Color ဆိုးထားတဲ့ ဆံပင်အရှည်နဲ့ ကောင်မလေးတွေအတွက် ပြင်ဆင်ရတာလွယ်ကူတဲ့ ဆံပင်ပုံစံ ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဆံပင်အရှည်ထားပြီး အမြဲဖားလျားချထားတာ၊ စည်းထားတာကျတော့လည်း ရိုးပါတယ်။ ဒါကြောင့် ကိုယ့်ဆံသားအလှ ပိုပေါ်လွင်အောင် အမျိုးမျိုးပြင်ဆင်ကြည့်ပါ။

ဒီဆံပင်ပုံစံလေးဆိုရင် ရှင်းရှင်းလေးနဲ့ သပ်သပ်ရပ်ရပ်ဖြစ်ပြီးလှတာကြောင့် ရုံးသွား၊ ကျောင်းသွားအတွက်ပါ အရမ်းအဆင်ပြေပါတယ်။

ရိုးရိုးတစ်ဝက်စည်းတာတွေက ရိုးနေပြီဆိုတော့ ဒီလိုလေးပြင်ကြည့်ပါ။ သပ်ရပ်ပြီးလှနေတာပါပဲ။

ပုံစံနည်းနည်းဆန်းတာမျိုးလေး လုပ်ချင်တယ်ဆိုရင် ဒီလိုဆံပင်ပုံစံလေး ပြင်ကြည့်ပါ။ ကျစ်ဆံမြီးပုံစံမျိုးစုံ ကျစ်တတ်ရင်တော့ အရမ်းလွယ်ကူမှာပါ။

လူငယ်ကောင်မလေးတွေဆိုရင် ဒီဆံပင်ပုံစံလေး ပြင်ကြည့်ပါ။ သွက်လက်ပေါ့ပါးတဲ့စတိုင်လ်လေးနဲ့ ချစ်ဖို့ကောင်းစေပါတယ်။

ဆံပင်စည်းရတာကြိုက်ရင် ပုံစံအမျိုးမျိုးစည်းလို့ရအောင် ဒီဆံပင်ပုံစံလေးကိုလည်း ပြင်ဆင်ကြည့်ပါ။

ပွဲတွေသွားစရာရှိတဲ့အခါမှာတောင် အဆင်ပြေတဲ့ ဆံပင်ပုံစံလေးပါ။ အရမ်းလည်းလှပါတယ်။ ကျစ်ဆံမြီးကို ပုံစံမျိုးစုံကျစ်တတ်ရင်တော့ ဒီပုံစံလေးက လွယ်ကူနေမှာပါ။

ကပိုကယိုလေးနဲ့ လှနေစေမယ့် ဆံပင်ပုံစံလေးပါ။ ရုံးသွား၊ ကျောင်းသွားအတွက်လည်း အဆင်ပြေသလို လူကြီးလူငယ်မရွေး အကုန်လုံးနဲ့လည်း လိုက်ဖက်ပါတယ်။

အမြင့်စည်းပြီး ဆံပင်နဲ့ပဲ ပြန်ပတ်ထားတဲ့ ဒီဆံပင်ပုံစံလေးကလည်း တစ်မျိုးဆန်းပြီး လှပါတယ်။ ဆံပင်စည်းရတာကြိုက်ရင် ပုံစံတစ်မျိုးထဲမစည်းပါနဲ့။ ဒီလိုအမျိုးမျိုးစည်းကြည့်ပါ။

လူကြီးမဆန်ပဲလှတဲ့ ဆံထုံးပုံစံလေးဖြစ်သလို ထုံးရတာလည်း အရမ်းလွယ်ကူပါတယ်။

သပ်သပ်ရပ်ရပ်လေးနဲ့ လှနေစေမယ့် ဆံပင်ပုံစံလေးပါ။ အလုပ်သွား၊ ကျောင်းသွားအတွက် အဆင်ပြေသလို ပွဲလည်းတိုးတဲ့ ဆံပင်ပုံစံလေး ဖြစ်ပါတယ်။