လူအများယုံကြည်ထားတာက လူချစ်လူခင်ပေါတဲ့သူတွေ၊ လူမှုဆက်ဆံရေး ကောင်းတဲ့သူတွေဟာ နဂိုဗီဇကိုက ဒီလိုပါလာတာလို့ သတ်မှတ်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလို ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူတွေဟာလည်း မွေးကတည်းက ကောင်းလာတာမဟုတ်ပါဘူး။ အပေါင်းအသင်းဆံ့ခြင်းဆိုတဲ့ စွမ်းရည်ကို လူတိုင်း ရနိုင်ပါတယ်။ ဒီစွမ်းရည်ကို ပိုင်ဆိုင်ဖို့ လိုအပ်တဲ့ အတွေးပြောင်းလဲခြင်းနဲ့ စကားပြောပုံတွေ ရှိပါတယ်။ ဒီအလေ့အကျင့်တွေက ဘာတွေလဲ သိချင်တယ်ဆိုရင်တော့ ဆက်ကြည့်လိုက်ပါနော်-

၁။ သူတို့ဟာ အကုန်မသိကြပါဘူး

စကားဝိုင်းထဲကို အတင်းဝင်ပြောကာ သူအကုန်သိတဲ့ ပုံစံလုပ်တတ်တဲ့ သူတွေကို လူတွေဟာ မနှစ်သက်ကြပါဘူး။ အပေါင်းအသင်းဆံ့တဲ့ သူတွေကတော့ နားထောင်သူတွေ ဖြစ်လေ့ရှိပါတယ်။ သူတို့အနေနဲ့ လူတွေကို အရေးပါတဲ့ သူတွေ၊ လေးစားရတဲ့ သူတွေလို့ သူတို့ကိုယ်သူတို့ ထင်အောင် လုပ်ပေးတတ်ကြပါတယ်။ ဘယ်အချိန်စကားပြောရမလဲ ဘယ်အချိန်နားထောင်ရမလဲ သူတို့ သိတတ်ကြပါတယ်။

၂။ မှန်ကန်တဲ့ Body Language

လူချစ်လူခင်များသူတွေဟာ လက်ဆွဲနှုတ်ဆက်ရမယ့် အချိန်မှာ နှုတ်ဆက်တာ၊ မျက်လုံးကို ကြည့်ပြောတာ၊ ပြုံးပြတာ၊ တခြားသူတွေ ဟာသပြောတဲ့အချိန် ရယ်တာ စတာတွေကို မှန်မှန်ကန်ကန် လုပ်လေ့ရှိကြပါတယ်။

၃။ စိတ်ရှည်ကြတယ်

သူတို့ဟာ တခြားသူက အကြံဉာဏ်တောင်းရင် ကြည်ကြည်ဖြူဖြူ ပေးလေ့ရှိကြပြီး သူတို့ ပေးတဲ့ အကြံအတိုင်း ဒီလူက လိုက်မလုပ်ရင်လည်း စိတ်မဆိုးတတ်ကြပါဘူး။ သူတို့က လူတစ်ယောက်အတွက် လိုအပ်တဲ့ အချိန်ကို အပြည့်အဝ ပေးလေ့ရှိပါတယ်။

၄။ ကောင်းတဲ့အရာပေါ် အာရုံစိုက်ကြတယ်

တစ်ခါတလေ လူအမျိုးမျိုး စိတ်အထွေထွေနဲ့ ပေါင်းသင်းရတာ ခက်ခဲတတ်ပါတယ်။ လူပေါင်းဆံ့တဲ့ သူတွေကတော့ လူတွေကို သူတို့ ပုံစံအတိုင်း ဆက်ဆံကာ ဒီလူရဲ့ ကောင်းကွက်တွေကို ကြည့်ပေးတတ်ပါတယ်။

၅။ တစ်ကိုယ်ကောင်းဆန်စိတ်မရှိကြဘူး

လူချစ်လူခင်ပေါသူတွေက တခြားသူ အကူအညီ လိုတဲ့အချိန် ကူညီပေးဖို့ ဝန်မလေးကြဘဲ ဂရုစိုက်ကြပါတယ်။

၆။ ယုံကြည်လို့ရတယ်

လူမှုဆက်ဆံရေး ကောင်းတဲ့ သူတွေက တခြားသူရဲ့ လျှို့ဝှက်ချက်ကို မဖွတတ်ကြပါဘူး။ ဒီလိုကြောင့် လူတွေက သူတို့ကို ယုံကြည်ကြလေ့ ရှိပါတယ်။

၇။ ပျော်ပျော်နေတတ်ကြတယ်

ကျွန်မတို့ဟာ ပျော်ရွှင်နေတဲ့ သူတွေနားမှာပဲ နေချင်ကြပါတယ်။ ပေါင်းတတ် သင်းတတ်သူတွေဟာ အမြဲ အကောင်းမြင်စိတ်ရှိပြီး တက်တက်ကြွကြွ ရှိတာကြောင့် လူတိုင်းက ခင်တတ်ကြပါတယ်။

၈။ နာမည်တပ်ခေါ်တတ်တယ်

လူအများစုက သူတို့ရဲ့ နာမည်ကို အမှတ်ရကာ ခေါ်တတ်တဲ့ သူတွေကို နှစ်သက်ကြပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းသူတွေက ဒါကို သိပြီး တခြားသူတွေနဲ့ တွေ့တိုင်း သူတို့နာမည်ကို မှတ်မိပြီး ခေါ်တတ်ကြပါတယ်။

၉။ မေးခွန်းတွေ မေးတယ်

နားထောင်သူတွေ ဖြစ်တာကြောင့် တခြားသူရဲ့ အကြောင်းကို နားထောင်ပြီးတာနဲ့ မေးခွန်းတွေ မေးတတ်ကြပါတယ်။ ဒီလို စိတ်ဝင်တစား မေးတတ်ကြတာကြောင့် လူတွေက သူတို့ကို ခင်တတ်ကြပါတယ်။

၁၀။ မဝေဖန်တတ်ကြဘူး

ပေါင်းသင်းဆက်ဆံရေး ကောင်းသူတွေဟာ တခြားသူတွေအပေါ် ကဲ့ရဲ့ ဝေဖန်တာမျိုး မလုပ်တတ်ကြပါဘူး။ သဘောထားကြီးပြီး တခြားသူတွေကို နားလည်ပေးတတ်ကြပါတယ်။

သင်က ဒီအချက်တွေကို လိုက်နာမယ်ဆိုရင်တော့ အရင်ထက် အပေါင်းအသင်း ပိုဆံ့လာပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar