အနီရောင် နှုတ်ခမ်းနီက သင့်ပုံစံကို လုံးဝပြောင်းလဲပစ်နိုင်မယ့် အလှကုန်တစ်မျိုးပါ။ အနီရောင်က စွမ်းအင်၊ အဆင့်အတန်းနဲ့ ကျက်သရေစတဲ့ ဂုဏ်ရပ်တွေကို ဖော်ညွှန်းနေပါတယ်။ အနီရောင်နှုတ်ခမ်းနီက အဝတ်အစားတိုင်းနဲ့ လိုက်ဖက်ပြီး ပျိုမေတိုင်းကို ဆွဲဆောင်မှုရှိစေတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒါပေမဲ့ နှုတ်ခမ်းနီ အနီရောင်က ဆိုးတတ်ရင် အရမ်းလှသွားစေသလို ရှောင်စရာ အချက်တွေကို မသိရင်လည်း ကြည့်မကောင်းဖြစ်စေပါတယ်။ ဒီတော့ နှုတ်ခမ်းနီ အနီရောင် ဆိုးတဲ့အချိန်မှာဆောင်ရန်ရှောင်ရန်တွေကို သိထားဖို့လိုပါတယ်။

၁။ ကိုယ့်အသားအရောင်နဲ့ လိုက်ဖက်တဲ့ အနီရောင်ကို ရွေးချယ်တတ်ပါစေ


အသားဖြူတဲ့ သူတွေအနေနဲ့ ပန်းရောင်အောက်ခံရှိတဲ့ အနီရောင််ကို ရွေးချယ်သင့်ပါတယ်။ Raspberry Red အရောင်ကိုရွေးပေးပါ။ သင့်အသားရောင်က နွေးတဲ့ဘက် အရောင်အညိုဘက်သွားရင် လိမ္မော်နီရောင်မျိုးက အဆင်ပြေပါတယ်။

၂။ အနီရောင် မျိုးစုံကို ရောပါ


အနီရောင်မှာမှ အရောင်အမျိုးမျိုး ကွဲထွက်နေပါသေးတယ်။ ကိုယ့်အိမ်မှာရှိတဲ့ အနီရောင်နှုတ်ခမ်းနီမျိုးစုံကို ရောဆိုးကြည့်ပါ။

၃။ အရောင်ရွှဲတဲ့ လင်းတဲ့ အနီရောင်ကိုရှောင်ပါ


နှုတ်ခမ်းနီအခြောက်ကို ရွေးပေးပါ။ အရည်စိုတဲ့ နှုတ်ခမ်းနီအနီရောင်မျိုးကို ရှောင်ပေးပါ။

၄။ နှုတ်ခမ်းကို ချေးချွတ်ပါ


ကိုယ့်နှုတ်ခမ်းပေါ်က ဆဲလ်သေတွေ အညစ်အကြေးတွေကို ဖယ်ရှားဖို့ ချေးချွတ်ပေးသင့်ပါတယ်။ သကြားနဲ့ ပျားရည် ဒါမှမဟုတ် သကြားနဲ့ သံလွင်ဆီ စတဲ့ သဘာဝပစ္စည်းတွေနဲ့ နှုတ်ခမ်း Exfoliate လုပ်လို့ရပါတယ်။ ကိုယ့်လက်ထိပ်လေးတွေသုံးပြီး ဒီ အရောကို နှုတ်ခမ်းပေါ် စက်ဝိုင်းပုံစံ ပွတ်ပေးပါ။ ပြီးနောက် ဆေးချပြီး အစိုဓာတ်ထိန်းခရင် တစ်မျိုးလိမ်းပေးပါ။

၅။ နှုတ်ခမ်း ကောက်ကြောင်းကို အရင် လိုင်းဆွဲပါ


နှုတ်ခမ်းလိုင်းဆွဲတာကို ပျိုမေအများစုက မလုပ်တတ်ကြပါဘူး။ နှုတ်ခမ်းနီဆိုးတဲ့အချိန်မှာတော့ နှုတ်ခမ်းထိပ်ကို “X” ပုံစံ အရင် ပုံစံချပါ။ ပြီးနောက် နှုတ်ခမ်းပုံစံအတိုင်း လိုင်းဆွဲသွားပါ။ ပြီးတော့မှ နှုတ်ခမ်းနီကို ထပ်ဖြည့်ပါ။

၆။ နှုတ်ခမ်း ဘရပ်ရှ်နဲ့ နှုတ်ခမ်းနီဆိုးပါ


နှုတ်ခမ်းနီတောင့်နဲ့ တိုက်ရိုက်ဆိုးတာထက် ဘရပ်ရှ်နုနုလေးနဲ့ နှုတ်ခမ်းနီ ဆိုးပေးပါ။

၇။ တခြားမလိုတဲ့ အရောင်တွေကို ဖယ်ရှားပါ


နှုတ်ခမ်းပေါ်က တခြားမလိုတဲ့ မိတ်ကပ်တွေ၊ ဆီတွေကိုလည်း ဖယ်ရှားဖို့ မမေ့ပါနဲ့။ ဒါက နှုတ်ခမ်းနီအနီရောင်ကို အနှောင့်အယှက်ပေးနိုင်ပါတယ်။

၈။ Eyeliner တွေ မျက်တောင်ကော့ဆေးတွေမများပါစေနဲ့


Eyeliner ပါးပါးလေးပဲ ခြယ်ပေးပါ။ နှုတ်ခမ်းနီ အနီရောင်က တောက်ပနေတဲ့အပြင် ဒီအရာတွေကပါ ထင်းနေမယ်ဆိုရင် သိပ်ကြည့်ကောင်းမှာမဟုတ်ပါဘူး။

၉။ နှုတ်ခမ်းနီရောင်နဲ့ လက်သည်းရောင်ကို တူအောင် ထားပါ


သင်နှုတ်ခမ်းနီ အနီရောင်ဆိုးထားတဲ့အချိန် လက်သည်းကိုလည်း အနီရောင်ဆိုးဖို့ မမေ့ပါနဲ့နော်။

၁၀။ ကိုယ့်မျက်နှာကို အာရုံရောက်စေမယ့် အဝတ်အစားကို ရွေးချယ်ပါ


နှုတ်ခမ်းနီ အနီရောင်ဆိုးထားတဲ့အချိန် ကိုယ်ဝတ်တဲ့အဝတ်အစားကို Neutral အရောင်တွေကိုပဲ ရွေးပေးပါ။ အနက်ရောင်၊ မီးခိုးရောင်၊ အဖြူရောင်၊ Beige စတဲ့ အရောင်တွေကို ရွေးဝတ်ပေးပါ။ အနီရောင်ကို တအားထင်းသွားစေမယ့် ပန်းဆီရောင်အဝတ်အစားမျိုးကို ရှောင်ပေးပါ။

Source: Brightside.me

By MyStyle Myanmar