အသက် ၂၀ ကျော်တာနဲ့ ဘဝ အခြေအနေတစ်ခုမှာ အခြေကျပြီး အောင်မြင်နေမယ်လို့ သင်ငယ်စဉ်က တွေးဖူးခဲ့ပေမယ့် တကယ် ၂၀ ကျော်လာတဲ့အချိန်မှာတော့ ဘာမှမဖြစ်သေးသလို ငယ်ပါသေးတယ်ဆိုတဲ့ အတွေးမျိုး သင်တွေးဖူးလား။ ဒါမှမဟုတ် သင့်ဘဝမှာ ဘာမှ ဖြစ်မလာဘူးဆိုပြီး အားငယ်ဖူးလား။ ဒီတစ်ခေါက်မှာတော့ အသက် ၂၀ ကျော်အရွယ်တွေ ဒီလိုအတွေးတွေ ထပ်မဝင်ဘဲ ရှေ့အနာဂတ်မှာ အောင်မြင်ဖို့ တက်မြောက်ထားသင့်တဲ့ အရာ (၁၀) ခုကို ဖော်ပြလိုက်ပါတယ်။
၁။ Budget
သင်က တစ်လအတွင်း ဘယ်လောက် သုံးလေ့ရှိလဲ။ တစ်လအတွင်း ဘယ်လောက်စုမှာလဲ။ ဘယ်လောက်သုံးမှာလဲ။ တစ်နှစ်ကို ဘယ်လောက် ငွေဝင်လဲ စသဖြင့် သေချာ Budget ချတတ်ဖို့ အသက် ၂၀ ကျော်တည်းက လေ့ကျင့်ထားသင့်ပါတယ်။ Budget အကြောင်း သေချာစွာ သိနေမယ်ဆိုရင် သင့်ဘဝ ပိုလုံခြုံပြီး ပိုတည်ငြိမ်တဲ့ ခံစားချက်ကို ရလာပါလိမ့်မယ်။
၂။ Routines
တစ်နေ့တာမှာ ဘယ်လို Routine တွေ ပုံမှန်လုပ်သွားမလဲ အသက် ၂၀ ကျော်တည်းက ဆန်းစစ်နေသင့်ပါတယ်။ ဘယ်လို Routine တွေက သင့်အတွက် အဆင်ပြေလဲ အမြဲ သုံးသပ်နေသင့်ပါတယ်။ ဒီလိုမှ အသက် ၃၀ ကျော်အရွယ်မှာ သက်တောင့်သက်သာ ဖြစ်မှာပါ။
၃။ Self-Care
ယောဂ ကျင့်တာက စပြီး စာအုပ်ဖတ်တာ၊ ပြေးတာ၊ လမ်းလျှောက်တာ စသဖြင့် သင့်ကို စိတ်ချမ်းသာစေတဲ့ Self-Care နည်းလမ်းတွေကို အသက် ၂၀ တည်းက ရှာဖွေနေသင့်ပါတယ်။
၄။ ကျရှုံးမှုကို လက်ခံတတ်တာ
ကျရှုံးမှုကို လက်ခံတတ်ဖို့ သင်ယူထားတာက အလေ့အကျင့်ကောင်း တစ်ခုပါ။ ကျွန်မတို့အားလုံးဟာ လူသားတွေ ဖြစ်တာကြောင့် အမှားဆိုတာ ရှိမှာပါပဲ။ ကျရှုံးခြင်းနဲ့ သင်က နေသားကျနေမယ်ဆိုရင် ဘဝမှာ ဘယ်လို ကြုံလာလာ သင် အသင့်ရှိနေမှာပါ။
၅။ ချက်ပြုတ်တတ်ခြင်း
သင်က အစားအသောက်မှာ မိဘတွေကိုပဲ အားကိုးနေလို့ မရတော့ပါဘူး။ အသက်အရွယ် တစ်ခု ရောက်လာရင် ကိုယ်တိုင် ချက်ပြုတ်ရမှာမို့ အချက်အပြုတ် ပညာကို တက်မြောက်ထားသင့်ပါတယ်။
၆။ စူးစမ်းလေ့လာပါ
သင့်အနီးတစ်ဝိုက်မှာ ဘာတွေ ရှိလဲ၊ သင့်မြို့မှာ ဘာတွေ ရှိလဲ အမြဲ လေ့လာနေသင့်ပါတယ်။ အသက် ၂၀ ကျော်အရွယ်မှာ ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စတွေကို ဂရုမစိုက်ဘဲ နေတာထက် မျက်စိပွင့် နားပွင့်ဖြစ်အောင် စူးစမ်းလေ့လာနေသင့်ပါတယ်။
၇။ ပေါင်းသင်းဆက်ဆံရေး
လူငယ်မှန်ရင် အပေါင်းအသင်း ရှိမှာပါပဲ။ ဒီလို အပေါင်းအသင်းမျိုး မဟုတ်ဘဲ သင့်အလုပ်နဲ့ ဆက်စပ်တဲ့ အပေါင်းအသင်း မိတ်ဆွေတွေ ရှိထားသင့်ပါတယ်။
၈။ အမြဲသင်ယူနေပါ
သင်က ဘွဲ့ရရုံနဲ့ အကုန် ကျွမ်းကျင်သွားတာ မဟုတ်ပါဘူး။ သင်ယူတာကို ဘယ်တော့မှ မရပ်သင့်ဘဲ ကိုယ့်ကို တိုးတက်စေမယ့် အရာတွေကို ၂၀ ကျော် အရွယ်တည်းက ရှာဖွေနေသင့်ပါတယ်။
၉။ သင့်ကိုယ်သင်နဲ့ တခြားသူကို မနှိုင်းယှဉ်ပါနဲ့
အသက် ၂၀ ကျော်အရွယ်တည်းက သင့်ကိုယ်သင်နဲ့ တခြားသူတွေကို လိုက်နှိုင်းယှဉ်တာဟာ ဘာအလုပ်မှ ပြီးမှာ မဟုတ်ကြောင်း နားလည်ထားသင့်ပါတယ်။ ဒီ နှိုင်းယှဉ်စိတ်ကို စွမ်းအင်အနေနဲ့ ပြောင်းလဲသင့်ပါတယ်။
၁၀။ ရင်းနှီးမြှုပ်နှံပါ
သင့် အသက် ၂၀ ကျော်အရွယ်နဲ့ ရှေ့အနာဂတ်ကို ကြည့်ရင် ပိုက်ဆံစ စုဖို့ ငယ်သေးတယ်လို့ ထင်ရနိုင်ပါတယ်။ ဒါပေမဲ့ သင်က ရင်းနှီးမြှုပ်နှံခြင်းကို စောပြီး စထားလေ ရှေ့အနာဂတ်မှာ ပျော်ရွှင်ရလေပါပဲ။
Photo Source: Pinterest
By MyStyle Myanmar