သင် စားသုံးတဲ့ အစားအစာက သင့်ရဲ့အသားအရေကို ရောင်ပြန်ဟပ်စေတယ်ဆိုတာကို ယုံကြည်ပါသလား။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများ စားသုံးခြင်းက ကျန်းမာရေးကို အထောက်အကူပြုရုံသာမကဘဲ အသားအရေအလှအပကိုလည်း ထောက်ပံ့ပေးပါတယ်။

ပူပြင်းတဲ့နေရောင်ခြည်ဒဏ်၊ အလုပ်ကြောင့် စိတ်ဖိစီးခြင်း၊ ဖုန်မှုန့်နှင့် အညစ်အကြေးများ၊ ကျန်းမာရေးနဲ့ မညီညွှတ်သော မုန့်ပဲသွားရေစာများက အသားအရေကို ပျက်စီးစေပြီး ဝက်ခြံနှင့် အရေးအကြောင်းများကို ဖြစ်ပေါ်စေပါတယ်။

စာဖတ်သူများအနေနဲ့ ဝက်ခြံနဲ့ အရေးအကြောင်းများကို ဖယ်ရှားချင်ပြီး ကိုရီးယားမင်းသမီးလေးကို အသားအရေ လှပချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အစားအစာများကို များများနဲ့ မှန်မှန်စားသုံးပေးသင့်ပါတယ်။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များက အသားအရေ မွဲခြောက်ခြောက်ဖြစ်ခြင်းမှ ကာကွယ်ပေးပြီး Glow စေပါတယ်။

သစ်သီးများ

သရက်သီးက အသားအရေကို တင်းရင်းစေပြီး ငှက်ပျောသီးကတော့ အရေးအကြောင်းများကို ဖယ်ရှားပေးပါတယ်။ သင်္ဘောသီးက ဆဲလ်သေများနှင့် အညစ်အကြေးများကို ဖယ်ရှားပေးပြီး၊ လိမ္မော်သီး၊ ပန်းသီး၊ မာလကာသီး၊ ဘယ်ရီသီးများ၊ Grapefruit သီးများကတော့ အသားအရေကို ငယ်ရွယ်နုပျိုစေပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်သော အဆီများ

သဘာဝအဆီများ၊ အိုမီဂါသရီး၊ ဖက်တီးအက်ဆစ်များ ကြွယ်ဝစွာပါဝင်တဲ့ အစေ့အဆံများ၊ ဆော်လမွန်ငါး၊ တူနာငါး စသည်တို့ကလည်း အသားအရေကို Glow စေဖို့ ကူညီပေးပါတယ်။

မုန်လာဥနီ

မုန်လာဥနီကတော့ အသားအရေကို ချောမွေ့နူးအိစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး နေလောင်ဒဏ်ကြောင့် အသားအရေ ပျက်စီးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

ကြက်ဥနှင့် ဥအမျိုးမျိုး

ကြက်ဥများကလည်း အသားအရေကို ငယ်ရွယ်နုပျိုစေပြီး ပျက်စီးသွားတဲ့ ဆဲလ်သေများကို ပြန်လည် ပြုပြင်ပေးပါတယ်။

ထောပတ်သီး

ထောပတ်သီးချစ်သူများအတွက် သတင်းကောင်းလေးကတော့ ထောပတ်သီးက အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပြီး အရေးအကြောင်းများ၊ ဝက်ခြံများရန်မှလည်း ကာကွယ်ပေးပါတယ်။ တစ်နေ့ကို ထောပတ်သီးဖျော်ရည်တစ်ခွက် မှန်မှန်သောက်ပေးရုံနဲ့ လုံလောက်ပါတယ်။

Green Tea

Green Tea

သင့်အနေနဲ့ နေလောင်ဒဏ်ကြောင့် အသားအရေ ပျက်စီးနေတယ်ဆိုရင်တော့ Green Tea တစ်ခွက် မှန်မှန်သောက်ပေးဖို့ လိုပါတယ်။

ဝိုင်နီ

ဝိုင်နီသောက်သုံးခြင်းကလည်း အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

Dark Chocolate

Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့ Dark Chocolate ကတော့ အသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ပေးပြီး ရေဓာတ်ဖြည့်တင်းပေးကာ နူးအိချောမွတ်စေပါတယ်။

ရေ

ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက် ဆိုသလိုပဲ ရေက ကျန်းမာရေးအတွက်သာမက အလှအပအတွက်လည်း မရှိမဖြစ်လိုအပ်ပါတယ်။ သင့်ခန္ဓာကိုယ်က ရေဓာတ် ပြည့်ဝနေမယ်ဆိုရင် သင့်အသားအရေကလည်း သဘာဝအတိုင်း Glow နေမှာ အမှန်ပါပဲ။

Source: Stylecraze.com