မိန်းကလေးတွေမှာတောင် ယောက်ျားလေးဆန်တဲ့ စိတ်မျိုးနဲ့ မိန်းကလေးရယ်၊ မိန်းကလေးဆန်တဲ့ အတွေးမျိုးနဲ့ ကောင်မလေးရယ် ဆိုပြီး အမျိုးမျိုးရှိပါတယ်။ မိန်းကလေးဆိုတိုင်း မိန်းကလေးဆန်နေတာ မဟုတ်ပါဘူး။ ဒီတစ်ခေါက်မှာတော့ နူးညံ့ပြီး မိန်းကလေးဆန်တဲ့ ကောင်မလေးတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့်တွေကို ဖော်ပြလိုက်ပါတယ်။ ယောက်ျားလေးဆန်တဲ့ မိန်းကလေးတွေကတော့ အောက်ဖော်ပြပါ အချက်တွေနဲ့ ဆန့်ကျင်ဘက်လို့ မှတ်ယူနိုင်ပါတယ်။
၁။ ကနေတတ်တယ်၊ သီချင်းဆိုနေတတ်တယ်
သဘောကျတဲ့ သီချင်းလေးတွေ၊ သံစဉ်တွေ ကြားတာနဲ့ လူမမြင်တဲ့ နေရာမှာ ကနေတတ်ပါတယ်။ ဒါ့အပြင် စိတ်ကူးယဉ်ဆန်ဆန် သီချင်းဆိုနေတတ်ပါတယ်။ ဒီလို စိတ်ကူးယဉ်တတ်တဲ့ မိန်းကလေးအများစုက မိန်းကလေးဆန်ကြပါတယ်။
၂။ ထိုင်တဲ့အခါ
ဘယ်နေရာမှာ ထိုင်ထိုင် ထိုင်လိုက်တာနဲ့ ပေါင်ဖြဲပြီး မထိုင်ဘဲ ခြေချိတ်ပြီး ထိုင်တတ်တဲ့ အမူအရာကို မိန်းကလေးဆန်တဲ့ ကောင်မလေးတွေမှာ တွေ့ရတတ်ပါတယ်။
၃။ ရတနာတွေ ဝတ်ရတာ နှစ်သက်တယ်
မိန်းကလေးဆန်သူတွေက အမြဲ လက်ကောက်လေးတွေ၊ နားကပ်တွေ၊ ဆွဲကြိုးတွေ ဝတ်တတ်ပါတယ်။
၄။ ပိုးသားလေးတွေ ပိုင်ဆိုင်တတ်တယ်
နူးညံ့ပြီး မိန်းကလေးဆန်တဲ့ ကောင်မလေးတွေ ပိုင်ဆိုင်တဲ့ အဝတ်အစားတစ်မျိုးက ပိုးသားတွေပါ။ ဖိနပ်၊ အင်္ကျီ၊ ခေါင်းအုံးစွပ်အများစုက ပိုးသားတောက်တောက်ပပတွေ ဖြစ်တတ်ပါတယ်။
၅။ လက်သည်းညှိတံဆောင်ထားတတ်တယ်
မိန်းကလေးဆန်တဲ့ ကောင်မလေးတွေက လက်သည်းလေးတွေ အမြဲညီနေဖို့ လက်သည်းညှိတဲ့ ပစ္စည်းကို အမြဲဆောင်ထားတတ်ပါတယ်။
၆။ ဆံပင်ကို အမြဲခါတတ်တယ်
ရှေ့မှာ ကျနေတဲ့ ဆံပင်ကို အမြဲ နောက်ဘက် လွှဲပို့တတ်ကြပါတယ်။
၇။ သုံးသမျှ အသုံးအဆောင်တွေကို ချစ်စရာကောင်းအောင် ထားတတ်တယ်
မိန်းကလေးဆန်တဲ့ ကောင်မလေးတွေက သူတို့ သုံးသမျှ အသုံးအဆောင် အများစုကို ချစ်စရာကောင်းအောင် ပြင်ဆင်တတ်ပါသေးတယ်။ အများစုက ပန်းရောင်လေးတွေ ဖြစ်တတ်ပါတယ်။
၈။ ဖိနပ်တွေကို ရူးသွပ်တယ်
ဒီလိုကောင်မလေးတွေက ဖိနပ်လေးတွေ ဝတ်စုရတာကိုလညး် နှစ်သက်ပါသေးတယ်။ မစီးဖြစ်ရင်တောင် သိမ်းထားတတ်ကြပါတယ်။
၉။ အလက်အလက် Filter
ဘယ်ပုံပဲ ရိုက်ရိုက် ဓာတ်ပုံတိုင်းလိုလိုမှာ အလက်အလက် Sparkle Filter လေးတွေကို မိန်းကလေးဆန်တဲ့ ကောင်မလေးတွေက ထည့်တတ်ပါတယ်။
၁၀။ လက်သည်းရောင်နဲ့ အင်္ကျီရောင်
မိန်းကလေးဆန်သူတွေက လက်သည်းရောင်ကို ဂရုစိုက် ဆိုးတတ်ကြပြီး လက်သည်းရောင်နဲ့ အင်္ကျီရောင်ကို ကွက်တိဖြစ်အောင် ဖန်တီးတတ်သူတွေ ဖြစ်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar