လက်သည်းအရှည်ထားမှ ပုံဖော်လို့ရတာမဟုတ်ပါဘူး။ လက်သည်းအရှည်မထားလည်း ကိုယ့်လက်သည်းနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းမျိုးကို ပုံဖော်လို့ရပါတယ်။ ဒါကြောင့် လက်သည်းအရှည်မထားတဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

လက်သည်းအရှည်မထားလည်း လက်သည်းကို accessories လေးတွေပါကပ်ပြီး ပုံဖော်လို့ရပါတယ်။ ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရမ်းလှပြီး အသားလည်းဆောင်ပါတယ်။

လက်သည်းအရှည်မထားရင် လက်သည်းပုံဖော်တဲ့အခါ cute ဖြစ်တဲ့ဒီဇိုင်းတွေနဲ့ ပိုလိုက်ဖက်ပါတယ်။ ဒီလက်သည်းဒီဇိုင်းဆိုရင် အကြည်ဆိုးပြီးပုံဖော်ထားတာဖြစ်လို့ ရှင်းရှင်းလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။

လက်သည်းကိုပုံဖော်ရတာသိပ်မကြိုက်ရင် ဒီလိုလေး ဒီဇိုင်းအစုံဆိုးလို့လည်း ရပါတယ်။ လက်သည်းအရှည်မထားတဲ့သူတွေနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် နေကြာပန်းကို တစ်ပွင့်ထဲအကြီးပုံဖော်ထားတာ အရမ်းချစ်ဖို့ကောင်းပါတယ်။ အရောင်ကလည်း ခရမ်းနဲ့အဝါကို ဆိုးထားတာဖြစ်လို့ လူငယ်ဆန်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရမ်းချစ်ဖို့ကောင်းလွန်းလို့ လက်သည်းအရှည်မထားတဲ့သူတွေ ပုံဖော်သင့်တဲ့ ဒီဇိုင်းလေးပါ။ bubble tea ပုံလေးနဲ့ အရောင်လေးက အသက်ပါပဲ။

ဒီပန်းပွင့်ပုံလေးကို ပုံဖော်ပြီး လက်သည်းနီကို ရောင်စုံဆိုးတာမျိုးက လက်သည်းအတိုလေးတွေနဲ့မှ ပိုလိုက်ဖက်တာပါ။ လူငယ်ဆန်ပြီး အရမ်းလည်း ချစ်ဖို့ကောင်းပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် တစ်ချောင်းကို ဒီဇိုင်းတစ်မျိုးစီပုံဖော်ထားတာ အရမ်းလှပြီး ချစ်ဖို့လည်းကောင်းပါတယ်။ ဒါလည်း လက်သည်းအရှည်မထားတဲ့သူတွေနဲ့ ပိုလိုက်ဖက်တဲ့ဒီဇိုင်းပါပဲ။

ဒီလိုလက်သည်းဒီဇိုင်းလေးဆိုရင် ဘယ်တော့မှရိုးမသွားပဲ အရမ်းလှပါတယ်။ လက်သည်းအရှည်မထားတဲ့သူတွေအတွက်တော့ ကိုရီးယားဆန်တဲ့ လက်သည်းဒီဇိုင်းလေး ဖြစ်ပါတယ်။

အရမ်း cute ဖြစ်တာမျိုးတွေကြိုက်ရင်တော့ လက်သည်းအရှည်မထားတဲ့သူတွေအနေနဲ့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်ကြည့်ပါ။ ခွေးချစ်တဲ့သူလေးတွေဆိုရင်တော့ သဘောကျမှာသေချာပါတယ်။

လက်သည်းအရှည်မထားတဲ့သူတွေက လက်သည်းပုံဖော်တာမျိုးမကြိုက်ရင် လက်သည်းနီကို ရောင်စုံဆိုးလို့ရပါတယ်။ လိုက်ဖက်တဲ့အရောင်လေးတွေကို ရွေးဆိုးတတ်ရင် အရမ်းလှမှာပါ။ ဒီလိုဆိုးတာမျိုးက ကိုရီးယားမလေးတွေဆိုးနေကျ ပုံစံလေးလည်းဖြစ်ပါတယ်။

photo source:www.pinterest.com