ခြေသည်းပုံဖော်ရတာကိုကြိုက်တဲ့ လူငယ်ကောင်မလေးတွေအတွက် ဒီဇိုင်းဆန်းပြီး အရမ်းချစ်ဖို့ကောင်းတဲ့ ခြေသည်းဒီဇိုင်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။ လူငယ်ကောင်မလေးတွေ အရမ်းသဘောကျမယ့် ဒီဇိုင်းလေးတွေ ဖြစ်မှာပါ။

ခြေသည်းကို တစ်ချောင်းချင်းစီပုံဖော်ထားတာက အရမ်းချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ဆို အရမ်းလိုက်ဖက်တဲ့ ဒီဇိုင်းဖြစ်ပါတယ်။

အစိမ်းရောင်ကြိုက်ရင်တော့ ဒီခြေသည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ အရောင်လေးကအစ လူငယ်ဆန်စေပါတယ်။

အရောင်နုနုလေးတွေကြိုက်ရင် ဒီခြေသည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ ခြေထောက်လေးသန့်သွားပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ ခြေထောက်ဖြူတဲ့ကောင်မလေးတွေနဲ့ ပိုပြီးလိုက်ဖက်မှာပါ။

ဒီခြေသည်းဒီဇိုင်းလေးဆိုရင် မိန်းကလေးတိုင်းနဲ့ကို လိုက်ဖက်တဲ့ဒီဇိုင်းလေးပါ။ အရောင်ကအစ အသားဆောင်ပြီး ငြိမ်တဲ့အရောင်ဖြစ်လို့ မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပါတယ်။

အခုနောက်ပိုင်းမှာ cow ဒီဇိုင်းလေးတွေကလည်း အရမ်းခေတ်စားနေတာကြောင့် လူငယ်ကောင်မလေးတွေအနေနဲ့ ခြေသည်းပုံဖော်ရင်လည်း cow nail design လေး ပုံဖော်ကြည့်ပါ။

အနီရောင်ကြိုက်ရင် ဒီခြေသည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ခြေမကိုပဲ ပုံဖော်ထားတာလေးက ရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီဇိုင်းပိုဆန်းသွားအောင် ဒီလိုလေးလည်း ပုံဖော်လို့ရပါသေးတယ်။ ဒီခြေသည်းဒီဇိုင်းလေးဆိုရင် လူငယ်ကောင်မလေးတွေအပြင် လူလတ်ပိုင်းတွေနဲ့ဆိုလည်း လိုက်ဖက်ပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးဆိုရင် အရမ်းလှပြီး ချစ်ဖို့ကောင်းပါတယ်။ အပင်လေးတွေချစ်ရင်၊ အစိမ်းရောင်ကြိုက်ရင်တော့ ဒီခြေသည်းဒီဇိုင်းလေးကို သဘောကျမှာပါ။

ခြေသည်းကို အမဲရောင်ဆိုးရတာပဲ ကြိုက်တယ်ဆိုရင်တော့ ဒီခြေသည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်သင့်ပါတယ်။ ဒီဇိုင်းဆန်းပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

အသည်းပုံဒီဇိုင်းလေးတွေကို သဘောကျရင် ဒီခြေသည်းဒီဇိုင်းလေးကိုလည်း သဘောကျမှာပါ။ အနီနဲ့အဖြူကို စပ်ဆိုးထားတာဖြစ်လို့ ပိုပေါ်လွင်ပြီး အရမ်းလှပါတယ်။

photo source:www.pinterest.com