လက်သည်းရှည်မှ ပုံဖော်လို့ရတာမဟုတ်ပါဘူး။ လက်သည်းအရှည်မဟုတ်လည်း လှအောင်ပုံဖော်လို့ရပါတယ်။ အဓိကကတော့ ဒီဇိုင်းသေချာရွေးပြီး ပုံဖော်တတ်ဖို့ပဲ့ လိုတာပါ။ ဒါကြောင့် လက်သည်းအရှည်မထားတဲ့ Short Nails လေးတွေအတွက် ချစ်ဖို့ကောင်းတဲ့လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

အခုနောက်ပိုင်း အရမ်းခေတ်စားနေတဲ့ Cow Pattern လက်သည်းဒီဇိုင်းလေးဆိုရင် လက်သည်းရှည်တဲ့သူမှ ပုံဖော်လို့ရတာမဟုတ်ပါဘူး။ Short Nails လေးတွေပုံဖော်ရင်လည်း ချစ်ဖို့ကောင်းပါတယ်။ လက်ချောင်းအပြည့် ပုံမဖော်ပဲ ဒီလိုလေးဖော်ကြည့်ပါ။

Matte လက်သည်းနီလေးတွေနဲ့ ဒီလိုလေးပုံဖော်ရင်လည်း အရမ်းလှပါတယ်။ လက်သည်းအရှည်မထားတဲ့ Short Nails လေးတွေနဲ့ အရမ်းလိုက်တဲ့ လက်သည်းဒီဇိုင်းလေးလည်း ဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် တစ်ချောင်းထဲမှာ ပုံဖော်ထားပြီး ဆိုးထားတဲ့အရောင်တွေကလည်း ဘိုဆန်တာကြောင့် Short Nails လေးတွေနဲ့ဆို အရမ်းလိုက်မှာပါ။

အဝါရောင်ကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်ကြည့်ပါ။ အရမ်းလှပြီး ချစ်ဖို့ကောင်းပါတယ်။ လက်သည်းအရှည်မထားရင် ဒီပုံလေးကို တစ်ခါလောက်တော့ ပုံဖော်ကြည့်သင့်ပါတယ်။

လက်သည်းအရှည်မထားတဲ့ လူငယ်ကောင်မလေးတွေဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်ပါ။ ဒီဇိုင်းဆန်းပြီး အရမ်းချစ်စရာကောင်းပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးက Short Nails တွေနဲ့မှ ပိုလိုက်ဖက်တာပါ။

ရိုးရိုးရှင်းရှင်းလေးပဲ ပုံဖော်ချင်တယ်ဆိုရင်တော့ Short Nails လေးတွေအနေနဲ့ ဒီလက်သည်းဒီဇိုင်းလေးကို ရွေးချယ်နိုင်ပါတယ်။

ပန်းပုံလေးတွေ၊ မိန်းကလေးဆန်တာလေးတွေကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးလည်း ပုံဖော်လို့ရပါတယ်။ ဒီဇိုင်းဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။

ခွေးချစ်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်လို့ရပါတယ်။ Short Nails လေးတွေအတွက်တော့ တကယ့်ကို Cute Type ပုံစံလေးပါပဲ။

အရောင်နုနုလေးတွေနဲ့ ဒီဇိုင်းဆန်းပြီး ချစ်ဖို့ကောင်းတာလေးကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ ဒါက Short Nails တွေနဲ့မှလိုက်ဖက်တဲ့ လက်သည်းဒီဇိုင်းလည်း ဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ရိုးရိုးရှင်းရှင်းလေးပါပဲ။ ဒါပေမယ့် တစ်ဖက်ကိုတစ်မျိုးစီ ဆိုးထားတာဖြစ်လို့ ကြည့်ရတာအမြင်တစ်မျိုးဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။

photo source:www.pinterest.com