Gym သွားရမျာပျင်းတဲ့သူတွေနဲ့ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းတဲ့သူတွေအတွက် အဆင်ပြေအောင်လို့ အိမ်မှာ TV ကြည့်ရင်းနဲ့လုပ်နိုင်တဲ့ လေ့ကျင့်ခန်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။

Squats

Squats ထိုင်တဲ့ လေ့ကျင့်ခန်းက တင်လှရုံတင်မဟုတ်ပဲ ခန္ဓာကိုယ်အောက်ပိုင်း လှပမှုအတွက်လည်း အထောက်အကူပြုပါတယ်။ ခြေထောက်နဲ့ပေါင်အတွက်လည်း လေ့ကျင့်ခန်းတစ်ခုပါပဲ။

Push-ups

Push-ups လေ့ကျင့်ခန်းကတော့ ခါးသေးချင်တဲ့သူတွေ၊ ဗိုက်အဆီကျချင်တဲ့သူတွေ မဖြစ်မနေလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

Leg lifts

Leg lifts လေ့ကျင့်ခန်းကတော့ ပုံမှာလုပ်ပြထားသလိုနေပြီး ခြေထောက်တစ်ဖက်ကို အပေါ်မြှောက်လိုက်၊ အောက်ပြန်ချလိုက် လုပ်ရမှာပါ။ ဘယ်ညာတစ်လှည့်စီ လုပ်ရမှာ ဖြစ်ပါတယ်။ တင်ဘေးချိုင့်တာပျောက်ပြီး တင်ဘေးသားပြည့်လာစေတယ်၊ တင်လှပစေတယ်၊ ပေါင်အဆီကျစေပါတယ်။

Donkey kicks

Donkey kicks လေ့ကျင့်ခန်းကလည်း ခန္ဓာကိုယ်အောက်ပိုင်းအတွက် အဓိကလေ့ကျင့်ခန်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ တင်ထွက်လာစေဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်းတစ်ခုပါ။

Leg stretches

ခြေထောက်အကြောဆန့်တဲ့ Leg stretches လေ့ကျင့်ခန်းကတော့ အညောင်းအညာပြေစေတာကြောင့် နေ့တိုင်းလုပ်သင့်ပါတယ်နော်။

Abdominal exercises

Abdominal ပိုင်းနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းတွေကလည်း TV ကြည့်ရင်း လုပ်လို့ရပါတယ်။ သူကတော့ ဗိုက်အဆီကျပြီး ဗိုက်ချပ် ခါးသေးစေမယ့် အကျိုးကျေးဇူးတွေ ရရှိမှာပါ။

Arm weight training

လက်မောင်းနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းတွေကို အလေးတုံးသုံးပြီးလုပ်ရတာမျိုးဆိုရင်လည်း TV ကြည့်ရင်း အေးဆေးလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေပါပဲ။

Back stretches

Back stretches လေ့ကျင့်ခန်းတွေဆိုရင် အညောင်းအညာပြေပြီး နာကျင်မှုတွေ သက်သာစေတယ်၊ စိတ်ဖိစီးမှုတွေ လျော့ကျစေပါတယ်။

ပြေးစက်နဲလမ်းလျှောက်ခြင်း

ပြေးစက်နဲ့ လမ်းလျှောက်တာကလည်း TV ကြည့်ရင်း အေးဆေးလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။

Sitting exercises

ထိုင်ပြီးလုပ်ရတဲ့ လေ့ကျင့်ခန်းတွေကလည်း အိမ်မှာ TV ကြည့်ရင်းနဲ့ အေးဆေးလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေချည်းပါပဲ။ ဒါကြောင့် ပျင်းတယ်ဆိုရင် ဒီလိုလေ့ကျင့်ခန်းတွေကို လုပ်ကြည့်ပါ။