ရာသီဥတုပူလာပြီဆိုရင် တော်တော်များများက ဆံပင်ညှပ်ချင်လာကြပါတယ်။ တချို့ကျတော့လည်း ဆံပင်ကို တိုအောင်မညှပ်ရင်တောင်မှ အပြောင်းအလဲဖြစ်အောင် ပုံပြောင်းချင်တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။ တကယ်လို့ ဒီနွေရာသီမှာ ဆံပင်ကေပြောင်းမယ်ဆိုရင် ဘာပုံညှပ်ရမှန်းမသိဖြစ်နေတဲ့အခါမှာ ညှပ်ဖို့အတွက် လှပတဲ့ Hairstyle 10 မျိုးကို မျှဝေပေးလိုက်ပါတယ်။

ဒီ Hairstyle လေးဆိုရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ ဆံပင်တိုတိုလည်း ညှပ်ပစ်ချင်တယ်၊ ကိုရီးယားစတိုင်လ်လေးလည်း ကြိုက်တယ်ဆိုတဲ့သူတွေ ညှပ်သင့်တဲ့ Hairstyle လေးပါ။

အရမ်းပူတတ်ရင် ဆံပင်ကို နားရွက်အောက်အထိ ဒီလိုလေးညှပ်ချလိုက်ပါ။ နဖူးပြောင်တဲ့သူတွေဆိုရင် Hair Bangs လေး ညှပ်လိုက်နော်။

ပူတဲ့ဒဏ်လုံးဝမခံနိုင်လို့ နွေရာသီမှာ ဆံပင်တိုတိုလေး ညှပ်ချပစ်တော့မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ ဒီ Hairstyle လေးကိုညှပ်ကြည့်ပါ။ အထာကျပြီးမိုက်ပါတယ်။

ဒီ Hairstyle လေးကတော့ ပထမဆုံး Hairstyle လေးနဲ့ တူပါတယ်။ သူကတော့ ပိုတိုပြီး ဆံပင်အရောင်လေးလည်း ဆိုးထားတာဖြစ်လို့ Bad Girl အထာလေးနဲ့ လှပါတယ်။

ရိုးရိုးရှင်းရှင်းပုံစံလေးပဲညှပ်ချင်တယ်ဆိုရင်တော့ ဒီ Hairstyle လေးက ဂုတ်ချွေးထွက်တာလည်း သက်သာစေမယ့် Hairstyle လေးပါ။

ဆံပင်ကို တိုတိုလေးညှပ်ပစ်ရမှာကြောက်တဲ့သူတွေအတွက် ချစ်ဖို့ကောင်းပြီးလှတဲ့ ဒီ Hairstyle လေးကိုလည်း Try ကြည့်နော်။

ဆံပင်အုံထူတဲ့ကောင်မလေးတွေဆိုရင် ဆံပင်ကို တိုတိုလေးလည်း မညှပ်ချပစ်ချင်တဲ့အခါ ဒီ Hairstyle လေးကိုသာ ညှပ်လိုက်ပါ။ လှပြီး ခေါင်းလည်း နည်းနည်းပေါ့သွားစေမှာပါ။

အထပ်တွေအရမ်းများပြီး ပုံစံလေးနည်းနည်းဆန်းတဲ့ Hairstyle လေးပါ။ ဒီလိုလေးလည်း ညှပ်တာ လှပါတယ်။

ကိုရီးယား Hairstyle လေးတွေကြိုက်တဲ့သူတွေအတွက် ဒီနွေရာသီမှာ ဆံပင်ကေပြောင်းမယ်ဆိုရင် ရွေးချယ်သင့်တဲ့ Hairstyle လေးဖြစ်ပါတယ်။

ကိုရီးယားမလေးတွေညှပ်နေကျဖြစ်တဲ့ နောက်ထပ် Hairstyle လေးပါ။ အရမ်းလည်းလှပါတယ်။ ကိုယ်က ဆံပင်တိုတိုလေးလည်း မညှပ်ရဲဘူး၊ ဆံပင်ကေလည်း ပြောင်းချင်တယ်ဆိုရင် ဒီ Hairstyle လေးသာ ပြောင်းပစ်လိုက်နော်။