မိုးရာသီမှာ အပြင်သွားတဲ့အခါ ဆံပင်ဖားလျားချထားရင် မိုးတွေလေတွေနဲ့ ဆံပင်ရှုပ်ပွပြီး မိုးရေစိုကုန်တာမျိုးတွေ အရမ်းဖြစ်ပါတယ်။ အဓိကကတော့ မိုးရွာနေတဲ့အချိန် အပြင်သွားမယ်ဆိုရင် ဆံပင်ဖားလျားမချတာ ပိုကောင်းပါတယ်။ ဒါကြောင့် ဆံပင်ကို အမျိုးမျိုးပြင်ဆင်ရတာ သဘောကျတဲ့ ကောင်မလေးတွေအတွက် မိုးရာသီအတွက်လည်း အဆင်ပြေပြီး ချစ်ဖို့လည်းကောင်းတဲ့ hairstyle 10 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ဒါကတော့ အရိုးရှင်းဆုံးပါပဲ။ ဆံပင်စုစည်းတာပါ။ ပိုပြီးချစ်ဖို့ကောင်းချင်ရင်တော့ ဒီတိုင်းမစည်းပဲ ပုဝါလိုခေါင်းစည်းကြိုးတွေ၊ ခေါင်းစည်းကြိုးလှလှလေးတွေ၊ ဖဲပြားလေးတွေနဲ့ စည်းကြည့်ပါ။

ဆံထုံးအမြင့်လေးထုံးတာက ကိုရီးယားဆန်ပြီး ချစ်ဖို့ကောင်းသလို မိုးရာသီအတွက်လည်း အရမ်းအဆင်ပြေတဲ့ hairstyle ပါ။ ဆံပင်ရေစိုတာ၊ ရှုပ်ပွတာမျိုးလည်း ဖြစ်တော့မှာမဟုတ်ပါဘူး။

Claw clip လေးတွေနဲ့ ဆံပင်လှန်တင်တာကတော့ အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေတဲ့ hairstyle ဖြစ်ပါတယ်။ မိုးရာသီအတွက်လည်း အဆင်ပြေတာကြောင့် ကိုယ်က ဆံပင်ဖားလျားချချင်တယ်ဆိုရင် claw clip လေးကို အိတ်ထဲထည့်သွားပြီး မိုးရွာလာမှ လှန်တင်လိုက်လို့လည်း ရပါတယ်။

နောက်တွဲဆံထုံးလိုမျိုးလေးထုံးပြီး ဒီလိုအလှကလစ်လေးတပ်လိုက်တော့ လူကြီးမဆန်တော့ပဲ ချစ်ဖို့ကောင်းသွားစေပါတယ်။ ဒါလည်း မိုးရာသီအတွက် အဆင်ပြေတဲ့ hairstyle ပါ။

ဆံထုံးလေးနှစ်ဖက်ကို ဒီလိုအမြင့်လေးထုံးတာဆိုလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ဆို ပိုပြီးလိုက်တဲ့ hairstyle လေးပါ။ မိုးရာသီအတွက်လည်း အဆင်အပြေဆုံးပါပဲ။

ဆံပင်နှစ်ဖက်ခွဲပြီး ဒီလိုလေးထုံးထားတာဆိုလည်း အရမ်းချစ်ဖို့ကောင်းတဲ့ cute type hairstyle လေးပါ။ မိုးရာသီမှာ ဆံပင်ရေမစိုစေမယ့် hairstyle မျိုးလည်း ဖြစ်ပါတယ်။

ဆံပင်ရှည်တဲ့သူတွေဆိုရင် ကျစ်ဆံမြီးကို တစ်ဖက်ချပြီး ကျစ်ကြည့်ပါ။ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းသလို မိုးရာသီအတွက်လည်း အရမ်းအဆင်ပြေပါတယ်။

ကျစ်ဆံမြီးနှစ်ဖက်ခွဲကျစ်တာလည်း ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ hairstyle ဖြစ်သလို မိုးရွာတဲ့အချိန်မှာ ဆံပင်ရေစိုမှာ၊ ရှုပ်ပွမှာကိုလည်း စိတ်ပူစရာမလိုတော့ပါဘူး။

ဒီ hairstyle လေးဆိုရင် အထာကျပြီးမိုက်သလို ချစ်ဖို့လည်းကောင်းပါတယ်။ မိုးရွာတဲ့အချိန် ဆံပင်ရှုပ်ပွတာ၊ ရေစိုတာမျိုးမဖြစ်ပဲ အထာကျကျနဲ့ ချစ်ဖို့ကောင်းနေမှာပါ။

ဆံပင်အရှည်ကြီးတွေကျတော့ ခုနကလို hairstyle မျိုးနဲ့ သိပ်ပြီးအဆင်မပြေတဲ့အတွက် ဒီလိုလေးစည်းလို့ရပါတယ်။ မိုးရာသီအတွက်လည်း အရမ်းအဆင်ပြေတဲ့ hairstyle လေးပါ။

Photo source:www.pinterest.com