မင်္ဂလာပါ MyStyle Myanmar ကိုအားပေးကြတဲ့ ပရိတ်သတ်တို့ရေ။ မနက်နိုးတာနဲ့ အလုပ်မှီအောင် အမြန်လုပ်ရ၊ ကျောင်းသွားဖို့ အမြန်ပြင်ဆင်ရနဲ့ ဆံပင်ကို ချရင်ချ မချရင် စည်း ဒီပုံစံနှစ်မျိုးတည်းပဲ လုပ်မိနေပြီလား။ ဆံပင်စည်းတာကလည်း ပုံစံဆန်းရင် ဆန်းသလို အချိန်ပေးရတယ်နော်။

တချို့ကောင်မလေးတွေဆို ဆံပင်စည်းတာလေးတွေ ချစ်စရာလေးနော်။ သင်ကော ဆံပင်ပုံစံခပ်ဆန်းဆန်းလေးနဲ့ မဆန်းသစ်ချင်ဘူးလား။

ဒါကြောင့် ဆံပင်စည်းတာနဲ့ ချတာ ဒီနှစ်မျိုးတည်းက မထွက်တဲ့ ပျိုမေတို့အတွက် ရည်ညွှန်းပြီး မြန်လည်းမြန်မယ် လွယ်လည်းလွယ်မယ့် ဆံပင်စည်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆံပင်စည်းနည်း (၁)

ဒီပုံစံကတော့ ကျော့ရှင်းပြီး ပူအိုက်တဲ့ရာသီနဲ့သင့်တော်ပါတယ်။ စည်းနည်းကတော့

အဆင့် ၁

ဆံပင်ကို Ponytail စည်းလိုက်ပါ။ ပြီးတာနဲ့ ခေါင်းပတ်တစ်ခုယူပြီး ဆံကြောင်းနဲ့ တစ်လက်မအကွာမှာပတ်ပါ။

အဆင့် ၂

ဆံပင်စည်းထားတာကို ထုံးလိုက်ပါ။ အထုံးမပြည်ရအောင် ယိုးဒယားကလစ်တွေနဲ့ ညှပ်ပေးပါ။

အဆင့် ၃

ခေါင်းပတ်နဲ့ ဆံထုံးကြားက ဆံပင်ကို ထူထူလေးဖြစ်အောင် အပေါ်ဘက် ဖွပေးပါ။

ဆံပင်စည်းနည်း (၂)

ဒီပုံစံကတော့ ဆံပင်ပုံစံ မြင့်မြင့်လေးနဲ့ ကြည့်ကောင်းပါတယ်။

အဆင့် ၁

ဆံပင်အပေါ်တစ်ဝက်ကို မြင့်မြင့်လေးစည်းပေးပါ။ ဆံပင်များများလေးယူပေးပါ။

အဆင့် ၂

အောက်မှာကျန်ခဲ့တဲ့ ဆံပင်ကိုပါ စည်းပေးပါ။ အပေါ်က ဆံပင်ကိုများများ ယူရပါမယ်။

အဆင့် ၃

သဘာဝကျကျလေးဖြစ်အောင် ခေါင်းဖြီးနဲ့ ဆံသားတွေကို အပေါ်အောက်ဖြီးပြီး ဖွပေးပါ။

ဆံပင်စည်းနည်း (၃)

အဆင့် ၁

ရှေ့ဆံပင်တစ်လက်မလောက်ကို ယူပြီး အလိမ်ပုံစံဖြစ်အောင် ကျစ်လိုက်ပါ။ ပြီးရင် ဒီအကျစ်ကို မျက်နှာနောက်ယူပါ။

အဆင့် ၂

ယိုးဒယားကလစ်နှစ်ချောင်းကို ယူပြီး ဒီဆံပင်အကျစ်ကို X ပုံစံညှပ်ပေးပါ။

ဆံပင်စည်းနည်း (၄)

အဆင့် ၁

ဆံပင်တစ်ဝက်စည်းလိုက်ပါ။ ပြီးတာနဲ့ တစ်ဝက်စည်းထားတဲ့ ဆံပင်အောက်ဖျားကို ယူပြီး ပုံထဲကလို စည်းထားတဲ့အထဲ ထည့်ပြီး ပြောင်းပြန်လှန်ပေးပါ။

