Floral စကပ်တွေက မိန်းကလေးတိုင်းမှာ ရှိထားသင့်တဲ့ ဖက်ရှင် အဝတ်အစားတွေထဲက တစ်ခုပါပဲ။ ဒီစကပ်ပုံစံက ကိုယ်ရွေးတဲ့ အရောင်အလိုက် ကိုယ့်ကို မိန်းကလေးဆန်ဆန် ပိုလှစေနိုင်ပါတယ်။ Floral Skirt တစ်ထည် ရှိရုံနဲ့တင် အပေါ်ထပ် အင်္ကျီအမျိုးမျိုး ပြောင်းဝတ်ပြီး စတိုင်ပြောင်းနိုင်ပါသေးတယ်။ ဒါကြောင့်လည်း Floral Skirt တစ်ထည်ကို ပျိုမေတိုင်း အနည်းဆုံး တစ်ထည်လောက် လိုအပ်တာပါ။

သင်က ဒီလို စကပ်စတိုင်ကို သဘောကျတယ်ဆိုရင် အရောင်အလိုက် ပိုလှအောင် တွဲဖက်ဝတ်ဆင်နည်း တွေကို သိထားသင့်ပါတယ်။ ဒီတော့ ကြည့်လ်ိုက်ရအောင်နော်-

၁။ အဖြူရောင်စတိုင်

သင့် Floral Pattern အောက်ခံ အရောင်က အဖြူဆိုရင် အများကြီး စဉ်းစားစရာမလိုပါဘူး။ အပေါ်အင်္ကျီကိုလည်း အဖြူလေး တွဲလိုက်ရုံပါပဲ။

၂။ အနက်ရောင်စတိုင်

အပေါ်က အဖြူ သဘောတရားနဲ့ တူတူပါပဲ။ ပန်းပွင့်အရောင်ကို ကြည့်နေစရာမလိုပါဘူး။ သူ့နောက်ခံ အရောင်နဲ့တူတဲ့ အနက်ကို အပေါ်အင်္ကျီအနက်နဲ့ တွဲနိုင်ပါတယ်။

၃။ ဆွဲဆောင်မှုရှိတဲ့ အနီရောင်

စကပ်အရောင်က အနီလေး ဖြစ်မယ်ဆိုရင် အပေါ် အနီပါတဲ့ တီရှပ်နဲ့ တွဲနိုင်ပါတယ်။

၄။ အပြာရောင်လေး

ဒီတစ်ခါတော့ စကပ် အောက်ခံ အရောင်ကို မကြည့်ဘဲ ပန်းပွင့်အရောင်နဲ့ တူတဲ့ အပြာလေးကို အပေါ် အင်္ကျီ အပြာ အပွလေးနဲ့ တွဲဝတ်ကြည့်နိုင်ပါတယ်။

၅။ အရောင်လွင်လွင်လေး

သင်က ခရမ်းရောင်ကို ကြိုက်တယ်ဆိုရင် စကပ် ခရမ်းနဲ့အတူ ပေါ့ပေါ့ပါးပါး တီရှပ် ခရမ်းရောင်နဲ့ တွဲဖက်နိုင်ပါတယ်။

၆။ အရောင်အဖျော့

ဒီလို အရောင်အဖျော့ စကပ်နဲ့ အင်္ကျီအတွဲအစပ်က ကြည့်ရတာ မျက်လုံးအေးပြီး အထက်တန်းဆန်ပါတယ်။

၇။ အဖြူအနက် တွဲစပ်မှု

အဖြူအနက် ပန်းပွင့် Pattern စကပ်ကို အပေါ် အဖြူ လေးနဲ့ တွဲတာက ချစ်ဖို့ကောင်းပါတယ်။

၈။ အရောင်တွဲစပ်မှု

အပေါ်အင်္ကျီကို အရောင်လုံးဝ မတိုက်ချင်ရင်တောင် စကပ်အရောင်နဲ့ တူတဲ့ အရောင် နည်းနည်းပါရုံနဲ့ လုံလောက်ပါတယ်။

၉။ အရောင်အေးအေးလေး

အပြာရောင် Crazy တစ်ယောက်ဆိုရင် သင့်စကပ် အပြာလေးနဲ့ ဒီလို တွဲဖက်နိုင်ပါတယ်။

၁၀။ အရောင်ငြိမ်တဲ့ တွဲစပ်မှု

သင်က ပန်းရောင်အနုလေး ကြိုက်ရင် အောက်စကပ်ကို ဒီပုံစံလေး ရွေးချယ်နိုင်ပါတယ်။

Photo Source: Pinterest

by MyStyle Myanmar