ခြေသည်းပုံဖော်ရတာကို ဝါသနာပါတဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ ဆိုင်သွားပြီး တကူးတက ပုံဖော်နေစရာမလိုပဲ အိမ်မှာ လွယ်လွယ်ကူကူ ကိုယ်တိုင်ပုံဖော်လို့ရတဲ့ ခြေသည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လက်ငြိမ်ရင် အလွယ်တကူ ပုံဖော်နိုင်မှာ သေချာပါတယ်။

ဒီခြေသည်းဒီဇိုင်းဆိုရင် လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။ အသည်းပုံလေးကလည်း ပုံဖော်ရလွယ်ကူသလို Smile ပုံနဲ့ ကြက်ခြေခတ်ပုံလေးကလည်း ပုံဖော်ရတာ အရမ်းလွယ်ပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးဆိုရင်လည်း တစ်ဆင့်ချင်းစီ သေချာပုံဖော်မယ်ဆိုရင် လွယ်ကူပါတယ်။ ချစ်ဖို့ကောင်းပြီး လူငယ်ဆန်တဲ့ ဒီဇိုင်းအဆန်းလေးပါပဲ။

အဖြူရောင်ဆိုးပြီး ပုံဖော်ထားတဲ့ ဒီခြေသည်းဒီဇိုင်းလေးကလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ ပုံဖော်ရလွယ်ကူတဲ့ ဒီဇိုင်းလေးပါပဲ။

နောက်ထပ် ချစ်ဖို့ကောင်းတဲ့ ခြေသည်းဒီဇိုင်းလေးပါ။ ဒီခြေသည်းဒီဇိုင်းဆိုလည်း ကိုယ်တိုင်ပုံဖော်ဖို့ အဆင်ပြေမှာ သေချာပါတယ်။

ခြေမမှာ အစက်လေးတွေ ချရုံပဲဆိုတော့ အလွယ်ဆုံးဒီဇိုင်းလေးပါပဲ။ အိမ်မှာ ဒီလိုခြေသည်းဒီဇိုင်းလေးကိုလည်း ကိုယ်တိုင်ပုံဖော်ဆိုးကြည့်နော်။

ဒီဇိုင်းဆန်းတဲ့ ဒီခြေသည်းဒီဇိုင်းဆိုလည်း အိမ်မှာ ကိုယ်တိုင်ပုံဖော်ဖို့ဆိုရင် အရမ်းလွယ်ပါတယ်။ အရောင်လေးတွေသာ သေချာရွေးပြီး စပ်ဆိုးတတ်ရင် အရမ်းလှမှာပါ။

အကွက်လေးတွေကို တိတ်နဲ့ကပ်ပြီး ပုံဖော်ဆိုးလို့ရပါတယ်။ ဒါလည်း လွယ်ကူတဲ့ ဒီဇိုင်းလေးဖြစ်လို့ ပုံဖော်ကြည့်နော်။

ဒီခြေသည်းဒီဇိုင်းဆိုရင် ပုံဖော်ရတာလည်း လွယ်ကူသလို လှလည်းလှပါတယ်။

ရှင်းရှင်းလေးနဲ့လှတဲ့ ခြေသည်းဒီဇိုင်းလေးပါ။ ဒါကလည်း အလွယ်ကူဆုံးဒီဇိုင်းပဲ ဖြစ်မှာပါ။

သွားကြားထိုးတံလေးသုံးပြီး ပုံဖော်လို့ရတဲ့ ခြေသည်းဒီဇိုင်းလေးပါ။ ပုံဖော်ရတာလွယ်ကူပြီး လှလည်းလှတာကြောင့် Try ကြည့်နော်။

Photo source:www.pinterest.com