Cute Type ကြိုက်တဲ့ ကောင်မလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းတဲ့ အရုပ်လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ အရမ်းချစ်ဖို့ကောင်းတာကြောင့် ဒီဇိုင်းအားလုံးကို ပုံဖော်ချင်စိတ်ပေါက်လာမှာ သေချာပါတယ်။

အကြည်ပေါ်မှာ ပုံဖော်ထားတာဖြစ်လို့ ကိုရီးယားဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ အရောင်လေးကလည်း ပုံဖော်ရင်ဆိုးနေကျအရောင်တွေထဲက ကွဲထွက်နေတာကြောင့် ပိုချစ်ဖို့ကောင်းသွားစေပါတယ်။

ဝက်ဝံရုပ်လေးတွေကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ အရောင်ကအစ အရမ်းချစ်ဖို့ကောင်းပါတယ်။

ကြောင်ချစ်တဲ့ကောင်မလေးတွေဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ Chibi cat ပုံလေးတွေဖြစ်လို့ ပိုချစ်ဖို့ကောင်းပါတယ်။ အရောင်လေးကလည်း အရမ်းချစ်ဖို့ကောင်းတဲ့ အရောင်လေးပါ။

အခုနောက်ပိုင်းမှာ cow pattern တွေက အရမ်းခေတ်စားနေတာကြောင့် လက်သည်းဒီဇိုင်းဆိုလည်း cow ဒီဇိုင်းလေးတွေက မပါမဖြစ်ပါပဲ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရောင်နဲ့ဒီဇိုင်းက အရမ်းချစ်ဖို့ကောင်းပါတယ်။ သူ့အရောင်က အသားဆောင်တဲ့အရောင်လေးပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ စပ်ထားတဲ့အရောင်တွေကလည်း ဘိုဆန်တာကြောင့် ဘယ်တော့မှရိုးမသွားမယ့် လက်သည်းဒီဇိုင်းပါပဲ။

Matte type ကိုဆိုးပြီး လက်မမှာ အရုပ်ပုံအပြည့်နဲ့ ဒီလိုလေးပုံဖော်လို့လည်း ရပါသေးတယ်။ ဒီဇိုင်းဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။

အရုပ်အစုံနဲ့ ရောင်စုံလေးပုံဖော်ချင်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ နည်းနည်းကလေးဆန်ပေမယ့် အရမ်းချစ်ဖို့ကောင်းတာကြောင့် လူငယ်ကောင်မလေးတွေနဲ့ကတော့ လိုက်ဖက်ပါတယ်။

ပန်းရောင်ကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးလည်း ပုံဖော်လို့ရပါသေးတယ်။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

Micky mouse fan တွေဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

Photo source:www.pinterest.com