ဆံပင်အရှည်ကြီးကိုမှ အနက်ရောင်ပဲထားတဲ့ မိန်းကလေးတွေအတွက် အမျိုးမျိုးပြင်ဆင်လို့ရမယ့် hairstyles (၁၀) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဆံပင်အရှည်ကြီးထားပြီး အမြဲတမ်းစည်းထားတော့လည်း ရိုးပါတယ်။ အမြဲတမ်း ဖားလျားချထားဖို့ကျတော့လည်း အဆင်မပြေပါဘူး။ ဆံပင်ရှည်လေ အမျိုးမျိုးလုပ်လို့ကောင်းလေ ဖြစ်တာကြောင့် တစ်မျိုးပြီးတစ်မျိုးသာ ပြင်ဆင်နေလိုက်ပါ။

ဆံပင်အရှည်ကြီးမှ တစ်ဝက်စည်းမယ်ဆိုရင် ဒီတိုင်းရိုးရိုးမစည်းပါနဲ့။ ဒီလိုကျစ်ဆံမြီးလေး အလှကျစ်ပါ။ ယဉ်ယဉ်လေးနဲ့ အရမ်းလှပါတယ်။

ခုနကလို ကျစ်ဆံမြီးမကျစ်တတ်ရင်လည်း ဘေးနှစ်ဖက်လေးကိုပဲကျစ်ပြီး အနောက်ကိုစုကာ အလှကြိုးလေးနဲ့ ဖဲပြားချည်လိုက်ပါ။ ဒါလည်းရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းတာပါပဲ။

အထာကျကျလေးတွေ ဝတ်ထားတဲ့အခါမျိုးမှာဆိုရင် ဒီ hairstyle လေးကို ပြင်ကြည့်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ဆံပင်ချပြီး အရှေ့နားကို ဒီလိုမျိုးလေး ပြင်ထားတာဆိုလည်း လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ မိုက်တဲ့ဖက်ရှင်လေးတွေဝတ်ထားရင် အထာကျတဲ့ look မျိုးရစေသလို ချစ်ဖို့ကောင်းတဲ့ဖက်ရှင်လေးတွေ ဝတ်ထားပြီး ပြင်ရင်တော့ ဒီ hairstyle လေးက cute ဖြစ်တဲ့ဘက်ကို ရောက်သွားမှာပါ။

ဆံပင်စည်းမယ်ဆိုရင် ရိုးရိုးကြီးမစည်းပါနဲ့။ ဒီလိုမျိုးလေး စည်းကြည့်ပါ။ ပိုပြီးလှပါတယ်။

ကျစ်ဆံမြီးအကုန်စုကျစ်မယ်ဆိုရင်လည်း အောက်နားလျှောကျစ်ထားတာက လူကြီးဆန်ပါတယ်။ ဒါမျိုးလေးကျစ်ပါ။ လူငယ်ဆန်ပြီး ပိုလှပါတယ်။

ထိပ်နားကို ကျစ်ဆံမြီးနှစ်ဖက်ကျစ်ပြီး အနောက်မှာ မြင့်မြင့်လေး စုစည်းထားတဲ့ ဒီ hairstyle လေးကတော့ ရှင်းပြီး အရမ်းလှပါတယ်။

ဆံထုံးအမြင့်လေးထုံးမယ်ဆိုရင် အရမ်းလူကြီးမဆန်အောင် ခုနကလိုပဲ ထိပ်နားကို ကျစ်ဆံမြီးနှစ်ဖက်ကျစ်ပြီး အနောက်မှာ စုထုံးလိုက်ပါ။

တည်ငြိမ်ပြီးလှတဲ့ပုံစံလေးဆိုရင်တော့ ဒီလိုလေးဆံထုံးထုံးကြည့်ပါ။ Hairstyle လေးလည်းဆန်းပြီး လှလည်းလှပါတယ်။ လူကြီးလူငယ် အားလုံးနဲ့လည်း လိုက်ဖက်ပါတယ်။

ဒီ hairstyle လေးကတော့ လူငယ်ဆန်ပြီး သွက်လက်တဲ့ပုံစံလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ Long hair လေးတွေနဲ့မှ လိုက်ဖက်တဲ့ hairstyle မျိုးပါ။

Photo source:www.roxxsaurus