အသက်အရွယ်ရလာရင် လက်တွေကအစ အရေခွံတွန့်တာ၊ အရေးအကြောင်းပေါ်တာမျိုးတွေ ရှိတာပါပဲ။ ဒီလိုမျိုးတွေ မြန်မြန်မဖြစ်အောင်၊ သွေးလည်ပတ်မှု ကောင်းမွန်ပြီး အချိန်ကြာကြာ နုပျိုတဲ့လက်လေးတွေကို ပိုင်ဆိုင်စေဖို့အတွက် ပုံမှန်လုပ်ပေးရမယ့် လေ့ကျင့်ခန်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။

Finger lifts

စားပွဲပေါ် လက်တင်ပြီး ပုံမှာပြထားတဲ့အတိုင်း လက်ချောင်းတစ်ချောင်းချင်းစီကို အပေါ်မလိုက်၊ ပြန်ချလိုက်နဲ့ တစ်ချောင်းကို ၁၀ ကြိမ်စီ လုပ်ပေးရပါမယ်။

Thumb flexion/extension

ပုံမှာပြထားတဲ့အတိုင်း လက်မကိုကွေးလိုက်၊ ပြန်ဆန့်လိုက်နဲ့ လုပ်ပေးရမှာပါ။ အကြိမ် ၂၀ လောက် လုပ်ပေးရင်ရပါပြီ။

Hand/finger tendon glide

ပုံမှာပြထားတဲ့ အဆင့် ၄ ဆင့်အတိုင်း ဖြေးဖြေးချင်းစီ လုပ်ပေးရုံပါပဲ။ ၄ ဆင့်လုံးပြီးမှ တစ်ကြိမ်လို့သတ်မှတ်ပြီး စုစုပေါင်း ၁၀ ကြိမ် လုပ်ပေးပါ။

Finger bends

ပုံမှာပြထားတဲ့အတိုင်း လက်ချောင်းတစ်ချောင်းချင်းစီကို ကွေးလိုက်၊ ပြန်ဆန့်လိုက်နဲ့ လုပ်ပေးရမှာပါ။ တစ်ချောင်းကို ၁၀ ကြိမ်စီ လုပ်ပေးပါ။

Finger stretch

လက်ချောင်းတစ်ချောင်းချင်းစီကို လက်နဲ့ ပုံမှာပြထားသလို ဆွဲဆန့်ပေးရမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။

Wrist to finger massage

လက်ကောက်ဝတ်ကို ပုံမှာပြထားတဲ့အတိုင်း လက်ချောင်းလေးနဲ့ အပေါ်ကိုတွန်းပြီး massage လုပ်နှပ်နယ်ပေးရမှာ ဖြစ်ပါတယ်။

Finger web massage

လက်ချောင်းကြားလေးကို ပုံမှာပြထားသလို massage လုပ် နှိပ်နယ်ပေးရမယ့် လေ့ကျင့်ခန်းပါ။

Finger to thumb touches

ဒီလေ့ကျင့်ခန်းကတော့ လက်မနဲ့ ကျန်တဲ့လက်ချောင်း ၄ ချောင်းကို တစ်ချောင်းချင်းစီ ထိအောင်စုပေးရမှာ ဖြစ်ပါတယ်။

Wrist ulnar/radial deviation

ဒီလေ့ကျင့်ခန်းကျတော့ လက်ကောက်ဝတ်ကို ပုံမှာပြထားသလို လေ့ကျင့်ခန်းလုပ်ပေးရမှာပါ။ ပုံစံ ၂ မျိုးလုပ်ပြီးမှ တစ်ကြိမ်လို့သတ်မှတ်ပြီး စုစုပေါင်း ၁၀ ကြိမ် လုပ်ပေးရပါမယ်။

Fist clench

လက်သီးဆုပ်လိုက်၊ လက်ဖဝါးပြန်ဖြန့်လိုက်နဲ့ အနည်းဆုံး ၅ ကြိမ် လုပ်ပေးရုံပါပဲ။