မိတ်ကပ်လိမ်းရတာက ကိုယ့်အလှကို ပံ့ပိုးပေးသလို ပျော်ဖို့ကောင်းတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမဲ့ တစ်ခါတလေ မိတ်ကပ်လိမ်းရတာက ငြီးငွေ့ စရာကောင်းလာတတ်ပါတယ်။ သဘာဝဆန်ဆန်အလှလေးကို မကြိုက်တဲ့လူမရှိပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ မိတ်ကပ်မလိမ်းလည်း လှနေစေဖို့ ပျိုမေတိုင်း လိုက်နာရမယ့် အလေ့အကျင့်တွေကို ဖော်ပြပါရစေ။

၁။ ပိုးသားခေါင်းအုံးနဲ့ အိပ်ပါ


ကိုယ်အိပ်တဲ့ ခေါင်းအုံးရဲ့ ခေါင်းအုံးစွပ်ကို ပိုးသားသုံးပေးပါ။ ပိုးသားက ကိုယ့်အသားအရေနဲ့ ဆံသားကို ပျက်စီးမှုနည်းစေပါတယ်။ အရေပြားခြောက်သွေ့ခြင်းကနေလည်း ကာကွယ်ပေးပါတယ်။ ပိုးသားခေါင်းအုံးစွပ်နဲ့အိပ်ပေးတာက ဝက်ခြံပြဿနာကိုလည်း သက်သာစေပါတယ်။

၂။ Acid


မျက်နှာပေါ် Acid တင်ရမယ်ဆိုတော့ ကြောက်နေကြပြီလား။ Salicylic Acid က မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး အသားအရေ ကောင်းမွန်ပါစေတယ်။ Salicylic Acid 0.5 % ကနေ 2% လောက်ပါဝင်တဲ့ အလှကုန်မျိုးကို ရွေးဝယ်ပေးပါ။ Toner, Face Mask နဲ့ Serum တွေမှာ Salicylic Acid ပါဝင်တတ်ပါတယ်။

၃။ မျက်နှာကို နှိပ်နယ်ပေးပါ


မျက်နှာကို နှိပ်နယ်ပေးတာက အသားအရေကို တင်းရင်းစေပါတယ်။ ကိုယ့်အသားအရေက ထိခိုက်လွယ်တယ်ဆိုရင်တော့ ဖွဖွလေးနှိပ်ပေးပါ။ မျက်လုံးနားက အသားအရေက နူးည့ံတာကြောင့် မျက်လုံးနားကိုတော့ မနှိပ်နယ်ပါနဲ့။

၄။ မျက်ခုံးမွှေး ပုံဖော်ပါ


မျက်ခုံးမွှေးရိတ်တာ၊ မျက်ခုံးမွှေးနှုတ်တာ စသဖြင့် လုပ်ပေးပါ။ မျက်ခုံးစင်းစင်းလေးက မိတ်ကပ်မလိမ်းထားလည်း သင့်အလှကို ပေါ်လွင်စေမှာပါ။

၅။ ကြက်ဆူဆီ

မျက်တောင်တိုလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ ကြက်ဆူဆီကို သတိရပေးပါ။ ကြက်ဆူဆီက မျက်တောင်ကို အရှည်မြန်အောင် မလုပ်ပေးနိုင်ပေမယ့် မျက်တောင် ပိုထူသွားစေပါတယ်။

၆။ Serum သုံးပေးပါ


မျက်နှာ အားဖြည့်ဖို့အတွက် Serum လိမ်းပေးပါ။ ကိုယ့်အသားအရေနဲ့ သင့်တော်တဲ့ Serum ကိုရွေးဝယ်ပေးပါ။ Facial Mask ပုံမှန်ကပ်ပေးတာကလည်း အသားအရေအတွက် အာဟာရဖြစ်စေပါတယ်။

၇။ သံပယိုရည်သောက်ပါ


သံပယိုသီးမှာ ဗီတာမင်စီ များစွာပါဝင်ပါတယ်။ ဗီတာမင်စီက အရေးကြောင်းတွေ လျော့ကျစေပြီး အသားအရေတောက်ပစေပါတယ်။ မနက်မိုးလင်းတာနဲ့ သံပယိုရည် နွေးနွေးလေးတစ်ခွက်သောက်ပေးပါ။ အစာအိမ်ရှိရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။

၈။ Sunscreen သုံးပါ


အပြင်မှာ နေမပူရင်တောင် Sunscreen လိမး်ပြီးမှ အပြင်ထွက်ပါ။ UV Ray တွေက အသားအရေ အိုမင်းမှု မြန်ဆန်စေပါတယ်။ ဒါကြောင့် Sunscreen ကတော့ Must Have ပါ။

၉။ သွေးလည်ပတ်မှုကောင်းမွန်ပါစေ


သွေးလည်ပတ်မှု ကောင်းမွန်ဖို့ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ ရေများများသောက်ပေးပါ။ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ပေးပါ။

၁၀။ ကိုယ့်စတိုင်ကို အလေးထားပါ


သင်နဲ့ လိုက်ဖက်တဲ့ စတိုင်က ဘယ်လိုမျိုးလဲ လေ့လာပါ။ မျက်နှာက မိတ်ကပ်မပါရင်တောင် ဖက်ရှင်ကျတဲ့ လူတစ်ယောက်က ပိုသာနေမှာပါ။ ကိုယ့်စတိုင်ကို ဂရုစိုက်ပေးပါ။

သင့်အနေနဲ့ ဒီအချက် (၁၀) ချက်ထဲက ဘယ်အရာကို ပုံမှန်လုပ်ဖြစ်လဲ Comment ပေးခဲ့ပါဦး။

Source: Brightside.me

By MyStyle Myanmar