အများစုက Glow Up ဆိုတဲ့ စကားလုံးကို စိတ်ဝင်စားသလို ဒီစကားလုံးအတိုင်းလည်း အမှန်တကယ် ဖြစ်ချင်ကြပါတယ်။ ဇာတ်လမ်းတွေထဲကလို ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ပြီး အရင်ထက် ပိုလှ ပိုအောင်မြင်ပြီး Glow Up ဖြစ်သွားတဲ့ ဇာတ်ကောင်တွေကို သင်ကြည့်ဖူးမှာပါ။

အထူးသဖြင့် ဆယ်ကျော်သက်လူငယ်တွေက Glow Up Transformation တွေကို ပိုစိတ်ဝင်စားတတ်ကြပါတယ်။ ကိုယ်ကိုယ်တိုင်က ပြောင်းလဲချင်လို့ ဒါမှမဟုတ် ကိုယ်နာကျည်းတဲ့သူတွေကို နောင်တရစေချင်လို့ စသဖြင့် အမျိုးမျိုး အကြောင်းပြချက်တွေကြောင့် Glow Up ဖြစ်ချင်ကြပါတယ်။ Glow Up ဖြစ်ချင်တဲ့ ဆယ်ကျော်သက် လူငယ်တွေ အနေနဲ့ အောက်ပါအချက်တွေကို ပြုလုပ်ကြည့်သင့်ပါတယ်။

၁။ တစ်နေ့မှာ ရေကို ၆ ခွက်ကနေ ၈ ခွက်အထိ သောက်ပေးပါ

Glow Up ဖြစ်ဖို့အတွက် အဓိက သူငယ်ချင်းက ရေပါ။ ရေသောက်ပေးတာက သင့်အထွေထွေ ကျန်းမာရေးကို ကောင်းစေတဲ့အပြင် အသားအရေ လှစေပါတယ်။

၂။ Skincare Routine တစ်ခုကို စတင်ပါ

ပိုလှပြီး Glow up ဖြစ်လာဖို့ အဓိက မျက်နှာအသားအရေကို ဂရုစိုက်သင့်ပါတယ်။ သင့်အသားအရေကို အဆင့်ဆင့် ဂရုစိုက်ဖို့ လိုတဲ့ Skincare Step တွေကို ပုံမှန်လုပ်သင့်ပါတယ်။ ဆယ်ကျော်သက်တွေအနေနဲ့ ကိုယ့်ထက် Senior ကျတဲ့ အစ်မတွေ၊ အစ်ကိုတွေဆီကနေ အကြံတောင်းပြီး Routine တစ်ခု စသင့်ပါတယ်။

၃။ တစ်ပတ်မှာ Face Mask ကို နှစ်ခါ သုံးပါ

သင့်အသားအရေ ပိုလှလာဖို့က Glow up အတွက် အရေးပါ ပါတယ်။ အသားအရေ ပိုစိုပြေပြီး ပိုသန့်လာဖို့ Face Mask ကို တစ်ပတ်မှာ နှစ်ခါ ကပ်ပေးသင့်ပါတယ်။

၄။ တစ်ပတ်မှာ လေ့ကျင့်ခန်းကို ၅ ကြိမ်ကနေ ၇ ကြိမ်ပြုလုပ်ပေးပါ

Glow up ဖြစ်လာဖို့ ခန္ဓာကိုယ် အချိုးအစားကလည်း အချိုးကျဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းကို မဖြစ်မနေ လုပ်ပေးဖို့ လိုပါတယ်။ တစ်ပတ်မှာ အနည်းဆုံး ၅ ကြိမ်ကနေစတင်ပြီး လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုပါမယ်။

၅။ လေ့ကျင့်ခန်း မလုပ်ချင်သူတွေအတွက်

သင်က ထွေထွေထူးထူး လေ့ကျင့်ခန်းတွေကို လိုက်မလုပ်ချင်ရင် နေ့တိုင်း ကြိုးခုန်ပေးနိုင်ပါတယ်။ သင်က ကြိုးခုန်မယ်ဆိုရင်တော့ တစ်နေ့မှာ ငါးမိနစ် သတ်မှတ်ကာ နေ့တိုင်း ခုန်ပေးသင့်ပါတယ်။

၆။ အစီအစဉ်တကျ နေထိုင်ပါ

Glow Up ဖြစ်ချင်တဲ့ လူငယ်တွေအနေနဲ့ ဘဝကို ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ပစ္စည်းတွေကို ဘယ်လိုထားမယ် စသဖြင့် အစီအစဉ်တကျ နေထိုင်သင့်ပါတယ်။ အစီအစဉ်တကျ Organize ဖြစ်သူတွေက အချိန်တိုအတွင်း Glow up ဖြစ်သူတွေ ဖြစ်ပါတယ်။

၇။ အသီးများများ စားပေးပါ

အသီးတွေက သင့်အသားအရေအတွက် ကောင်းတဲ့အပြင် သင့်ခန္ဓာကိုယ်အတွက်ပါ သင့်တော်ပါတယ်။ ဒါ့အပြင် သင်က ဝိတ်ကျဖို့ ကြိုးစားနေသူဆိုရင် ပိုစားသင့်ပါသေးတယ်။

၈။ စာကြိုးစားပါ

သင့်မှာ ပန်းတိုင်တစ်ခု သတ်မှတ်ထားသင့်ပြီး ဒါကိုရောက်ဖို့အတွက် မဆုတ်မနစ်ကြိုးစားသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ပြီး ကြိုးစားခြင်းကို Glow Up ဖြစ်ချင်သူတွေ လိုအပ်ပါတယ်။

၉။ အိပ်ချိန်ကို သတ်မှတ်ထားပါ

အိပ်ချိန်ကို ၇ နာရီကနေ ၈ နာရီ ထားသင့်ပြီး ညဘက်စောစော အိပ်ပေးကာ မနက်ကို စောစော ထသင့်ပါတယ်။ အိပ်ချိန်နောက်ကျတာကို လူငယ်တွေကြား အတွေ့များတာကြောင့် သင်က ဒီလူတွေနဲ့ မတူဘဲ ထူးခြားပြီး ကြိုးစားရင် Glow Up နိုင်မှာပါ။

၁၀။ ကိုယ့်ပုံစံနဲ့ ကိုယ်နေပါ

Glow up ဖြစ်ချင်တဲ့ ဆယ်ကျော်သက်တွေအနေနဲ့ ဘယ်သူနဲ့ တူရမယ်၊ ဘယ်သူ့အတိုင်း လိုက်နေမယ် စသဖြင့် တခြားအောင်မြင်သူတွေနဲ့ မနှိုင်းသင့်ပါဘူး။ ကိုယ့်ပုံစံ၊ ကိုယ့်စတိုင်နဲ့ပဲ နေသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar