အထိုင်းများပြီး ခါးနာတဲ့သူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျောနာတာ၊ ခါးနာတာ ဖြစ်လေ့ရှိတဲ့သူတွေအတွက် ဒီလိုနာကျင်တာကို သက်သာစေမယ့် လွယ်ကူသောလေ့ကျင့်ခန်း ၁၀ ခုကို မျှဝေပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း ၁

မှောက်ယှက်အနေအထားနဲ့ ခြေထောက်တွေ၊ လက်တွေကို ပုံမှာပြထားတဲ့အတိုင်း ဆန့်ထားပြီး အရင်နေရပါမယ်။ ပြီးမှ ဒုတိယပုံထဲကလို ခါးအပေါ်ပိုင်းကိုပဲ မတ်ပေးပါ။ ပြီးရင် ပြန်မှောက်ပါ။ အဲ့အတိုင်း Position နှစ်မျိုးကို ဆက်တိုက် ၁၀ ကြိမ်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၂

ရေကူးသလိုမျိုး ပုံမှာပြထားတဲ့အတိုင်း ဘယ်ခြေမြှောက်၊ ညာလက်မြှောက်၊ ပြီးရင် ညာခြေမြှောက်၊ ဘယ်လက်မြှောက်ပြီး ဆက်တိုက် တစ်လှည့်စီ လုပ်ပေးရမှာပါ။ အနည်းဆုံး ၁၀ ကြိမ်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၃

ပထမပုံထဲကအတိုင်း အရင်နေပါ။ ပြီးမှ ခါးအပေါ်ပိုင်းကို ထောင်မတ်လိုက်ပြီး လက်နှစ်ဖက်ကိုလည်း ဘေးကားလိုက်ပါ။ အဲ့အတိုင်း တစ်လှည့်စီ ဆက်တိုက် ၁၀ ကြိမ်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၄

ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပေးပါ။ အချိန်ပြည့်ရင် ဘယ်ညာပြောင်းပြီး နောက်ထပ် စက္ကန့် ၃၀ ထပ်နေပေးရုံပါပဲ။

လေ့ကျင့်ခန်း ၅

ခြေထောက်နှစ်ဖက်ကို ထပ်ထားပြီး လက်နှစ်ဖက်က ခေါင်းပေါ်မှာ တစ်ဖက်နဲ့တစ်ဖက် ပုံမှာပြထားသလို လုပ်ပေးပါ။ အဲ့အတိုင်းနေပြီး ခါးနဲ့အပေါ်ပိုင်းကို ဘယ်ကွေးလိုက်၊ ညာကွေးလိုက် လုပ်ပေးရမှာပါ။ ဒါလည်း ၁၀ ကြိမ်ပါပဲ။

လေ့ကျင့်ခန်း ၆

ပုံမှာလုပ်ပြထားသလို Child’s Pose အနေအထားနဲ့ အနည်းဆုံး စက္ကန့် ၃၀ မှ စက္ကန့် ၆၀ အထိ နေပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၇

အရင်ဆုံး ပထမပုံထဲကလိုထိုင်ပြီး ခါးကို ဘယ်လှည့်၊ ညာလှည့် ၁၀ ကြိမ်လုပ်ပေးပါ။ အကြိမ်ရေပြည့်ရင် ခြေထောက်အနေအထားကို ဘယ်ညာပြောင်းလုပ်ပြီး ခုနကလိုပဲ ၁၀ ကြိမ် ထပ်လုပ်ပေးပါ။

ပြီးရင် နောက်ထပ် ဒုတိယပုံထဲကလိုလှဲနေပြီး စက္ကန့် ၃၀ နေပေးပါ။ အချိန်ပြည့်ရင် ဘယ်ညာပြောင်းပြီး နောက်ထပ် စက္ကန့် ၃၀ ထပ်နေပေးပါ။

လေ့ကျင့်ခန်း ၈

ဒီလေ့ကျင့်ခန်းမှာလည်း ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပေးပါ။ အချိန်ပြည့်ရင် ခြေထောက်ကို ဘယ်ညာပြောင်းလုပ်ပြီး စက္ကန့် ၃၀ ထပ်နေပေးပါ။

လေ့ကျင့်ခန်း ၉

ပုံမှာလုပ်ပြထားသလို လက်နှစ်ဖက်ကိုထောက်ပြီး ဘယ်ခြေထောက်ဆန့်၊ ညာခြေထောက်ကွေး၊ ပြီးရင် ညာခြေထောက်ဆန့်၊ ဘယ်ခြေထောက်ကွေးနဲ့ ဆက်တိုက် တစ်လှည့်စီ တစ်ဖက်ကို ၁၀ ကြိမ် လုပ်ပေးရမှာပါ။

လေ့ကျင့်ခန်း ၁၀

လှဲနေပြီး ခြေထောက်တစ်ဖက်ကိုထောင်၊ နောက်ခြေထောက်တစ်ဖက်ကို လက်နဲ့ကိုင်ပြီး ကွေးထားပါ။ အဲ့အတိုင်း ၁၀ စက္ကန့်နေလိုက်၊ ပြန်ချပြီး နောက်တစ်ဖက်ပြောင်းလုပ်လိုက်နဲ့ တစ်ဖက်ကို ၁၀ စက္ကန့်စီ တစ်ဖက်ကို ၅ ကြိမ်စီ လုပ်ပေးရင် ရပါပြီ။