ဆံပင်ပါးတဲ့သူတွေကျတော့ ဆံပင်ကို သေချာပုံစံကျကျဖြစ်အောင် မညှပ်ထားရင် ဆံပင်ကကပ်ပြီး ပါးနေတာ အရမ်းသိသာစေပါတယ်။ ဆံပင်ပါးပြီးကပ်နေတော့ မျက်နှာပိုကြီးသွားသလိုမျိုး ဖြစ်စေပါတယ်။ ဆံပင်က ရုပ်ပြောင်းသွားစေပါတယ်။ ဒါကြောင့် ဆံပင်ပါးတဲ့သူတွေနဲ့လိုက်ဖက်တဲ့ ဆံပင်စတိုင်လ် ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဆံပင်စတိုင်လ်တွေက ဆံပင်ပါးတာကို မသိသာစေပဲ ပုံစံကျကျနဲ့ လှနေစေမှာပါ။

ဆံပင်ကိုရိုးရိုးရှင်းရှင်းလေးပဲ ထားချင်တယ်ဆိုရင်တော့ ဆံပင်ပါးတဲ့သူတွေအနေနဲ့ ဂုတ်ဝဲလေးညှပ်လို့ရပါတယ်။ ဒါပေမယ့် ဆံပင်ပါးတော့ လန်တာမျိုးဖြစ်မှာပါ။ ဒါကြောင့် စက်နဲ့ပုံသွင်းပေးမယ်ဆိုရင်တော့ အရမ်းလှမှာပါ။

ဂုတ်ဝဲရိုးရိုးကြီးမညှပ်ချင်ရင်တော့ ဆံပင်ပါးတဲ့သူတွေက ဒီလိုဆံပင်စတိုင်လ်လေး ညှပ်ကြည့်ပါ။ လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ အထာကျကျနဲ့မိုက်တဲ့ပုံစံလေးလည်း ဖြစ်စေပါတယ်။

ဆံပင်ပါးပြီး ဆံလုံးသေးတယ်ဆိုရင်တော့ short hair ညှပ်မယ်ဆို ဒီဆံပင်စတိုင်လ်လေး ညှပ်ကြည့်ပါ။ အရမ်းလှပါတယ်။

ဆံပင်ပါးတဲ့သူတွေက ဒီလိုဆံပင်စတိုင်လ်နဲ့လည်း အရမ်းလိုက်ပါတယ်။ ဆံပင်မပါးတဲ့ပုံစံမျိုးလေး ဖြစ်စေပါတယ်။

Long hair နဲ့ ဆံပင်ပါးတဲ့သူတွေကတော့ ဆံပင်ကို အဖြောင့်မထားပဲ ဒီလိုလေး ကောက်ကြည့်ပါ။ အရမ်းလှပါတယ်။ ဆံပင်လည်းမပါးတဲ့ပုံစံမျိုးလေး ဖြစ်စေပါတယ်။

ခုနကလိုအကောက်မကြိုက်ရင် ဒီလိုအကောက်လေးလည်း လုပ်လို့ရပါတယ်။ ဒီဆံပင်စတိုင်လ်လေးဆိုရင် ဆံပင်အုံထူသလိုမျိုး ဖြစ်စေပါတယ်။

လူငယ်ဆန်ဆန်လေးကောက်ချင်ရင်တော့ ဆံပင်ပါးတဲ့သူတွေက ဒီပုံစံလေးကောက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပြီး ဆံပင်ပါးတာလည်း မသိသာစေပါဘူး။ hair bang လေးကြောင့် နဖူးပြောင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။

ဆံပင်ကို ဒီလိုအဖွလေးကောက်တာမျိုးက ဆံပင်အုံထူသလို ဖြစ်သွားစေပါတယ်။ ဒါကြောင့် ခပ်မိုက်မိုက် ဆံပင်စတိုင်လ်ကြိုက်ရင် ဒီပုံစံလေးကောက်ကြည့်ပါ။

ဒီဆံပင်စတိုင်လ်လေးကျတော့ step ခုတ်ပြီး ကောက်ထားတာမျိုးပါ။ သူ့ကောက်သားက ပြေပြေလေးမို့ natural ဆန်ပြီး အရမ်းလှပါတယ်။ ဆံပင်ပါးတဲ့သူတွေနဲ့လည်း အရမ်းအဆင်ပြေပါတယ်။

ဆံပင်ကို အဖြောင့်ပဲကြိုက်တယ်၊ အထာကျတဲ့ပုံစံမျိုးလေးကြိုက်တယ်ဆိုရင် ဒီဆံပင်စတိုင်လ်လေးကို ရွေးချယ်ပါ။ ဆံပင်ပါးတဲ့သူတွေနဲ့လည်း လိုက်ဖက်ပါတယ်။

photo source:www.pinterest.com