အဆင့် ၂

စည်းပြီး ထည့်ထားတဲ့အထဲ နောက်တစ်ကြိမ်ထပ်လိပ်ပေးပါ။

ဆံပင်စည်းနည်း (၅)

အဆင့် ၁

ဆံပင်စည်းလိုက်ပါ။

အဆင့် ၂

စည်းထားတဲ့ ဆံပင်ကို လိမ်လိုက်ပါ။ ပြီးတာနဲ့ အပေါ်မှာပြထားတဲ့ ပုံစံမျိုးရအောင် ယိုးဒယားကလစ်နဲ့ လိုက်ညှပ်ပေးပါ။

ဆံပင်စည်းနည်း (၆)

အဆင့် ၁

ကျစ်ဆံမြီးကျစ်ပြီး အဆုံးမှာ သားရေကြိုးနဲ့စည်းပါ။

အဆင့် ၂

ဒီကျစ်ဆံမြီးကို ထုံးပေးပါ။

ဆံပင်စည်းနည်း (၇)

အဆင့် ၁

ဒီပုံစံကတော့ရှေ့ဆံပင်ရှည်မှ အဆင်ပြေမှာပါ။ ရှေ့ဆံပင်ကို တြိဂံပုံစံဖြစ်အောင် ယူပါ။ ဒါကိုရှေ့ချပါ။ ဒီဆံပင်ကို လိမ်ပြီး ပြောင်းပြန်လှန်လိုက်ပါ။ ပြီးတာနဲ့ ခေါင်းပေါ်ပြန်သွားပြီး ယိုးဒယားကလစ်နဲ့ညှပ်ပေးပါ။

ဆံပင်စည်းနည်း (၈)

အဆင့် ၁

နောက်ဆံပင်ကို ပွပွလေးရအောင် ခေါင်းဖြီးနဲ့ ဖွပေးပါ။

အဆင့် ၂

ဆံပင်တင်းတင်းလေးစည်းပေးပါ။ ပြီးနောက် ဆွဲဆန့်ရလွယ်တဲ့ ကြိုးတစ်ချောင်း ဒါမှမဟုတ် သားရေကြိုးတစ်ချောင်းကို ယူပြီးပုံထဲကအတိုင်း လည်ပင်းနေရာနားအထိစည်းပေးပါ။

အဆင့် ၃

ကြားထဲက ဆံပင်ကို အောက်ချပေးပါ။

ဆံပင်စည်းနည်း (၉)

အဆင့် ၁

ဆံပင်ဘေးနှစ်ဖက်ကို သက်သက်ယူလိုက်ပါ။

အဆင့် ၂

ဆံပင်နှစ်ဖက်ကို နောက်မှာ သွားချည်ပေးပါ။

ဆံပင်စည်းနည်း (၁၀)

အဆင့် ၁

ဆံပင်စည်းလိုက်ပါ။

အဆင့် ၂

ဆံပင်အဆုံးကို လက်တစ်ဖက်ကကိုင်ပြီး ကျန်တဲ့ လက်တစ်ဖက်ကို စည်းတာနားမှာ ကိုင်ပေးပါ။ ပြီးတာနဲ့ ဆံပင်အဆုံးကိုင်ထားတဲ့ လက်နဲ့ စည်းထားတဲ့အောက်ဘက်မှာ ဆံပင်ဝင်ဖို့ နေရာလုပ်ပြီး ဒီထဲကို ဆံပင်ထည့်ပေးပါ။

အဆင့် ၃

ဆံပင်ထည့်ပြီးတာနဲ့ ပုံထဲကအတိုင်း ကားကားလေးဖြစ်အောင်လုပ်ပေးပါ။ တစ်ဝက်လောက်ကားအောင်လုပ်ပြီးတာနဲ့ ကျန်တဲ့ ဆံပင်ကို အထုံးမှာ ပတ်ပေးပါ။ ယိုးဒယားကလစ်တွေနဲ့ သေသပ်အောင်ညှပ်ပေးပါ။

Source: Pinterest

By MyStyle Myanmar