မိန်းကလေးတိုင်းအတွက် ချစ်ဖို့ကောင်းတဲ့ ခြေသည်းဒီဇိုင်း ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ခြေသည်းပုံဖော်ရတာကို ဝါသနာပါရင်တော့ ဒီခြေသည်းဒီဇိုင်းလေးတွေကို အကြိုက်တွေ့မှာ သေချာပါတယ်။

Mermaid ခြေသည်းဒီဇိုင်းလေးကတော့ မိန်းကလေးတိုင်းကြိုက်မှာပါ။ အရမ်းလည်းလှတာကြောင့် ဒီဇိုင်းဆန်းတာလေး ပုံဖော်ချင်ရင် ဒီခြေသည်းဒီဇိုင်းလေးကို ရွေးချယ်သင့်ပါတယ်။

ခြေသည်းကိုပုံဖော်တာမျိုးမလုပ်ပဲ ဒီလိုအရောင်စုံလေးတွေဆိုးတာလည်း အရမ်းလှပါတယ်။ Gel ဆိုးမယ်ဆိုရင် ဒီလိုလေးတွေဆိုးတာက ပိုပြီးလှပါတယ်။

Matte type မျိုးဆိုးမယ်ဆိုရင်တော့ ဒီလိုခြေသည်းဒီဇိုင်းလေးက ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

ဒီခြေသည်းဒီဇိုင်းလေးဆိုရင် ခြေသည်းရှည်တဲ့သူတွေနဲ့ရော၊ ခြေသည်းမရှည်တဲ့သူတွေနဲ့ပါ လိုက်ဖက်ပါတယ်။ ဒါ့အပြင် အရောင်လေးကလည်း အသားဆောင်တဲ့အရောင်လေးပါ။

ဒီခြေသည်းဒီဇိုင်းလေးကတော့ လူငယ်ကောင်မလေးတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ ကလေးဆန်ပြီး ချစ်ဖို့ကောင်းတဲ့ cute type လေးပါ။

Vintage ခြေသည်းဒီဇိုင်းလေးဖြစ်လို့ vintage style ကြိုက်တဲ့သူတွေ ရွေးချယ်သင့်ပါတယ်။ လူကြီးလူငယ်မရွေးလိုက်ဖက်တဲ့ ဒီဇိုင်းမျိုးလည်း ဖြစ်ပါတယ်။

Mexican-style ခြေသည်းဒီဇိုင်းလေးဖြစ်လို့ ဒီဇိုင်းဆန်းပြီး အရမ်းလှပါတယ်။ ခြေသည်းမှာ ဒီလိုဒီဇိုင်းလေးပုံဖော်ရင် ထင်းပြီးလှနေမှာ သေချာပါတယ်။

Shattered glass effect ဒီဇိုင်းလေးဖြစ်ပြီး ကျောက်စိမ်းရောင်ပါနေလို့ ခြေထောက်ပိုဖြူပြီး လှသွားစေပါတယ်။

အဖြူနဲ့ရွှေရောင်ကိုစပ်ပြီး glitter လေးတွေနဲ့ ပုံဖော်ထားတာကြောင့် ထင်းပြီးလှနေစေပါတယ်။ ဒီလိုဒီဇိုင်းလေးတွေက ခြေသည်းကိုပုံဖော်ရင်လည်းလှသလို လက်သည်းကိုပုံဖော်ရင်လည်း ပွဲတိုးပြီး အရမ်းလှပါတယ်။