ဆယ်ကျော်သက်ကောင်မလေးတွေအတွက် လက်သည်းပုံဖော်တဲ့အခါမှာ ချစ်ဖို့ကောင်းနေစေမယ့် လက်သည်းဒီဇိုင်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။ တချို့ဒီဇိုင်းလေးတွေဆိုရင် ကိုယ်တိုင် အိမ်မှာပုံဖော်လို့ရတဲ့ ဒီဇိုင်းလေးတွေ ဖြစ်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ကိုယ်တိုင် အိမ်မှာပုံဖော်လို့ရပါတယ်။ အရမ်းလွယ်ကူပါတယ်။ အရောင်ကတော့ သေချာရွေးဖို့လိုမယ်နော်။

ချစ်ဖို့ကောင်းအောင် ဒီလိုလေးလည်း ပုံဖော်လို့ရသေးတယ်နော်။ ဒီလက်သည်းဒီဇိုင်းလေးဆိုရင် လက်သည်းအတိုအရှည် အားလုံးနဲ့ လိုက်ဖက်ပါတယ်။

အဖြူရောင်ဆိုးချင်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ နောက်ထပ်လက်သည်းဒီဇိုင်းလေးပါ။ ဒီလက်သည်းဒီဇိုင်းဆိုလည်း အိမ်မှာ ပုံဖော်ဖို့အတွက်ဆို လွယ်ပါတယ်။

အပြာရောင်ကြိုက်တဲ့ ကောင်မလေးတွေ ပုံဖော်ကြည့်သင့်တဲ့ လက်သည်းဒီဇိုင်းလေးပါ။ အရမ်းချစ်ဖို့ကောင်းပြီး ဒီဇိုင်းလေးလည်း ဆန်းပါတယ်။

မိန်းကလေးဆန်တဲ့အရောင်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါ။ Cute type ကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးကိုလည်း ပုံဖော်ကြည့်နော်။

အရောင်ငြိမ်လေးနဲ့ ပုံဖော်ထားတဲ့ဒီဇိုင်းလေးကလည်း ချစ်ဖို့ကောင်းပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးကလည်း အိမ်မှာ အလွယ်တကူ ပုံဖော်လို့ရပါတယ်။

အရောင်နုနုလေးတွေကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

လက်သည်းဒီဇိုင်းကို အစုံပုံဖော်ချင်တာဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းကိုသာ ရွေးချယ်လိုက်နော်။ ပုံဖော်ထားသမျှကလည်း ချစ်ဖို့ကောင်းတာချည်းပါပဲ။

ပန်းပွင့်ပုံ ရိုးရိုးလေးကိုမှ မြင်နေကျနဲ့မတူအောင် ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကလည်း ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

Photo source:www.pinterest.com