ဆံပင်အရမ်းမရှည်တဲ့ ကောင်မလေးတွေအတွက် နေ့တိုင်းပြင်ဆင်ဖို့အဆင်ပြေပြီး ချစ်ဖို့လည်းကောင်းတဲ့ Hairstyle 10 မျိုးကို မျှဝေပေးလိုက်ပါတယ်။ တစ်နေ့တစ်မျိုးမရိုးအောင် ဒီ Hairstyle လေးတွေကို ပြင်ကြည့်လိုက်တော့နော်။

ဒီ Hairstyle လေးဆိုရင် မိန်းကလေးဆန်ဆန်နဲ့ အရမ်းလှနေမှာဖြစ်သလို ချစ်ဖို့လည်းကောင်းနေစေမယ့် Hairstyle လေးပါ။ ထသွားထလာအတွက်လည်း အဆင်ပြေသလို ပွဲတက်အတွက်လည်း အဆင်ပြေပါတယ်။

လူငယ်ဆန်ပြီး သွက်လက်တဲ့ပုံစံလေးနဲ့ ချစ်ဖို့ကောင်းနေစေမယ့် Hairstyle လေးပါ။

အပေါ်ကလိုပုံစံမျိုး မပြင်ချင်တဲ့အခါ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပြီး လူငယ်ဆန်အောင် ဒီလိုလေး တစ်ဝက်စည်းကြည့်နော်။

ဂါဝန်လေးတွေ၊ စကပ်လေးတွေဝတ်တဲ့အခါမှာ ပြင်ဆင်လို့ကောင်းတဲ့ Hairstyle လေးပါ။ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

ကျစ်ဆံမြီးကျစ်ရတာကြိုက်တယ်ဆိုရင် ဒီ Hairstyle လေးအတိုင်းလည်း ကျစ်ပြီးပြင်ကြည့်နော်။ ချစ်ဖို့ကောင်းပါတယ်။

ပူအိုက်တဲ့အချိန်မှာဆိုရင် ကျစ်ဆံမြီးကို တစ်ဖက်ထဲစုပြီး ဒီလိုလေးကျစ်တာက ချစ်ဖို့ကောင်းပါတယ်။ မျက်နှာလည်း ရှင်းရှင်းလေးနဲ့ ပေါ်လွင်စေပါတယ်။

မိန်းကလေးဆန်ဆန်လေးတွေ ဝတ်တဲ့အခါမှာ ကလစ်လေးနှစ်ဖက်ကို ဘေးမှာတပ်တဲ့ ဒီလို Hairstyle လေးကလည်း ချစ်ဖို့ကောင်းတာပါပဲ။

ကျစ်ဆံမြီးကို နှစ်ဖက်ခွဲကျစ်တဲ့အခါ ရိုးရိုးကျစ်တာထက် ထိပ်ကနေယူပြီး ဒီလိုလေးကျစ်တာက ပိုလှသလို ပိုပြီးတော့လည်း လူငယ်ဆန်ဆန်နဲ့ ချစ်ဖို့ကောင်းပါတယ်။

အခုနောက်ပိုင်းမှာ ဖဲကြိုးလေးတွေနဲ့ ဆံပင်ချည်တာလေးတွေက ခေတ်စားနေတာဆိုတော့ ဒီ Hairstyle လေးကိုလည်း ပြင်ကြည့်နော်။ ချစ်ဖို့ကောင်းပြီး လူငယ်ဆန်ပါတယ်။

ပူအိုက်တဲ့အချိန်မှာပြင်ဖို့အတွက် နောက်ထပ် အရမ်းချစ်ဖို့ကောင်းတဲ့ Hairstyle လေးပဲ ဖြစ်ပါတယ်။

Photo source:www.pinterest.com