ခြေသည်းပုံဖော်ရတာဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ချစ်ဖို့ကောင်းတဲ့ Christmas ခြေသည်းဒီဇိုင်း 10 မျိုးတွေကို မျှဝေပေးလိုက်ပါတယ်။ တစ်နှစ်မှာ တစ်လပဲ Christmas ဒီဇိုင်းလေးတွေ ပုံဖော်ရတာဆိုတော့ ပုံဖော်ကြည့်သင့်တယ်နော်။ တော်တော်များများက လက်သည်းကိုတော့ ပုံဖော်လေ့ရှိကြပေမယ့် ခြေထောက်ကိုတော့ သိပ်ပြီးပုံမဖော်ကြပါဘူး။ ဒါကြောင့် ခြေထောက်ကိုလည်း ပုံဖော်လို့ရအောင် ဒီ Christmas ခြေသည်းဒီဇိုင်းလေးတွေကို ရွေးချယ်လိုက်တော့နော်။

Christmas ဒီဇိုင်းလေးဆိုရင် Santa Claus လေးက မပါမဖြစ်ဆိုတော့ ဒီခြေသည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ကြည့်လိုက်တာနဲ့ထင်းပြီး ချစ်ဖို့ကောင်းပါတယ်။

ဒီဇိုင်းဆန်းတာလေးကြိုက်ရင်တော့ ဒီ Christmas ခြေသည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်ပါ။

ဒီ Christmas ခြေသည်းဒီဇိုင်းလေးကျတော့ Color စုံနဲ့ အမြင်ဆန်းပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ဆို ပိုပြီးလိုက်ဖက်မှာပါ။

အမြင်ဆန်းစေမယ့် နောက်ထပ် Christmas ခြေသည်းဒီဇိုင်းလေးပါ။

Christmas ခြေသည်းဒီဇိုင်းကိုမှ ဒီပုံလေးဆိုရင် အိမ်မှာတောင် ပုံဖော်လို့ရပါသေးတယ်။ ဒီဇိုင်းနဲ့ အရောင်လေးက အမြင်ဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။ အနီရောင်မကြိုက်တဲ့သူတွေ ပုံဖော်သင့်တဲ့ Christmas ခြေသည်းဒီဇိုင်းလေးပါ။

အသားဆောင်ပြီး ချစ်ဖို့ကောင်းတဲ့ Christmas ခြေသည်းဒီဇိုင်းလေးပါ။ ခုနကဒီဇိုင်းနဲ့ အရောင်လေးပဲ ကွဲသွားတာပါ။ ဒါကတော့ အနီရောင်ကြိုက်တဲ့သူတွေအတွက်ပါ။

Christmas ဒီဇိုင်းဆိုရင် Santa Claus ပါတာမျိုး ပုံမဖော်ချင်တော့ဘူးဆိုရင် ဒီခြေသည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်နော်။

ရှင်းရှင်းလေးနဲ့ဆန်းပြီး အရမ်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ Christmas Tree နဲ့ Christmas Wreath ဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။

အနီရောင်မကြိုက်တဲ့သူတွေအတွက် နောက်ထပ် ချစ်ဖို့ကောင်းတဲ့ Christmas ခြေသည်းဒီဇိုင်းလေးပါ။ အရောင်ကအစ ဆန်းပြီး ချစ်ဖို့ကောင်းတယ်နော်။ အသားလည်းဆောင်ပါတယ်။

ခြေသည်းခွံကြီးတယ်ဆိုရင် ဒီခြေသည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ထင်းပြီး အရမ်းလှသလို Christmas Vibe လည်း အပြည့်အဝရစေမယ့် ခြေသည်းဒီဇိုင်းလေး ဖြစ်ပါတယ်။

Photo source:www.pinterest.com