ဆံပင်အရောင်ချွတ်စရာမလိုဘဲ ဆိုးနိုင်မယ့် ဆံပင်အရောင် လှလှလေးများ သင်က ဆံပင်လည်း မပျက်စီးချင်ဘူး.. ဆံပင်အရောင်လည်း ဆိုးချင်တယ်ဆိုရင်တော့ အရောင်မချွတ်ရတဲ့ ဆံပင်အရောင်တွေကို ရွေးချယ်သင့်ပါတယ်။ ဒါ့အပြင် ဆံပင်အနက်ရောင် ပိုင်ရှင်တွေ အဖို့ အရောင်ချွတ်တဲ့အချိန် ပိုခက်ခဲတတ်ပါတယ်။ ဆံပင်အရောင်ချွတ်တာ များသွားရင် သင့်ဆံသား ခြောက်သွေ့ကာ ပျက်စီးသွားပါလိမ့်မယ်။ ဒါကို အရောင်ချွတ်ဖူးသူတိုင်း သိပါတယ်။ ဒါ့အပြင် ဆံပင်အရောင် ချွတ်ပြီးရင် ဆံပင်ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို ထပ်ဝယ်ရတာမို့ အကုန်အကျ မများချင်သူ ပျိုမေတို့ အတွက် Bleaching က အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီတစ်ခေါက်မှာတော့ ဆံပင်အရောင် ချွတ်စရာ မလိုဘဲ ဆိုးနိုင်မယ့် အရောင်တွေကို ဖော်ပြပါရစေ။

၁။ Chocolate Brown

ဒီအရောင်က Highlight ဖောက်ရင်လည်း လှပါတယ်။ သင့်ဆံပင်အနက်ကို အရောင်ပြောင်းချင်ရင် ရွေးသင့်တဲ့ အရောင်ပါ။

၂။ Mahogany

ဒီအရောင်ကိုတော့ ပျိုမေ အများစု ဆိုးဖူးမှာပါ။ မြန်မာနိုင်ငံသူ အများစုနဲ့ လိုက်ဖက်တဲ့ အရောင် ဖြစ်ပါတယ်။

၃။ Chestnut Brown

သင်က အလွှာလိုက် ဆံပင်ပုံစံ၊ Curtain Bang ညှပ်ထားတာ၊ ဆံပင်လှိုင်းတွန့် ပုံစံ ပိုင်ဆိုင်ထားရင် ဒီအရောင်ကို ဆိုးဖို့ တိုက်တွန်းပါရစေ။

၄။ Auburn

နီညိုရောင်လေး သဘောကျရင် ဒီ Auburn Colour လေး ဆိုးကြည့်ပါနော်။

၅။ Caramel

လင်းတဲ့ အရောင်ဘက် သွားချင်တဲ့ ပျိုမေတို့နဲ့ သင့်တော်ပါတယ်။

၆။ Burgundy

ဝိုင်နီရောင် Burgundy Colour က အရောင်ချွတ်ပြီး ဆိုးစရာ မလိုပါဘူး။ ရှည်လျားတဲ့ ဆံကေသာ ပိုင်ရှင်တွေနဲ့ လိုက်ဖက်ပါတယ်။

၇။ Golden Brown

ရွှေဝါရောင် သဘောကျတဲ့ ပျိုမေတို့နဲ့ အံကိုက်ပါပဲ။ Warm Tone Skin ကို ပိုင်ဆိုင်တဲ့ ပျိုမေတို့ Try ကြည့်သင့်တဲ့ အရောင်ပါ။

၈။ Cinnamon

သင်က အနီရောင်နဲ့ ရွှေဝါရောင် ဘယ်အရောင် ရွေးရမလဲ ဝေခွဲမရ ဖြစ်နေရင် ကြားရောင် ဖြစ်တဲ့ Cinnamon ကို ရွေးနိုင်ပါတယ်။

၉။ Mushroom Brown

အညိုရောင်ကိုမှ အရောင် အေးတဲ့ဘက် သွားချင်ရင် Mushroom Brown Colour ကို ရွေးသင့်ပါတယ်။

၁၀။ Toffee

ဒီအရောင်က အသားလတ်တဲ့ ပျိုမေတို့နဲ့ လိုက်ဖက်ပြီး အသားပိုဖြူသွားစေပါလိမ့်မယ်။

Photo source: Pinterest

By MyStyle Myanmar