လက်သည်းပုံဖော်ရတာ ဝါသနာပါတဲ့သူတွေထဲကမှ များသောအားဖြင့် လူငယ်ကောင်မလေးတွေ အကြိုက်ဖြစ်မယ့် အရုပ်ပုံလက်သည်းဒီဇိုင်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ပန်းရောင်ကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်လိုက်ပါ။ အရမ်းချစ်ဖို့ကောင်းတဲ့ cute type လေးပါပဲ။ အရောင်ကအစ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းနေတာပါ။

ဒီလက်သည်းဒီဇိုင်းလေးကျတော့ ပန်းရောင်ပေမယ့် ဝက်ပုံစံလေးကို အဓိကပုံဖော်ထားတာပါ။ လက်သည်းအရမ်းမရှည်ရင် ဒါမျိုးလေးတွေက ချစ်ဖို့ကောင်းပါတယ်။

ဒါကျတော့ နွားပုံလေးကို အဓိကပုံဖော်ထားတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ဒီဇိုင်းဆန်းပြီး ချစ်ဖို့ကောင်းတဲ့အပြင် အရောင်ကအစ ငြိမ်ငြိမ်လေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။

Pooh ကြိုက်တဲ့သူတွေနဲ့ အဝါကြိုက်တဲ့သူတွေကတော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ အရမ်းချစ်ဖို့ကောင်းပြီး ကြည့်လိုက်တာနဲ့ ထင်းနေတာပါပဲ။

ဝက်ဝံရုပ်လေးနဲ့ စတော်ဘယ်ရီလေးနဲ့ ဆိုးထားတဲ့အရောင်လေးနဲ့က လုံးဝကို match ဖြစ်ပြီး ချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေကတော့ သဘောကျမှာသေချာပါတယ်။

အရမ်း cute ဖြစ်တာမျိုးလည်းမကြိုက်ဘူးဆိုရင် ဒီလက်သည်းဒီဇိုင်းလေးက အဆင်ပြေပါတယ်။ အရောင်နဲ့ ပုံဖော်ထားတဲ့ဒီဇိုင်းတွေက အရမ်းလှပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ ကိုယ်တိုင်တောင် အိမ်မှာပုံဖော်ဖို့လွယ်တဲ့ ဒီဇိုင်းမျိုးပါ။

အရောင်ထင်းထင်းကြီးတွေ ဆိုးရတာမကြိုက်ရင်တော့ ဒါမျိုးလေး ပုံဖော်ကြည့်ပါ။ ကြည့်ရတာရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

လက်သည်းအရှည်မထားရင် ဒါမျိုးဒီဇိုင်းလေးတွေပဲ ပုံဖော်ပါ။ လက်သည်းအတိုလေးတွေနဲ့ ပိုလိုက်ပြီး အရမ်းလည်းချစ်ဖို့ကောင်းပါတယ်။

Line sticker လေးတွေကို ပုံဖော်ထားတာဖြစ်ပြီး စပ်ထားတဲ့အရောင်တွေကလည်း မိုးပြာရောင်နဲ့ အဖြူရောင်ဖြစ်လို့ အရမ်းလိုက်ဖက်ပြီး ချစ်ဖို့ကောင်းပါတယ်။

photo source:www.pinterest.com