လက်သည်းကို almond shape ထားတဲ့သူတွေအတွက် ချစ်ဖို့ကောင်းတဲ့လက်သည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ လက်သည်းပုံဖော်ချင်ပေမယ့် ဘာပုံဖော်ရမလဲ စဉ်းစားရခက်နေရင်လည်း ဒီလက်သည်းဒီဇိုင်းပုံလေးတွေကိုကြည့်ပြီး ပုံဖော်ဖို့ idea ရသွားမယ်လို့ထင်ပါတယ်။

Cow လက်သည်းဒီဇိုင်းလေးတွေက အရမ်းခေတ်စားနေတာကြောင့် မဖြစ်မနေထည့်ပေးလိုက်ပါတယ်။ ဒီ cow ဒီဇိုင်းလေးဆိုရင် smile ပုံလေးပါနေတာကြောင့် အမြင်တစ်မျိုးဆန်းပြီး ပိုချစ်ဖို့ကောင်းသွားစေပါတယ်။

ဒီဇိုင်းဆန်းပြီး အရမ်းချစ်ဖို့ကောင်းတာမျိုးလေး ပုံဖော်ချင်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ ဒီလက်သည်းဒီဇိုင်းက လေးထောင့်လက်သည်းတွေနဲ့ဆိုရင်တောင် သိပ်မလိုက်ပါဘူး။ Almond shape လက်သည်းလေးတွေနဲ့မှ ပိုလိုက်တာပါ။

ဒီလက်သည်းဒီဇိုင်းလေးကျတော့ အရမ်းချစ်ဖို့ကောင်းတဲ့အပြင် အရောင်လေးကပါ ဘိုဆန်နေတာကြောင့် ပုံဖော်ကြည့်သင့်ပါတယ်။ ဒါလည်း almond shape ထားတဲ့ လက်သည်းလေးတွေနဲ့မှ ပိုလိုက်ဖက်တာပါ။

အရောင်နုနုလေးတွေကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ အရောင်နုနုလေးတွေနဲ့ ပုံဖော်ထားတဲ့ဒီဇိုင်းကလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ သူ့ဒီဇိုင်းက ဆောင်းရာသီ၊ နွေရာသီတွေနဲ့ အရမ်းလိုက်ဖက်တဲ့ ပုံစံမျိုးလေးပါ။

အရမ်းကလေးဆန်တာ၊ လူငယ်ဆန်တာမျိုး မကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်ကြည့်ပါ။ ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။

အစိမ်းရောင်ကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေး ပုံဖော်ကြည့်ပါ။ ဖားပုံလေးကို ပုံဖော်ထားတာ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဖားပုံလေးက ဒီလို almond shape လက်သည်းတွေနဲ့မှ ဒီဇိုင်းပိုလှတာပါ။

Almond shape လက်သည်းကိုမှ တိုတိုလေးထားထားတဲ့သူတွေဆိုရင် ဒီလက်သည်းဒီဇိုင်းလေး ပုံဖော်လို့ရပါတယ်။ အရောင်စပ်ထားတာနဲ့ ဒီဇိုင်းလေးက အရမ်းချစ်ဖို့ကောင်းပါတယ်။

ပန်းရောင်ကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်သင့်ပါတယ်။ ပန်းရောင်လေးနဲ့ စတော်ဘယ်ရီဒီဇိုင်းလေးနဲ့က အရမ်းကိုချစ်စရာကောင်းပါတယ်။ ဘယ်တော့မှလည်း ရိုးမသွားမယ့်ဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းကျတော့ rainbow ဒီဇိုင်းလေးနဲ့ ကြယ်လေးတွေနဲ့ ပုံဖော်ထားတာ အရမ်းလှပြီး ချစ်ဖို့ကောင်းပါတယ်။ မြင်နေကျပုံစံမျိုးမဟုတ်တဲ့ လက်သည်းဒီဇိုင်းလေးပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အိမ်မှာတောင် ကိုယ်တိုင်ပုံဖော်လို့ရတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ရိုးရှင်းပြီး ချစ်ဖို့ကောင်းပါတယ်။

Photo source:www.pinterest.com