေးပါ။ ဆံပင်ကောက်ထားတယ်၊ ဆံပင်လည်း ရှည်တယ်ဆိုရင် ဒီလိုလေးပြင်ကြည့်နော်။

ဘေးနှစ်ဖက်ကို ကျစ်ဆံမြီးကျစ်ပြီးတော့မှ တစ်ဝက်စည်းထားတဲ့ ပုံစံလေးပါ။ ဆံပင်စတိုင်လ်အဆန်းလေးနဲ့ အရမ်းလှပါတယ်။

နောက်ထပ် လူငယ်ဆန်ပြီးလှသလို ချစ်ဖို့လည်းကောင်းတဲ့ ဆံပင်တစ်ဝက်စည်းနည်းလေးပါ။ မြင်နေကျပုံစံတွေနဲ့မတူပဲ ဆန်းသစ်နေတာမို့ ပြင်ကြည့်သင့်တဲ့ပုံစံလေးပါ။

ပုဝါလေးရှိရုံနဲ့တောင်ပြင်လို့ရတဲ့ ဆံပင်စတိုင်လ်လေးပါ။ ဆံပင်ကောက်ထားရင် ဒီလိုရိုးရိုးလေးလုပ်တာတောင်မှ အရမ်းလှပါတယ်။

ဆံပင်ကောက်ထားတဲ့သူတွေအတွက် ဆန်းသစ်ပြီးလှတဲ့ တစ်ဝက်စည်းနည်းလေးပါ။ မိန်းကလေးတိုင်းကြိုက်မယ့် ဆံပင်စတိုင်လ်လေးလို့ ထင်ပါတယ်။

တစ်ဝက်စည်းပြီး ဒီလိုဆံထုံးလေးတွေထုံးတာမျိုးဆိုလည်း ဆံပင်ကောက်ထားတာလေးတွေနဲ့ဆို အရမ်းလိုက်ဖက်ပါတယ်။ လှလည်းလှပါတယ်။

ဆံပင်ကို ဒီလိုလေး တစ်ဝက်ကျစ်ဆံမြီးကျစ်တာမျိုးဆိုလည်း လှတာပါပဲ။ ဆံပင်ကောက်ထားတာဆိုတော့ ပိုပြီးပေါ်လွင်တာပေါ့။

တစ်ဝက်စည်းပြီး ဆံထုံးရိုးရိုးမထုံးပဲ ဆံပင်နဲ့ပဲ ဖဲပြားပုံစံလေး လုပ်ထားတာဖြစ်လို့ အမြင်ဆန်းပြီး လှသလို ချစ်ဖို့လည်းကောင်းပါတယ်။

Photo source:www.pinterest.com