မိန်းကလေးတွေပဲ Fashion Accessories တွေ လိုအပ်တာ မဟုတ်ပါဘူး။ ယောကျာ်းလေးတွေမှာလည်း Accessories အချို့ လိုအပ်ပါသေးတယ်။ သင်က ကြည့်ကောင်းအောင်နေမှ သင့်ကိုယ်သင် လေးစားစိတ် ပိုရှိလာပါမယ်၊ မိန်းကလေးတွေလည်း သင့်ကို ပိုစိတ်ဝင်စားလာပါလိမ့်မယ်။ ဒီတစ်ခေါက်မှာတော့ ယောကျာ်းလေးတိုင်း လိုအပ်တဲ့ Fashion Accessories (၉) မျိုးကို ဖော်ပြပေးပါရစေ။ ပစ္စည်းတိုင်းကို ပိုင်ဆိုင်ထားစရာ မလိုပါဘူး။ ကိုယ့်အတွက် လိုအပ်တဲ့အရာကိုပဲ ရွေးချယ်ပြီး ဝယ်နိုင်ပါတယ်။

၁။ နာရီ

နာရီဒိုင်ခွက် ကြီးကြီးက သင့်ပုံစံကို ပိုရင့်ကျက်သွားစေပြီး အထာကျစေပါလိမ့်မယ်။

၂။ လက်ပတ်

ပလတ်တီနမ် ဒါမှမဟုတ် ငွေလက်ပတ်က သင်ဝတ်တဲ့ ဖက်ရှင်ပုံစံနဲ့ လိုက်ဖက်ဖို့ အထောက်အကူပြုပါလိမ့်မယ်။

၃။ ဆွဲကြိုး

ဆွဲကြိုးတွေကလည်း နဂိုထက် စတိုင်ကျကျ နေချင်တဲ့ ယောကျာ်းလေးတွေအတွက် သင့်တော်ပါတယ်။

၄။ လက်စွပ်

လက်စွပ်တွေကလည်း သင့်ပုံစံကို နဂိုထက် ပိုမိုက်စေပါလိမ့်မယ်။

၅။ ခါးပတ်

ခါးပတ်တွေက သင့်ကို ပိုယောကျာ်းပီသတဲ့ အသွင်ရစေပြီး ပိုကြည့်ကောင်းစေပါလိမ့်မယ်။

၆။ Baseball Cap

Baseball ဦးထုပ်တွေက နေပူတဲ့အချိန်အတွက် သင့်တော်သလို သင့်ကို ပိုကြည့်ကောင်းစေပါတယ်။

၇။ ကျောပိုးအိတ်

ကျောပိုးအိတ် က လူငယ်ဆန်ဆန် ကြည့်ကောင်းချင်တဲ့ ယောကျာ်းလေးတွေအတွက် မရှိမဖြစ်ပါပဲ။

၈။ နေကာမျက်မှန်

ဒါကိုတော့ အမျိုးသားတိုင်းလိုလို ပိုင်ဆိုင်မှာပါ။ ကားမောင်းတဲ့အချိန် နေကာမျက်မှန်နဲ့ အထာကျကျ ဝတ်ဆင်နိုင်ပါတယ်။

၉။ ရေမွှေး

ကိုယ့်အကြောင်းကို ပိုဖော်ပြပေးနိုင်မယ့် ရေမွှေးတစ်မျိုးကိုလည်း အမျိုးသားတိုင်း ပိုင်ဆိုင်ထားသင့်ပါတယ်။ အနံ့ မွှန်ထွက်နေတဲ့ ရေမွှေးတွေကိုတော့ သတိထားသင့်ပါတယ်။

Photo Source: Pinterest