ခန္ဓာကိုယ်မှာ အဆီပိုသိပ်မရှိတဲ့ပျိုမေတို့က အမြဲသွက်လက်ပြီး ကိုယ့်ကိုကိုယ် ကျေနပ်မှုရှိကြပါတယ်။ ဝိတ်တက်လာတဲ့အချိန်မှာတော့ အရင်လောက် မပေါ့ပါးတော့တာ၊ နေရထိုင်ရမကောင်းတော့တာတွေဖြစ်တတ်ပါတယ်။ သင်က အမြဲ ပိန်ပိန်ပါးပါးနဲ့ ကျန်းကျန်းမာမာ ဖြစ်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို သိထားသင့်ပါတယ်။

၁။ မနက်ပိုင်းကို တရားထိုင်တာ၊ ယောဂ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတစ်ခုနဲ့ အမြဲစတင်ပေးပါ။


၂။ မျှတတဲ့ ဘဝနေထိုင်မှု


ကျန်းမာတဲ့အမျိုးသမီးတွေက ဘယ်အချိန်မှာ အလုပ်လုပ်ရမယ်..လေ့ကျင့်ခန်းလုပ်ရမယ် စသဖြင့် ခွဲခြားပြီး ထားတတ်ပါတယ်။ အလုပ်တွေ များတယ်ဆိုပြီး လေ့ကျင့်ခန်းဘက် အချိန်မပေးတာမျိုး မလုပ်တတ်ကြပါဘူး။

၃။ ရေများများ သောက်ပါ။ အစာချေဖျတ်မှုကောင်းမွန်ဖို့ သင့်တစ်နေ့တာကို ရေနွေးနွေးလေး တစ်ခွက်နဲ့ စတင်သင့်ပါတယ်။


၄။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ တစ်ရက်လုပ်လိုက်၊ ဆယ်ရက် နားလိုက်ဆိုရင်တော့ သင်ဝိတ်တက်လာမှာ မလွဲမသွေပါပဲ။ တစ်ပတ်မှာ ငါးရက်လောက်လုပ်နိုင်ရင် လုံလောက်ပါတယ်။


၅။ သရေစာရှောင်ပါ။ အသင့်စား အစားအသောက်တွေက သင့်ခန္ဓာကိုယ်အတွက်မကောင်းပါဘူး။ အသက်ရလာလေ ပိုရှောင်သင့်လေပါပဲ။


၆။ Cardio လေ့ကျင့်ခန်းလုပ်ပါ။ ပြေးတာ၊ ရေကူးတာ၊ လမ်းလျှောက်တာ စတဲ့လေ့ကျင့်ခန်းတွေက Cardio လေ့ကျင့်ခန်းတွေပါ။


၇။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေကို ပိုစားပေးပါ။


၈။ ကိုယ်စားနိုင်စွမ်းကို ထိန်းချုုပ်ပါ။ ကိုယ်က အချိုကြိုက်ပေမယ့် ထိန်းစားဖို့ လေ့ကျင့်သင့်ပါတယ်။ ဘယ်ဟာက သင့်ခန္ဓာကိုယ်အတွက် စားသင့်လဲ သင်အသိဆုံးပါ။


၉။ Comfort Zone ထဲက ရုန်းထွက်သင့်ပါတယ်။ သင်က အဆီများတာတွေပဲကြိုက်တယ်။ ပိန်လည်းပိန်ချင်တယ်ဆိုရင်တော့ မဖြစ်နိုင်သေးပါဘူး။ ကိုယ့်ရဲ့ Unhealthy Lifestyle ကနေ Healthy Lifestyle ဘက်ကူးပြောင်းသင့်ပါတယ်။


၁၀။ Fitness နဲ့ပတ်သက်သမျှ အရာတွေနဲ့ ဝန်းရံထားပါ။ သင့် Facebook အကောင့်မှာ ဝိတ်ထိန်းတာနဲ့ ပတ်သက်တဲ့ Page တွေကို အမြဲ Follow ထားသင့်ပါတယ်။


Source: Herbeauty.co

By MyStyle Myanmar