ခြေသည်းပုံဖော်ချင်တဲ့ လူငယ်ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ချစ်ဖို့ကောင်းတဲ့ ခြေသည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ လူငယ်ဆန်တဲ့ cute type သီးသန့်ဖြစ်လို့ လူငယ်ကောင်မလေးတွေ၊ ဆယ်ကျော်သက်ကောင်မလေးတွေနဲ့ဆို အရမ်းကိုလိုက်ဖက်မှာ သေချာပါတယ်။

ပန်းပွင့်ဒီဇိုင်းကိုမှ ချစ်ဖို့ကောင်းအောင် ပုံဖော်ထားတဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။ ပန်းပုံကြိုက်တဲ့ လူငယ်ကောင်မလေးတွေဆိုရင် ဒီလိုလေးပုံဖော်ကြည့်နော်။

ဘဲပုံလေးတွေချစ်တဲ့ ကောင်မလေးတွေဆိုရင် ဒီခြေသည်းဒီဇိုင်းလေးကို ပုံဖော်လိုက်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

မြင်နေကျဒီဇိုင်းတွေနဲ့ လုံးဝမတူပဲ ချစ်ဖို့ကောင်းတဲ့ လူငယ်ဆန်ဆန် ဒီဇိုင်းဆန်းလေးပါ။ Cute type ကြိုက်တဲ့ လူငယ်ကောင်မလေးတွေ ပုံဖော်သင့်တဲ့ ဒီဇိုင်းလေးပါ။

အနက်ရောင်ကြိုက်တဲ့သူတွေအတွက် ချစ်ဖို့ကောင်းစေမယ့် လူငယ်ဆန်ဆန် ခြေသည်းဒီဇိုင်းလေးပါ။

 

အစိမ်းရောင်ကြိုက်တယ်ဆိုရင် လူငယ်ကောင်မလေးတွေက ဒီလိုအစိမ်းရောင်နုနုလေးကို ဆိုးပါ။ လူငယ်ဆန်ပြီး ပိုချစ်ဖို့ကောင်းပါတယ်။ပုံဖော်ထားတဲ့ဒီဇိုင်းကလည်း အရမ်းချစ်ဖို့ကောင်းလွန်းတဲ့ ဒီဇိုင်းမျိုးဆိုတော့ လူငယ်ကောင်မလေးတွေအတွက် ကွက်တိပဲပေါ့။

Snoopy ကြိုက်တဲ့ကောင်မလေးတွေ ပုံဖော်သင့်တဲ့ ခြေသည်းဒီဇိုင်းလေးပါ။ ရှင်းရှင်းလေးနဲ့ ထင်းပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

အရောင်ငြိမ်ငြိမ်လေးဆိုးထားတာဖြစ်တဲ့အပြင် ခြေမအပြည့်ပုံဖော်ထားတဲ့ ဒီဇိုင်းလေးက ခွေးချစ်တဲ့ ကောင်မလေးတွေဆိုရင် အရမ်းသဘောကျမှာ သေချာပါတယ်။

ဒါကတော့ Jerry fan လေးတွေအတွက် အရမ်းချစ်ဖို့ကောင်းတဲ့ လူငယ်ဆန်ဆန် ဒီဇိုင်းလေးပါ။

အနီရောင်ကြိုက်တဲ့ကောင်မလေးတွေက အရုပ်ပုံတွေမဖော်ချင်ဘူးဆိုရင် ဒီ Stawberry ခြေသည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

အရောင်လေးတွေက လူငယ်ဆန်တဲ့အပြင် ဒီဇိုင်းကလည်း လူငယ်ဆန်တဲ့ ချစ်စရာဒီဇိုင်းလေးဖြစ်လို့ လူငယ်ကောင်မလေးတွေနဲ့ အရမ်းလိုက်ပါတယ်။