ကိုယ်ရွေးချယ်ဝတ်ဆင်လိုက်တဲ့ အဝတ်အစားက ကိုယ့်ကိုယုံကြည်ချက်ရှိအောင်၊ စိတ်ပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်တယ်ဆိုတာကို လက်ခံပါသလား။ အခုပြောပြပေးမယ့် အချက် ၁၀ ချက်ကို ဆင်ခြင်ပေးမယ်ဆိုရင်တော့ သင့်ကို အသက်ကြီးတဲ့ပုံပေါက်စေတာကို ရှောင်ကြဉ်နိုင်မှာပါ။

၁။ လည်ပင်းပိတ် အင်္ကျီတွေရှောင်ပါ

သင့်ကို ပိုပြီး ငယ်တဲ့ပုံပေါက်အောင် လည်ပင်းပိတ်တွေဝတ်မဲ့အစား သင့်တော်တဲ့ လည်ပင်းအပြဲလေးတွေ ဝတ်ပါ။

၂။ စကပ်အရှည်ဝတ်ခြင်း

စကပ်အရှည်တွေက ပုံတုံးတုံးနဲ့ သင့်ကို အဘွားကြီးပုံစံပေါက်စေမှာပါ။ စကပ်အတိုတွေကျပြန်တော့ အမြင်ရိုင်းမှာ စိုးနေရင် ဒူးဖုံးစကပ်လေးတွေ ရွေးဝတ်ပါ။

၃။ သိုးမွေးအင်္ကျီတွေကို အိမ်မှာပဲဝတ်ပါ

၄။ လည်စည်းပုဝါဝတ်ပြီး လည်ပင်းဖုံးထားခြင်းကို ရှောင်ကြဉ်ပါ

၅။ အမဲရောင် အလွန်အကျွံဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ

အမဲရောင်က စတိုင်ကျပေမဲ့ သင့်ရဲ့မျက်နှာပေါ်က အရေးအကြောင်းတွေကို ပေါ်လွင်စေပါတယ်။ အရောင်တောက်တောက်လေးတွေ ရွေးဝတ်ပါ။

၆။ မိတ်ကပ် လျော့လိမ်းပါ

မိတ်ကပ်အလွန်အကျွံလိမ်းခြင်း၊ အရောင်တောက်တောက် နှုတ်ခမ်းနီများက သင့်နှုတ်ခမ်းအနီးတစ်ဝိုက်က အရေးအကြောင်းတွေကို သိသာစေပါတယ်။ သဘာဝဆန်တဲ့ မိတ်ကပ်နဲ့ နှုတ်ခမ်းနီကိုသာ လိမ်းခြယ်ပေးပါ။

၇။ အင်္ကျီအပွနဲ့ ဘောင်းဘီအပွကို တွဲဖက်ဝတ်ဆင်တာမျိုး မပြုလုပ်ပါနဲ့

၈။ ဖြစ်နိုင်မယ်ဆိုရင်တော့ မျက်မှန်အစား မျက်ကပ်မှန်ပြောင်းတပ်ပါ

၉။ ပန်းပွင့်ပုံ အင်္ကျီနဲ့ ဂါဝန်များ

ပန်းပွင့်ပုံ ဂါဝန်တွေက ဒိတ်အောက်နေပါပြီ။ အဲ့ဒီအစား အင်္ကျီအရောင်ဖျော့လေးတွေကို ရွေးချယ်ဝတ်ဆင်ပါ။

၁၀။ ဆံပင် အတိုကြီး မညှပ်ချလိုက်ပါနဲ့

ဆံပင်တိုလေးတွေက စတိုင်ကျပုံပေါ်ပေမဲ့ ကိုယ့်ရှိရင်းစွဲအသက်ထက် ပိုကြီးသွားစေပါတယ်။ ဆံပင်ကုတ်ဝဲလေးပဲဖြစ်ဖြစ်၊ ဆံပင်အရှည်ပဲဖြစ်ဖြစ် ထားပါ။

Source: Brightside.me