အင်္ကျီအဝတ်အစားနှင့် ရှူးဖိနပ်တွေ သင့်ကို အရပ်ရှည်တဲ့ပုံပေါက်အောင် ကူညီပေးနိုင်သလို ဆံပင်စတိုင်လ်များကလည်း သင့်ကို အရပ်ရှည်သယောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့လည်း မိမိနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်ကို ရှာဖွေရတာကလည်း အင်မတန်ခက်ခဲလှပါတယ်။ အထူးသဖြင့် အရပ်ပုပုမိန်းကလေးများ၊ ပိန်ပိန်ပါးပါးမိန်းကလေးတွေအတွက် ပိုခက်ခဲပါတယ်။

ဒါ့ကြောင့် ဒီဆောင်းပါးလေးကနေတဆင့် ပျိုမေလေးတို့အတွက် ဘယ်ဆံပင်ကေက အလိုက်ဖက်ဆုံးဖြစ်မလဲ။ လူကြားထဲမှာ ထင်းခနဲဖြစ်အောင် ကူညီပေးနိုင်မလဲ။ အရပ်ရှည်တဲ့ပုံပေါက်အောင် ကူညီပေးနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်တယ်နော်။

Bob

Bob ဆံပင်ကေကတော့ ယနေ့ခေတ်ထိတိုင် ပေါ်ပြူလာဖြစ်နေဆဲ ဆံပင်ကေပဲဖြစ်ပါတယ်။ ဒီဆံပင်ကေက မိန်းမဆန်တဲ့အသွင်အပြင်ကို ပေါ်လွင်စေပြီး မျက်နှာလေးထောင့်စပ်စပ်မိန်းကလေးတွေနဲ့ ပိုလိုက်ဖက်ပါတယ်။

Pixie

Pixie ဆံပင်ကေကတော့ မျက်နှာရှည်တဲ့ အမျိုးသမီးများနဲ့ ပိုမိုလိုက်ဖက်ပြီး မျက်နှာကို သွယ်လျရှင်းလင်းစေပြီး အရပ်ရှည်တဲ့ပုံပေါက်စေပါတယ်။

Midi

ဆံပင်တိုတာလည်း မကြိုက်ဘူး၊ အရှည်လည်း မထားချင်ဘူးဆိုတဲ့ ပျိုမေလေးတွေအတွက် Midi ဆံပင်စတိုင်လ်က မတိုမရှည်လေးနဲ့ ချစ်စရာကောင်းအောင် ကူညီပေးပါလိမ့်မယ်။

Bob Carré

Bob ဆံပင်စတိုင်လ်ကိုမှ လှိုင်းတွန့်ဆံပင် (သို့) ဆံပင် အနည်းငယ် ကောက်သူများအတွက် အလိုက်ဖက်ဆုံးကတော့ Bob Carré ပဲဖြစ်ပါတယ်။

Lob

သင်က အရပ်လည်း ပုတယ် မျက်နှာလည်း ဝိုင်းတယ်ဆိုရင်တော့ ဒီဆံပင်စတိုင်လ်က သင်နဲ့ အလိုက်ဖက်ဆုံး ဖြစ်ပါလိမ့်မယ်။

Garçon

ယောကျာ်းလေးဆန်ဆန် တိုတိုကပ်ကပ်ကလေး ညှပ်ထားတဲ့ ဒီဆံပင်စတိုင်လ်က အခုခေတ်မှာ ပြန်လည်အသက်ဝင်လာတဲ့ ဆံပင်စတိုင်လ်တစ်မျိုးဆိုလည်း မမှားပါဘူး။ ဒီဆံပင်စတိုင်လ်က လွတ်လပ်မှုကို ကိုယ်စားပြုတာကြောင့် လွတ်လပ်ပေါ့ပါးမှုကို မြတ်နိုးတဲ့မိန်းကလေးများအတွက် အသင့်တော်ဆုံးပါပဲ။

Mullet

၁၉၉၀ ပြည့်နှစ်က ခေတ်စားခဲ့ပြီး အခုနောက်ပိုင်း ပြန်လည်ခေတ်စားလာတဲ့ ဆံပင်စတိုင်လ်တွေထဲမှာလဲ ဒီ Mullet က တစ်ခုအပါအဝင်ပါပဲ။ အရှေ့ဆံပင်ကို တိုတိုကပ်ကပ်ကလေး ညှပ်ထားပြီး အနောက်ပိုင်းကို ခပ်ရှည်ရှည် ညှပ်ထားတာပဲဖြစ်ပါတယ်။

A-Line Pixie

Pixie ဆံပင်ကေကိုမှ ပိုတိုသွားအောင် ညှပ်ထားတဲ့ ဆံပင်စတိုင်လ်ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ဆံပင်ကို လုံးဝတိုတိုညှပ်ပစ်လိုက်ချင်တယ်ဆိုရင်တော့ ဒီဆံပင်စတိုင်လ်ကို အကြံပေးချင်ပါတယ်။

ဆံပင်အရှည် အဖြောင့်

သင့်အနေနဲ့ ဆံပင်အတိုမကြိုက်ဘူးဆိုရင်တော့ ဆံပင်အရှည်ကိုမှ အဖြောင့်ထားကြည့်လိုက်ပါ။ အရှည်ထားတဲ့အခါမှာလည်း တစ်ခုသတိထားရမှာက ဆံပင်ကို Step ပုံစံညှပ်တာမဟုတ်ဘဲ အဖြောင့်အတိလေးပဲ ထားထားရပါမယ်။

ပုခုံးအကျော်

ဆံပင်အရှည်ကို ပုခုံးအကျော်အထိပဲ ထားထားမယ်ဆိုရင်လည်း သင့်ရဲ့ဆံပင်စတိုင်လ်ကို တစ်နေ့တစ်မျိုး မရိုးရအောင် ဆံပင်စည်းကာ အမျိုမျိုး ပုံဖော်နိုင်ပါတယ်။

Source: Brightside.me